ျမန္မာနိုင္ငံမွာ ရွိတဲ့ ဗမာလူမ်ိဳး ေပၚေပါက္ လာရျခင္း အေၾကာင္း(လူတိုင္းဖတ္ၾကည့္သင့္ပါတယ္)

ဗမာလူမ်ိဳး ေပၚေပါက္လာပုံ သမိုင္းေၾကာင္း

တိဘက္တို ဘားမန္းလူမ်ိဳးႏြယ္စုႀကီး မွ အႀကီးဆုံးေသာလူမ်ိဳးျဖစ္သည္။ ယေန႔ ျမန္မာႏိုင္ငံ နယ္နိမိတ္အတြင္းသို႔ နာဂ၊ သက္၊ ကမ္းယံ၊

ပ်ဴ တို႔ေနာက္မွ ဝင္ေရာက္လာျခင္းျဖစ္ေသာ္လည္းပ်ဴတို႔ ထူေထာင္သည့္ ပထမျပည္ေထာင္စုကို ေအဒီ ၈ ရာစုတြင္ နန္ေက်ာက္တို႔က

ဖ်က္စီးၿပီးခ်ိန္ မတိုင္မွီက ပင္ ေရာက္ရွိေနထိုင္ေနခဲ့ၿပီးျဖစ္သည္ဟုခန႔္မွန္း၍ရႏိုင္သည္။

ေအဒီ ၁၀ ရာစုမတိုင္မွီ အခ်ိန္ကပင္ ေက်ာက္ဆည္ ၁၁ ခ႐ိုင္တြင္ အေျခခ်ခဲ့ၿပီး ေနာက္မ်ားမၾကာမွီ တြင္ျမစ္သာ ၆ ခ႐ိုင္ ၊ ပုဂံ

ေနျပည္ေတာ္တို႔ကို ထူေထာင္ကာ ဒုတိယျမန္မာျပည္ေထာင္စုကို တည္ေထာင္ခဲ့ၾကသည္။ သို႔ေသာ္ ျမန္မာႏိုင္ငံသားတို႔က

ထိုျပည္ေထာင္စုကိုသာပထမျပည္ေထာင္စုအျဖစ္ လက္ခံၾကသည္။ သမိုင္းတစ္ေလ်ာက္တြင္ မြန္ဂို၊ တ႐ုတ္၊ ယိုးဒယား၊ မြန္၊ ရခိုင္၊ ရွမ္း၊

ကရင္ အစရွိသည့္ အတြင္း၊ အျပင္ရန္အမ်ိဳးမ်ိဳးႏွင့္ႀကဳံတြ႕ခဲ့ဖူးၿပီး အႀကိမ္တိုင္းတြင္ ျပည္ေထာင္စု၏ ဦးေဆာင္သူေနရာကို ဗမာတို႔

ျပန္လည္ကာ ေရာက္ရွိႏိုင္ခဲ့သည္။

အေနာ္ရထာ၏ ပထမျပည္ေထာင္စု(ပထမျမန္မာႏိုင္ငံေတာ္ႀကီး)၊ တပင္ေ႐ႊထီး-ဘုရင့္ေနာင္တို႔ ၏ ဒုတိယျပည္ေထာင္စု (ဒုတိယ

ျမန္မာႏိုင္ငံေတာ္ႀကီး)၊ အေလာင္းဘုရား၏ တတိယျပည္ေထာင္စု (တတိယျမန္မာႏိုင္ငံေတာ္ႀကီး) တို႔ကို တည္ေထာင္ကာ သမိုင္း

တစ္ေလ်ာက္တြင္ ေအာင္ႏိုင္သူမ်ားအျဖစ္ရပ္တည္ႏိုင္ခဲ့သည္။

တတိယျပည္ေထာင္စုေခတ္(ကုန္းေဘာင္ေခတ္)

ပထမ အဂၤလိပ္ – ျမန္မာ စစ္ပြဲ (အဂၤလိပ္တို႔၏ျမန္မာႏိုင္ငံအေပၚ ပထမ က်ဴးေက်ာ္စစ္ပြဲ) အၿပီးတြင္ မဏိပူရ ၊ တနသၤာရီႏွင့္ ရခိုင္ ေဒသ

