အေဖလိုအစ္ကိုလို ခ်စ္ရတဲ့ ကြယ္လြန္သြားျပီျဖစ္တဲ့ အစ္ကိုျဖစ္သူေရမြန္ရဲ႕ ညီမေလးရင္နဲ႕မဆံ့ေအာင္နာက်င္စြာနဲ႕ေရးသားလာတဲ့ ေရမြန္ရဲ႕အေၾကာင္းေလး

ဘပီ…. မိသားစုထဲမွာ သားအႀကီးေမာင္နမ ၂ေယာက္လုံးက ေမြးလာကတည္းက အေတာင္တဖက္စီ ပဲ့လာသူအခ်င္းခ်င္းမို႔ ကိုယ့္ခံစားခ်က္သူနားလည္သလို သူ႔ခံစားခ်က္တိုင္းလဲနားလည္ေပးတယ္

ငယ္ငယ္ကဆို အေမသီခ်င္းထြက္ဆိုတိုင္း မထိန္းတတ္ထိန္းတတ္နဲ႔ ႏို႔ဘူးေတြေဖ်ာ္အႏွီးေတြလဲနဲ႔ ထိန္းလာေပးတဲ့ အကို

မိစုံဖစုံ နဲ႔ႀကီးပ်င္းလာတာ မဟုတ္တဲ့အတြက္ကိုယ့္မွာ အားကိုးစရာဆိုလို႔ သူပဲရွိခဲ့တယ္အေဖလို အကိုလိုမ်ိဴး ခ်စ္ရတဲ့သူ

သံေယာဇဥ္အရွိဆုံးသူပြဲလမ္းေတြ သြားခ်င္တဲ့အခါတိုင္း အေမ့ကိုခြင့္ေတာင္းေပးပီးအၿမဲလိုက္ပို႔ေပးတယ္အျပန္က်ရင္ေမးတယ္ “ေပ်ာ္လား ျပဴးစိန္ “တဲ့ငါ့ညမက အၿမဲစိတ္ဓာတ္က်တတ္လို႔နင္ေပ်ာ္ဖို႔အေရးႀကီး တယ္ ငါအားရင္လိုက္ပို႔မယ္ဆိုၿပီးေျပာေနက်

အေမနဲ႔ရန္ျဖစ္တိုင္းလဲ ကားနဲ႔လာလာေခၚထုတ္ေပးပီးစိတ္ေပ်ာ္ေအာင္ထားတယ္

ဘာစားမလဲ ဘာလုပ္မလဲအကုန္နားလည္ေပးပီး ႏွစ္သိမ့္တတ္ဆုံးသူမို႔အခုခ်ိန္ပိုခံစားရတယ္

Covid အခ်ိန္ကတည္းက အိမ္ကစီးပြားေရအဆင္မေျပလို႔သူပဲေထာက္ပံ့ခဲ့တာ

အိမ္လခ ေစ်းဖိုးက အစသူ႔ဘက္က ဘယ္ေလာက္အဆင္ေျပေျပ မေျပေျပကိုယ္ေတြကို ထုတ္မေျပာဘူးမရရေအာင္ ရွာေဖြၿပီးလာေပးတတ္တဲ့သူ…

Streamer လုပ္တုန္းကလဲ သူအရမ္းႀကိဳးစားတယ္နဂိုထဲက ဂိမ္းေဆာ့ရ ဝါသနာပါတဲ့သူမို႔ သူနဲ႔အဆင္ေျပတာေပါ့

တခါတေလေတာ့လဲ အရမ္းညည္းတယ္ပင္ပန္းလိုက္တာတဲ့…

ပ်င္းလို႔ေဆာ့တာမ်ိဳးမဟုတ္ပဲ အလုပ္တခု အေနနဲ႔လုပ္ရေတာ့ညလဲမအိပ္ျဖစ္ မ်က္႐ိုးေတြကိုက္နဲ႔ အရမ္းပင္ပန္းရွာတယ္သနားလြန္းလို႔ ဘပီရယ္

