ဘုန္းဘုန္းေပးတဲ့ မုန႔္ေတြကို အၿပိဳင္အဆိုင္ လာေရာက္ယူကာ ျပဳံးေပ်ာ္ေနၾကတဲ့ စစ္ေဘးေရွာင္ ကေလးငယ္ေတြရဲ့ ဗီဒီယိုဖိုင္ေလး

အခုလက္ရွိျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြေၾကာင့္ ျမန္မာနိုင္ငံအတြင္းက တိုင္းရင္းသား နယ္ၿမိဳ႕ေလးေတြမွာ စစ္ေဘးဒဏ္ကို အေတာ္ေလး ခံစားေနၾကရတာျဖစ္ပါတယ္။ ျပင္းထန္လာတဲ့ တိုက္ပြဲအေျခအေနေတြေၾကာင့္ ေနရပ္စြန႔္ခြာကာ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ေတာေတာင္ေတြထဲက စစ္ေဘးေရွာင္စခန္းေတြမွာ ခိုလႈံေနၾကရတာပါ ။

စစ္ေဘးေရွာင္ ျပည္သူအေရအတြက္ေတြလည္း မ်ားလာကာ တစ္ေန႔တျခား ေထာင္နဲ႔ေသာင္းနဲ႔ခ်ီၿပီး လြတ္ရာသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္ ။

ဒီလိုစစ္ေဘးေရွာင္ ျပည္သူေတြထဲမွာ ကေလးငယ္ေလးေတြ သက္ႀကီးရြယ္အိုေတြ အမ်ားဆုံးေတြ႕ရၿပီး အသက္ေဘးက လြတ္ေျမာက္ရန္ ထြက္ေျပးတိမ္းေရွာင္ၾကရေပမယ့္ အခက္အခဲေတြနဲ႔လည္း အမ်ားဆုံးရင္ဆိုင္ေနၾကရပါတယ္ ။

ျပည္မက ျပည္သူေတြ ၊ ပရဟိတ အသင္းေတြကလည္း သူတို႔ေလးေတြ အတြက္ အစြမ္းကုန္ လိုအပ္တာမ်ား ကို လႉဒါန္းေထာက္ပံ့လ်က္ ရွိပါတယ္ ။

အခုလည္း ပရဟိတ အလုပ္ေတြကို ကိုယ္တိုင္ ဦးစီးလုပ္ေဆာင္ေနတဲ့ ဦးဇင္းတစ္ပါးက ကရင္စစ္ေဘးေရွာင္ကေလးငယ္ေလးေတြ အတြက္ မုန႔္ပဲသေရစာမ်ား သြားေရာက္ ေဝငွခဲ့တာေတြ႕ရပါတယ္ ။

ဗီဒီယိုေလးထဲမွာ မုန႔္ေတြကို လက္ေလးႏွစ္ဖက္ ကမ္းေပးကာ အလုအယက္ လာေရာက္ယူၾကရင္း ေပ်ာ္ရႊင္ေနၾကတဲ့ ကေလးငယ္ေလးေတြရဲ့ ရိုးသားျဖဴစင္တဲ့ အျပဳံးေလးေတြကို ေတြ႕ျမင္ရမွာပါ ။ ပရိသတ္ႀကီးလည္း စစ္ေဘးေရွာင္ ကေလးငယ္ေလးေတြ မုန႔္ရလို႔ ေပ်ာ္ရႊင္ေနၾကပုံေလးေတြကို ၾကည့္ရႈနိုင္ေစရန္ ေဝမၽွေပးလိုက္ပါတယ္ ။

Source & Photo Credit : ေရႊပါရမီ ပညာဒါန – ထိုင္းနိုင္ငံ Facebook Page

unicode

အခုလက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား နယ်မြို့လေးတွေမှာ စစ်ဘေးဒဏ်ကို အတော်လေး ခံစားနေကြရတာဖြစ်ပါတယ်။ ပြင်းထန်လာတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်တွေထဲက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာပါ ။

စစ်ဘေးရှောင် ပြည်သူအရေအတွက်တွေလည်း များလာကာ တစ်နေ့တခြား ထောင်နဲ့သောင်းနဲ့ချီပြီး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ် ။

ဒီလိုစစ်ဘေးရှောင် ပြည်သူတွေထဲမှာ ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေ အများဆုံးတွေ့ရပြီး အသက်ဘေးက လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ကြရပေမယ့် အခက်အခဲတွေနဲ့လည်း အများဆုံးရင်ဆိုင်နေကြရပါတယ် ။

ပြည်မက ပြည်သူတွေ ၊ ပရဟိတ အသင်းတွေကလည်း သူတို့လေးတွေ အတွက် အစွမ်းကုန် လိုအပ်တာများ ကို လှူဒါန်းထောက်ပံ့လျက် ရှိပါတယ် ။

အခုလည်း ပရဟိတ အလုပ်တွေကို ကိုယ်တိုင် ဦးစီးလုပ်ဆောင်နေတဲ့ ဦးဇင်းတစ်ပါးက ကရင်စစ်ဘေးရှောင်ကလေးငယ်လေးတွေ အတွက် မုန့်ပဲသရေစာများ သွားရောက် ဝေငှခဲ့တာတွေ့ရပါတယ် ။

ဗီဒီယိုလေးထဲမှာ မုန့်တွေကို လက်လေးနှစ်ဖက် ကမ်းပေးကာ အလုအယက် လာရောက်ယူကြရင်း ပျော်ရွှင်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ရိုးသားဖြူစင်တဲ့ အပြုံးလေးတွေကို တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီးလည်း စစ်ဘေးရှောင် ကလေးငယ်လေးတွေ မုန့်ရလို့ ပျော်ရွှင်နေကြပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ် ။

Source & Photo Credit : ရွှေပါရမီ ပညာဒါန – ထိုင်းနိုင်ငံ Facebook Page