မ်ားကို အဂၤလိပ္တို႔ထံ ေပးအပ္ခဲ့ရၿပီး ၁၈၈၆ တြင္ ျမန္မာႏိုင္ငံသည္ ၿဗိတိသွ် အင္ပါယာအတြင္းသို႔က်ေရာက္ခဲ့သည္။ ၁၉၃၇ ခုႏွစ္အထိ

ျမန္မာႏိုင္ငံသည္ အိႏၵိယ၏ ျပည္နယ္တစ္ခုအျဖစ္ တည္ရွိခဲ့ၿပီးေနာက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဦးေဆာင္ႀကိဳးပမ္းမႈေၾကာင့္ ၁၉၄၈ ခုႏွစ္

ဇန္နဝါရီလ (၄) ရက္ေန႔တြင္ၿဗိတိသွ် အုပ္ခ်ဳပ္မႈ ေအာက္မွ လြတ္လပ္ေရး ရရွိခဲ့ၿပီး ျမန္မာျပည္ အျဖစ္ျပန္လည္ထူေထာင္ခဲ့သည္။

ေနာက္ ၁၉၆၂ ခုႏွစ္တြင္ ျပည္ေထာင္စုဆိုရွယ္လစ္သမၼတျမန္မာႏိုင္ငံေတာ္ အျဖစ္ ကူးေျပာင္းကာ တစ္ပါတီဗဟိုဦးစီးစနစ္ျဖင့္ အုပ္ခ်ဳပ္ခဲ့

သည္။၂၆ ႏွစ္အၾကာတြင္ တစ္ပါတီစနစ္ပ်က္သုဥ္းၿပီး တပ္မေတာ္မွ ႏိုင္ငံ့အာဏာကို ထိန္းသိမ္းခဲ့သည္။ ၂၀၁ဝ ခုႏွစ္တြင္ ပါတီစုံ

ဒီမိုကေရစီစနစ္သို႔ ကူးေျပာင္းရန္စီမံလ်က္ရွိၿပီး ကုလသမဂၢ ၊အာဆီယံ ၊ WTO စသည့္ အဖြဲ႕အစည္းမ်ားတြင္ ပါဝင္ခဲ့သည္။ ဗမာလူမ်ိဳး

တို႔ဆင္းသက္လာပုံ ျမန္မာႏိုင္ငံအတြင္းသို႔ ဝင္ေရာက္မလာမီ ႏွစ္ေပါင္း၄၀ဝဝေက်ာ္ခန႔္အခ်ိန္က ဗမာလူမ်ိဳး တို႔သည္ တ႐ုတ္ႏိုင္ငံ

အေနာက္ေျမာက္ဖက္ရွိ ကန္စုေဒသ၊ ေထာင္ျမစ္ဝွမ္းတြင္ ေနထိုင္ခဲ့ၾကသည္ဟု ခန႔္မွန္းရသည္။ သက္ေသအေထာက္အထားအားျဖင့္

ဗမာတို႔၏ ဘိုးဘြားမ်ားျဖစ္သည္ဟု ဆိုရန္ခက္သကဲ့သို႔ ျငင္းပယ္ႏိုင္ျခင္းလည္းမရွိေပ။ ေတြ႕ရွိရသည့္ ထိုလူမ်ိဳးစုတို႔၏ က်န္ရစ္ေသာအသုံး

အေဆာင္မ်ားမွာ အေတာ္အတန္ အဆင့္ျမင့္သည့္ ေက်ာက္ေခတ္ေႏွာင္းလက္ရာမ်ိဳးရွိၿပီးေခတ္ၿပိဳင္တ႐ုတ္လက္ရာမ်ားႏွင့္ ေရခ်ိန္

ညီေသာ ယဥ္ေက်းမႈမ်ိဳးရွိသည္ဟု ဆိုႏိုင္သည္။

တ႐ုတ္တို႔၏အင္အားႀကီးမားစြာ နယ္ပယ္ခဲ်႕ထြင္လာမႈမ်ား၊ လူမ်ိဳးစုအခ်င္းအခ်င္း တိုက္ခိုက္မႈမ်ားေၾကာင့္အဆိုပါ လူမ်ိဳးစုသည္