အဲ့ေလာက္ႀကီး အလုပ္ေတြဖိမလုပ္ပါနဲ႔နားပါဦးဆိုလဲ “အလုပ္လုပ္မွ ပိုက္ဆံရမွာ ႀကိဳးစားရမယ္ “တဲ့အသက္ 40 ျပည့္ရင္ ဘုန္းႀကီးဝတ္မယ္ဆိုပဲ

ငါဘုန္းႀကီးဝတ္သြားရင္ ငါရွာထားသမွ်အကုန္လုံးက နင္တို႔အတြက္ပဲဆိုပီးေျပာေနၾကလူႀကီးသူ႔အႏြံတာ သူအႏိုင္က်င့္သမွ် အခံဆုံးကလဲ ကိုယ္ပဲ

ရန္ျဖစ္တိုင္းလဲ သူအဆဲဆုံးပဲ သူေျပာေနက်စကား “ငါကအႀကီး ငါ့ကိုဆရာလာမလုပ္နဲ႔ ” x)

အၿမဲတမ္း ရန္ျဖစ္ၿပီးတိုင္း ပန္းစည္းႀကီးယူလာပီးပါးကိုလာနမ္းတယ္ စိတ္မဆိုးနဲ႔ေတာ့ ျပဴးစိန္ ဆိုပီ းအျပင္ထြက္ခါနီးတိုင္းလဲ အေမနဲ႔ညမကို နမ္းပီးမွသြားတတ္တဲ့သူမ်ိဳးတေန႔ကို ဖုန္းတေခါက္ပုံမွန္မေျပာျဖစ္ဘူးအၿမဲ ခ်စ္တယ္ ဆိုၿပီး တဖြဖြမေျပာဘူး ဒါေပမယ့္ သူအရမ္းခ်စ္တယ္ ဆိုတာသိတယ္

ဘပီေရ…. ဘပီႀကိဳက္တဲ့ဟင္းေလးေတြ မီးမီးခ်က္ေကြၽးခ်င္ေသးတယ္

ဘပီ အဝတ္ေတြလဲ ေလ်ာ္ေပးခ်င္ေသးတယ္ ဘပီ စိတ္ဆိုးလို႔ ေအာ္ဆဲတဲ့ အသံေလးလဲၾကားခ်င္ေသးတယ္

ဘပီ ေနမေကာင္းတဲ့အခါတိုင္း ျပဳစုေပးခ်င္ေသးတယ္ ဒီခက္ခဲၾကမ္းတမ္းတဲ့ ကာလႀကီး ၿပီးသြားရင္ မိသားစုကို ဗုဒၶဂါယာဘုရားဖူး လိုက္ပို႔မယ္ဆို?

အခုျဖစ္ေနတာေတြအားလုံးက တကယ္မဟုတ္ရင္ သိပ္ေကာင္းမယ္ဘပီခ်စ္တဲ့ ျပဴးစိန္က ဘပီေလာက္ မသန္မာဘူး မရင့္က်က္ေသးဘူး ဘပီေရ

ဘပီမရွိတဲ့ေနာက္ ဘယ္လိုနည္းနဲ႔ အသက္ရွင္ရမလဲဆိုတာလဲ မေတြးတတ္ေတာ့ဘူးေ နရာခ်င္းလဲေပးလို႔ ရရင္သိပ္ေကာင္းမယ္

ဒီအခ်ိန္မွာ အရာအားလုံးက ကိုယ့္တာဝန္က်လာပီဆိုေတာ့ အေမ့အတြက္ ပိုပိုးေလးအတြက္ ႀကိဳးစားၿပီးေတာ့အသက္ဆက္ရွင္ရဦးမယ္

ေပမယ့္ ဘယ္လိုခြန္အားမ်ိဳးနဲ႔ ဆက္ရပ္တည္ရမလဲဆိုတာ မသိဘူး(ဘပီသိပ္ၾကိဳက္တဲ့ အုန္းထမင္းန႔ဲၾကက္သား)အခုခ်ိန္ဆို ဘပီဘယ္ေရာက္ေနမလဲ??