ေတာင္ဖက္ေဒသမ်ားသို႔ ေ႐ြ႕ေျပာင္းလာၾကသည္။ ထိုသို႔ လြတ္လပ္မႈအတြက္ ေ႐ြ႕ေျပာင္းရာတြင္ ေပးဆပ္ရေသာ တန္ဖိုးမွာ

အႏွစ္ ၃၀ဝဝနီးပါးမွ်တိမ္ေကာခဲ့ရသည္ယဥ္ေက်းမႈပင္ျဖစ္ေတာ့သည္။ဆိုလိုသည္မွာ မိမိတို႔လူမ်ိဳးစုလြတ္ေျမာက္ေရးအတြက္ ယဥ္ေက်းမႈ

ကို ပစ္ပယ္ကာ ေရာက္ရာအရပ္မွ ယဥ္ေက်းမႈမ်ားေရာေႏွာလာသည္ကို လက္ခံခဲ့ရျခင္းပင္ျဖစ္သည္။ တနည္းအား ျဖင့္ ပုဂံတြင္ အေျခခ်

သည့္ ေအဒီ ၁၁ရာစုက ဗမာတို႔ယဥ္ေက်းမႈသည္ ေအဒီ ၁၁ရာစု တ႐ုတ္တို႔၏ ယဥ္ေက်းမႈ ႏွင့္ ယဥ္လွ်င္ အဆင့္အတန္းခ်င္းမ်ားစြာ

ကြာျခားခဲ့ေပၿပီ။သို႔ျဖင့္ ခရစ္၇ ရာစုမ်ားအေရာက္တြင္ ထိုလူမ်ိဳးစုသည္ တ႐ုတ္-ျမန္မာနယ္စပ္သို႔ေရာက္လာၿပီျဖစ္ၿပီး တ႐ုတ္မွတ္တမ္း

မ်ားတြင္ မန္းမန္ ဟုေခၚသည့္ လူမ်ိဳးအုပ္စုႀကီး အျဖစ္ တည္ရွိခဲ့သည္။ ထိုအုပ္စုႀကီးအတြင္းမွ မန္ဟုေခၚသည့္ လူမ်ိဳးစုမွ မိမိတို႔အႀကီး

အကဲျဖစ္သူကို မင္း၊မင္းေစာ ဟုေခၚၾကၿပီး စစ္မက္ေရးရာကြၽမ္းက်င္ သူမ်ားျဖစ္လာသည္။ သို႔ေသာ္ ေမႊးျမဴေရးႏွင့္စိုက္ပ်ိဳးေရး လုပ္ငန္းမ်ား

ကိုလည္း ေဆာင္႐ြက္ၾကေၾကာင္းသိရွိရသည္။

ထိုစဥ္ကပင္ အိမ္ၾကက္ကို ေမႊးျမဴေနၿပီျဖစ္သည္ဟု သိရွိ ရသည္။ ထိုလူမ်ိဳးသည္ ထႂကြလုံ႔လရွိၿပီး စစ္ေရးတြင္အလြန္ အားသန္သူမ်ားျဖစ္

သည္ ဟုဆိုသည္။ စစ္ပြဲမ်ားတြင္ လံွႏွင့္ ျမင္းစီးကြၽမ္းက်င္မႈကို အသုံးခ်ကာ တိုက္ခိုက္သည္။ အမ်ိဳးသားမ်ားသာမကအမ်ိဳးသမီးမ်ားပါ

ျမင္းကို ကြၽမ္းက်င္စြာ စီးႏွင္းႏိုင္သည္။ ေလးျမားအတတ္တြင္ က်င္လည္ကာ အဆိပ္လူးျမားျဖင့္လည္းရန္သူကိုတိုက္ခိုက္ေလ့ရွိသည္။

ေျခတံရွည္အိမ္မ်ားတည္ေဆာက္ေနထိုင္သည္။ ေဘာင္းဘီဝတ္ဆင္ေလ့ရွိၿပီးေခါင္းေပါင္းအနီကို ေပါင္းေလ့ရွိေၾကာင္း သိရသည္။

၈ရာစုအေစာပိုင္းကာလမ်ားတြင္ နန္ေက်ာက္တို႔၏ အုပ္စီးမႈကိုခံလာရၿပီး ခရစ္ႏွစ္ ၇၉၄ ခန႔္တြင္ နန္ေက်ာက္လက္ေအာက္ခံျဖစ္ရသည္။

စစ္ေရးကြၽမ္းက်င္မႈေၾကာင့္ နန္ေက်ာက္တို႔၏ အေရွ႕ေတာင္အာရွ ကုန္းေျမအား က်ဴးေက်ာ္စစ္ပြဲမ်ားတြင္ တပ္ဦးမွ အမ်ားဆုံး ပါဝင္ရေလ့ရွိ

သည္။ မန္းမန္စစ္သည္မ်ားသည္ အလြန္တရာ သတၱိရွိၿပီး သစၥာလည္းၿမဲသည္ဟုဆိုေလ့ရွိသည္။ စစ္ပြဲတြင္ မန္းမန္စစ္သည္တစ္ဦးအား

ဖမ္းဆီးရမိ၍ မည္သို႔ပင္႐ိုက္ ႏွက္စစ္ေဆးေစကာမူ မည္သည့္လိွ်ဳ႕ဝွက္ခ်က္ကိုမွ ေျပာ ျပမည္မဟုတ္ဟု ဆိုသည္။

ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လာျခင္း

စစ္တိုက္သန္သူမ်ားျဖစ္ေသာ္လည္း မိမိတို႔ကို အုပ္စီး ထားသည့္ နန္ေက်ာက္မ်ားခိုင္းသကဲ့သို႔ အခ်ိန္ၾကာျမင့္စြာ လွည့္လည္တိုက္ခိုက္ျခင္း

မွာ မျဖစ္ႏိုင္သည္ေၾကာင့္တစ္ေၾကာင္း၊ နဂိုကပင္လြတ္လပ္မႈကိုအေလးထားသည့္လူမ်ိဳးျဖစ္သည္ေၾကာင့္ တစ္ေၾကာင္း ခရစ္ႏွစ္ ၉ ရာစု

မတိုင္မီကပင္ နန္ေက်ာက္အုပ္ခ်ဳပ္သည့္ ျပည္နယ္အတြင္းမွ အုပ္စုလိုက္စတင္ထြက္ခြာလာၾကသည္။ အေရွ႕ေတာင္အာရွတခြင္ေနရာ

ေဒသ အေတာ္မ်ားမ်ားကို ေရာက္ဖူးၿပီးျဖစ္သျဖင့္ မိမိတို႔ႏွင့္ အသင့္ေတာ္ဆုံးျဖစ္မည့္ ေဒသကို ေ႐ြးခ်ယ္ႏိုင္ၿပီျဖစ္သည္။ သို႔ျဖင့္ ပူျပင္း

စိုစြတ္ၿပီး ငွက္ဖ်ားေရာဂါကဲ့သို႔ ေရာဂါဆိုးမ်ိဳးရွိရာ ေဒသမ်ားကို ေရွာင္ ရွားကာ ျမန္မာႏိုင္ငံ၏ဗဟိုေဒသ၊ပူအိုက္ေျခာက္ေသြ႕ကာ

ေရာဂါဘယေဘးကင္းရွင္းသည့္ ေဒသကို ေ႐ြးခ်ယ္အေျခ ခ်ေလေတာ့သည္။

ျမန္မာ့ေျမပထဝီအေနအထားကို သိရွိၿပီးျဖစ္သကဲ့သို႔ မိမိတို႔အားခုခံသူမရွိမည့္လမ္းေၾကာင္းျဖစ္သည့္သံလြင္ ျမစ္ကိုစုန္ဆင္းကာ

ေျမာက္ပိုင္းရွမ္းျပည္နယ္ကိုျဖတ္သန္း ကာ ဗဟိုျမန္မာေဒသကို အေရွ႕ေတာင္ေထာင့္မွ ဝင္ေရာက္ သည္။ထို႔ေနာက္စိုက္ပ်ိဳးေျမေကာင္း

မြန္သည့္ေက်ာက္ဆည္ ႏွင့္ မင္းဘူးေဒသမ်ားကို အရင္ေရာက္ႏွင့္ေသာ မြန္၊သက္ ၊ပေလာင္ ႏွင့္ ပ်ဴတို႔ထံမွ လုယူသည္။(လုယူသည္ဟု