မီးမိးတို႔ ငိုေနတာေတြ႕ရင္ ဘပီေကာ ဝမ္းနည္းေနမလား??? အေတြးေပါင္းစုံ ဝင္ၿပီး ႐ူးေတာ့မယ္ဘပီရယ္

အျပင္မွာရာသီဥတု သိပ္ေအးတယ္ ရင္ထဲမွာေတာ့ အေတာ္ပူေလာင္ေနတယ္ေ မႀကီးအတြက္ေတာ့ စိတ္ခ်ေနာ္ မီးမီးရွိတယ္

သီခ်င္းေလးအတိုင္းပဲ စိတ္ေျဖာင့္ေျဖာင့္သာ ခ်န္ခဲ့ ပါ သိပ္ခ်စ္တယ္ ငါ့ အက္ို ..

crd -LaPyaeKabyar

unicode

ဘပီ…. မိသားစုထဲမှာ သားအကြီးမောင်နမ ၂ယောက်လုံးက မွေးလာကတည်းက အတောင်တဖက်စီ ပဲ့လာသူအချင်းချင်းမို့ ကိုယ့်ခံစားချက်သူနားလည်သလို သူ့ခံစားချက်တိုင်းလဲနားလည်ပေးတယ်

ငယ်ငယ်ကဆို အမေသီချင်းထွက်ဆိုတိုင်း မထိန်းတတ်ထိန်းတတ်နဲ့ နို့ဘူးတွေဖျော်အနှီးတွေလဲနဲ့ ထိန်းလာပေးတဲ့ အကို

မိစုံဖစုံ နဲ့ကြီးပျင်းလာတာ မဟုတ်တဲ့အတွက်ကိုယ့်မှာ အားကိုးစရာဆိုလို့ သူပဲရှိခဲ့တယ်အဖေလို အကိုလိုမျိူး ချစ်ရတဲ့သူ

သံယောဇဉ်အရှိဆုံးသူပွဲလမ်းတွေ သွားချင်တဲ့အခါတိုင်း အမေ့ကိုခွင့်တောင်းပေးပီးအမြဲလိုက်ပို့ပေးတယ်အပြန်ကျရင်မေးတယ် “ပျော်လား ပြူးစိန် “တဲ့ငါ့ညမက အမြဲစိတ်ဓာတ်ကျတတ်လို့နင်ပျော်ဖို့အရေးကြီး တယ် ငါအားရင်လိုက်ပို့မယ်ဆိုပြီးပြောနေကျ

အမေနဲ့ရန်ဖြစ်တိုင်းလဲ ကားနဲ့လာလာခေါ်ထုတ်ပေးပီးစိတ်ပျော်အောင်ထားတယ်

ဘာစားမလဲ ဘာလုပ်မလဲအကုန်နားလည်ပေးပီး နှစ်သိမ့်တတ်ဆုံးသူမို့အခုချိန်ပိုခံစားရတယ်

Covid အချိန်ကတည်းက အိမ်ကစီးပွားရေအဆင်မပြေလို့သူပဲထောက်ပံ့ခဲ့တာ

အိမ်လခ စျေးဖိုးက အစသူ့ဘက်က ဘယ်လောက်အဆင်ပြေပြေ မပြေပြေကိုယ်တွေကို ထုတ်မပြောဘူးမရရအောင် ရှာဖွေပြီးလာပေးတတ်တဲ့သူ…

Streamer လုပ်တုန်းကလဲ သူအရမ်းကြိုးစားတယ်နဂိုထဲက ဂိမ်းဆော့ရ ဝါသနာပါတဲ့သူမို့ သူနဲ့အဆင်ပြေတာပေါ့

တခါတလေတော့လဲ အရမ်းညည်းတယ်ပင်ပန်းလိုက်တာတဲ့…

ပျင်းလို့ဆော့တာမျိုးမဟုတ်ပဲ အလုပ်တခု အနေနဲ့လုပ်ရတော့ညလဲမအိပ်ဖြစ် မျက်ရိုးတွေကိုက်နဲ့ အရမ်းပင်ပန်းရှာတယ်သနားလွန်းလို့ ဘပီရယ်

အဲ့လောက်ကြီး အလုပ်တွေဖိမလုပ်ပါနဲ့နားပါဦးဆိုလဲ “အလုပ်လုပ်မှ ပိုက်ဆံရမှာ ကြိုးစားရမယ် “တဲ့အသက် 40 ပြည့်ရင် ဘုန်းကြီးဝတ်မယ်ဆိုပဲ