ဆိုရာတြင္ တစ္ၿပိဳင္နက္ စစ္ျပဳ၍ ယူသည္မ်ိဳးရွိႏိုင္သကဲ့သို႔၊ လူဦး ေရအတိုးအပြားေပၚတြင္ အေျချပဳကာဝါးၿမိဳျခင္းလည္း ရွိႏိုင္ပါသည္။)

ထို႔ေနာက္ ဆက္သြယ္ေရး၊ရိကၡာရရွိႏိုင္မႈႏွင့္အေျခအေန အရပ္ရပ္ကို သုံးသပ္ကာ ၿမိဳ႕ေတာ္အျဖစ္အလယ္ဗဟိုတြင္ရွိသည့္ ပုဂံကို

ထူေထာင္သည္။ထိုေနာက္မိမိအရင္လူမ်ိဳးမ်ားျဖစ္သည့္ ပ်ဴ နင့္ မြန္တို႔ထံမွ ဘာသာစကား၊ဘာသာေရးႏွင့္ ယဥ္ေက်းမႈမ်ားကို လက္ခံသုံးစြဲ

လာၾကသည္။ ထို႔ေၾကာင့္ ေအာင္ႏိုင္သူမ်ားသည္ ယဥ္ေက်းမႈျဖင့္ က်ဆုံးၿပီဟု ဆိုရေလာက္ေအာင္ပင္ျဖစ္ေတာ့သည္။

ပေလာင္ႏွင့္ မြန္လူမ်ိဳးမ်ားထံမွ ဆည္ေရေသာက္လယ္ ယာေျမစိုက္ပ်ိဳးနည္းစနစ္ကို ရယူကာစိုက္ပ်ိဳးေရးကိုအႀကီး အက်ယ္တိုးခဲ်႕သည္။

ေတာမ်ားကိုခုတ္ထြင္ရွင္းလင္းကာ စိုက္ပ်ိဳးေျမအျဖစ္ ေဖၚထုတ္သည္။ သို႔ျဖင့္ ေ႐ႊဘို၊မုံ႐ြာ၊ ပခုကၠဴ၊စစ္ကိုင္း ႏွင့္ မႏၲလးအစရွိသည့္ ေဒသ

မ်ားတြင္ လယ္စိုက္ပ်ိဳးၾကၿပီး အျခားေျမဩဇာညံ့ဖ်င္းသည့္အရပ္ မ်ားတြင္ ကြမ္း၊ထန္း အစရွိသည့္ဥယ်ာဥ္ၿခံမ်ားကိုလုပ္ကိုင္ ၾကသည္။

အလြန္မွ ညံ့ဖ်င္းသည့္ ေျမမ်ားတြင္ ေျပာင္း၊ႏွမ္း အစရွိသည္တို႔ကို စိုက္ပ်ိဳးသည္။ ဤသို႔ျဖင့္ ျမန္မာႏိုင္ငံရဲ႕ အလယ္ပိုင္း ေျခာက္ေသြ႕

ေဒသႀကီးတစ္ခုလုံးအားစိုက္ပ်ိဳးေျမ အျဖစ္ ေျပာင္းလဲႏိုင္ခဲ့ျခင္းမွာဗမာတို႔အတြက္အလြန္ပင္ ဂုဏ္ယူဖြယ္ျဖစ္သည့္ ႀကီးမားေသာ

ေအာင္ျမင္မႈပင္ျဖစ္သည္။ စိုက္ပ်ိဳးေရးျဖစ္ထြန္းကာ အေျခတက်ေနထိုင္ခြင့္ရရွိလာၿပီ ျဖစ္သျဖင့္ လူဦးေရမွာလည္း အလ်င္အျမန္ပင္

တိုးပြားလာၿပီး နယ္ပယ္မွာလည္း က်ယ္ျပန႔္လာသည္။

႐ိုးရာယဥ္ေက်းမႈႏွင့္ ဓေလ့ထုံးစံ ၊ ဝတ္စားဆင္ယင္မႈ

ျမန္မာႏိုင္ငံ အထက္ပိုင္းႏွင့္ အလယ္ပိုင္းလြင္ျပင္ေဒသ မ်ားတြင္ အစဥ္အဆက္ ေနထိုင္ၾကသည္။ AD ၁၀ ရာစု ခန႔္စ၍ ဧရာဝတီ ျမစ္႐ိုး

တစ္ေလွ်ာက္တြင္ ၿမိဳ႕ျပမ်ား ထူေထာင္ေနထိုင္ၾကသည္။ ပုဂံ၊ အင္းဝ၊ အမရပူရ၊ စစ္ကိုင္း၊ မႏၲေလးတို႔မွာ ထင္ရွားသည္။ ယေန႔အခ်ိန္မ်ား

တြင္ ဗမာလူမ်ိဳးမွာ ျမန္မာႏိုင္ငံစုစုေပါင္းလူဦးေရ ၆၀ ရာခိုင္ႏႈန္းေက်ာ္ရွိသည္။

ဗမာအမ်ိဳးသမီး မ်ားသည္ ရင္ေစ့ ရွပ္အက်ၤ ီကို ဝတ္ ဆင္ၿပီး ပိုးခ်ည္ေဖာက္ထားေသာ ကြင္းလုံခ်ည္ကို ဝတ္ဆင္၍ပခုံးတြင္ပုဝါလႊား ရင္တစ္

ဘက္တစ္ခ်က္ တြင္ခ်ထားသည္။ ဗမာအမ်ိဳးသမီးမ်ားသည္ဆံပင္ ကိုအထူးဆင္ယင္ထုံးဖြဲ႕ေလ့ရွိသည္။ အမ်ိဳးသားမ်ား မွာ ဦးေခါင္းတြင္

ေခါင္းေပါင္းေပါင္း၍ တိုက္ပုံ ရင္ေစ့ ႏွင့္ ပုဆိုးကို ဝတ္ဆင္ၾကသည္။

ဘာသာ

ဘာသာအယူဝါဒအားျဖင့္အစပထမတြင္မဟာယာနဂိုဏ္း၊ ႐ိုးရာနတ္ႏွင့္ဟိႏၵဴနတ္တို႔ကို ကိုးကြယ္သည္ဟု ေလ့လာသိရွိရပါသည္။

အေနာ္ရထာမင္း လက္ထက္တြင္ထိုအယူကြဲဂိုဏ္းမ်ားကို ႏွိပ္ကြပ္ၿပီး စစ္မွန္သည့္ ေထရဝါဒ(မဟာယာနဂိုဏ္း က ဟိနယာနဟုေခၚ

သည္။) ဗုဒၶဘာသာကို ကိုးကြယ္ရန္ ပ်ိဳးေထာင္ေပးခဲ့သည္။

သို႔ေသာ္သမိုင္းတစ္ေလ်ာက္တြင္မဟာယာန ႏြယ္ေသာ ပြဲေက်ာင္းအေလ့အထမ်ား၊႐ိုးရာနတ္ႏွင့္ဟိႏၵဴဆိုင္ရာ အေလ့အထမ်ားကို

ေညာင္ရမ္းေခတ္အထိ ေတြ႕ရွိခဲ့ ရသည္။ သက္ေသအားျဖင့္ က်န္စစ္သားမင္း နန္းသစ္ တည္ၿပီး နန္းသိမ္းပြဲခံရာတြင္ ဟိႏၵဴနတ္ျဖစ္

သည့္ဗိႆႏိုး နတ္မ်ားကိုပသျခင္း ေတာင္ငူနန္းဆက္တြင္လည္းေတာင္ တြင္းရွင္မုန္ယိုဆရာေတာ္၊ ေညာင္ရမ္းမင္းဆက္၏ ေနာက္ဆုံး

မင္းဆက္မ်ားတြင္ ဗားမဲ့၊ ဗားေမာ့ အစရွိသည့္ မြန္ဆရာေတာ္မ်ားကို ပင့္ဖိတ္ကာ နတ္ေမးေစျခင္းအစရွိ သည္တို႔ကိုေတြ႕ရသည္။

စာေပ

ယေန႔ ျမန္မာစာေပအေရးအသားမွာ ဗမာစာကိုစံထားၿပီး ႐ုံးသုံးစာအျဖစ္၊ ျမန္မာစာအျဖစ္ သတ္မွတ္သည္ ဟုဆိုႏိုင္သည္။ စာေပအေရး

အသား တြင္ ဗမာတို႔သည္ အႏြယ္တူေသာ ပ်ဴတို႔ထံမွ မသင္ယူခဲ့ပဲ ၊ မြန္တို႔ကို ဆရာတင္ခဲ့ၿပီး အကၡရာ အေရးအသားမွာလည္း မြန္တို႔ထံမွ