ငါဘုန်းကြီးဝတ်သွားရင် ငါရှာထားသမျှအကုန်လုံးက နင်တို့အတွက်ပဲဆိုပီးပြောနေကြလူကြီးသူ့အနွံတာ သူအနိုင်ကျင့်သမျှ အခံဆုံးကလဲ ကိုယ်ပဲ

ရန်ဖြစ်တိုင်းလဲ သူအဆဲဆုံးပဲ သူပြောနေကျစကား “ငါကအကြီး ငါ့ကိုဆရာလာမလုပ်နဲ့ ” x)

အမြဲတမ်း ရန်ဖြစ်ပြီးတိုင်း ပန်းစည်းကြီးယူလာပီးပါးကိုလာနမ်းတယ် စိတ်မဆိုးနဲ့တော့ ပြူးစိန် ဆိုပီ းအပြင်ထွက်ခါနီးတိုင်းလဲ အမေနဲ့ညမကို နမ်းပီးမှသွားတတ်တဲ့သူမျိုးတနေ့ကို ဖုန်းတခေါက်ပုံမှန်မပြောဖြစ်ဘူးအမြဲ ချစ်တယ် ဆိုပြီး တဖွဖွမပြောဘူး ဒါပေမယ့် သူအရမ်းချစ်တယ် ဆိုတာသိတယ်

ဘပီရေ…. ဘပီကြိုက်တဲ့ဟင်းလေးတွေ မီးမီးချက်ကျွေးချင်သေးတယ်

ဘပီ အဝတ်တွေလဲ လျော်ပေးချင်သေးတယ် ဘပီ စိတ်ဆိုးလို့ အော်ဆဲတဲ့ အသံလေးလဲကြားချင်သေးတယ်

ဘပီ နေမကောင်းတဲ့အခါတိုင်း ပြုစုပေးချင်သေးတယ် ဒီခက်ခဲကြမ်းတမ်းတဲ့ ကာလကြီး ပြီးသွားရင် မိသားစုကို ဗုဒ္ဓဂါယာဘုရားဖူး လိုက်ပို့မယ်ဆို?

အခုဖြစ်နေတာတွေအားလုံးက တကယ်မဟုတ်ရင် သိပ်ကောင်းမယ်ဘပီချစ်တဲ့ ပြူးစိန်က ဘပီလောက် မသန်မာဘူး မရင့်ကျက်သေးဘူး ဘပီရေ

ဘပီမရှိတဲ့နောက် ဘယ်လိုနည်းနဲ့ အသက်ရှင်ရမလဲဆိုတာလဲ မတွေးတတ်တော့ဘူးေ နရာချင်းလဲပေးလို့ ရရင်သိပ်ကောင်းမယ်

ဒီအချိန်မှာ အရာအားလုံးက ကိုယ့်တာဝန်ကျလာပီဆိုတော့ အမေ့အတွက် ပိုပိုးလေးအတွက် ကြိုးစားပြီးတော့အသက်ဆက်ရှင်ရဦးမယ်

ပေမယ့် ဘယ်လိုခွန်အားမျိုးနဲ့ ဆက်ရပ်တည်ရမလဲဆိုတာ မသိဘူး(ဘပီသိပ်ကြိုက်တဲ့ အုန်းထမင်းနဲ့ကြက်သား)အခုချိန်ဆို ဘပီဘယ်ရောက်နေမလဲ??

မီးမိးတို့ ငိုနေတာတွေ့ရင် ဘပီကော ဝမ်းနည်းနေမလား??? အတွေးပေါင်းစုံ ဝင်ပြီး ရူးတော့မယ်ဘပီရယ်

အပြင်မှာရာသီဥတု သိပ်အေးတယ် ရင်ထဲမှာတော့ အတော်ပူလောင်နေတယ်ေ မကြီးအတွက်တော့ စိတ်ချနော် မီးမီးရှိတယ်

သီချင်းလေးအတိုင်းပဲ စိတ်ဖြောင့်ဖြောင့်သာ ချန်ခဲ့ ပါ သိပ်ချစ်တယ် ငါ့ အက်ို ..

crd -LaPyaeKabyar