ရယူသည္။ထို႔ေၾကာင့္ မ်က္ေမွာက္ေခတ္တြင္ ပ်ဴေက်ာက္စာ အႂကြင္းအက်န္မ်ားကို ဖတ္ရႈအဓိပၸာယ္ ေဖာ္ႏိုင္ရန္ခက္ခဲေနရသည္။ ဗမာ

တို႔သည္ ခရစ္ႏွစ္ ၁၁၁၃ မွ ၁၁၇၄ အတြင္း၌ မြန္ယဥ္ေက်းမႈကိုမွီျငမ္းျပဳ၍ သီးျခား ယဥ္ေက်းမႈ တည္ေထာင္ရန္အားထုတ္ေနဆဲ ျဖစ္

ေၾကာင္း ေဒါက္တာသန္းထြန္း၏ ေခတ္ေဟာင္းျမန္မာ့ရာဇဝင္စာ-၂၅၌ ေတြ႕ရသည္။ ဗမာ့သမိုင္းဆရာတို႔ကမူ ဗမာစာသည္ ပ်ဴစာမွ

ဆင္းသက္လာသည္ဟု ယူဆၾကသည္။

ပ်ဴစာမွ ဆင္းသက္႐ိုးမွန္လွ်င္ပ်ဴ စာမွသည္ ဗမာစာျဖစ္လာ ေစရန္ ေခတ္အဆက္ဆက္ ဆင့္ကဲဆင့္ကဲေျပာင္းလဲလာခဲ့ေသာ ၾကားခံစာေပ

မ်ိဳး ရွိရမည္။ ယင္းကဲ့သို႔မရွိခဲ့ေၾကာင္းကို ရာဇကုမာရ္ ေက်ာက္စာက သက္ေသခံလွ်က္ရွိသည္။ ရာဇကုမာရ္ေက်ာက္စာ၌ ပါဠိ၊ ဗမာ၊ ပ်ဴ၊

မြန္ ဟူ၍ စာေပေလးမ်ိဳးျဖင့္ တၿပိဳင္တည္း ေရးထိုးထားသည္ကို ေတြ႕ရွိႏိုင္ပါသည္။ ယင္းေက်ာက္စာမွာအေၾကာင္းအရာ တစ္ခုတည္းကို

စာေပေလးမ်ိဳးျဖင့္ တစ္ေခတ္တည္းတြင္ ေရးထိုးခဲ့ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ဗမာစာသည္ ပ်ဴ စာမွ ဆင္းသက္လာသည္ဟူေသာ အဆိုမွာ

ခိုင္လုံေသာအေထာက္ အထားမဟုတ္ေခ်။ အလားတူစြာ မြန္စာမွဆင္းသက္လာ သည္ဟု ဆိုျပန္ရန္လည္း ယင္းေက်ာက္စာမွာပင္

မြန္စာလည္း ပါရွိေနၿပီးျဖစ္ေသာေၾကာင္းတည္း။ ယေန႔ထိ ပ်ဴေက်ာက္စာ ကိုေကာင္းစြာ ေရေရလည္လည္ဖတ္တတ္သူ ဟူ၍မရွိေသးေခ်။

အဘယ္ေၾကာင့္ဆိုေသာ္ ပ်ဴတို႔သည္ ရခိုင္ႏွင့္ မြန္တို႔ကဲ့သို႔ သီးျခားစာေပျဖင့္ ရပ္တည္ေနထိုင္လာခဲ့ေသာ လူမ်ိဳးမ်ားျဖစ္ေနေသာေၾကာင့္

တည္း။

ေဒါက္တာသန္းထြန္းက သူ၏ေခတ္ေဟာင္း ျမန္မာ့ရာဇဝင္ စာ-၁၂၂ တြင္ ထိုေလးရာစုတြင္ စာေရးနည္းပညာကို ပ်ဴတို႔ ရၾကလွ်က္ မြန္ႏွင့္

ရခိုင္တို႔က ၆ ရာစုတြင္ရေနၿပီးျဖစ္လွ်က္ ေနာင္အခါ ဗမာတို႔က ပ်ဴ၊ မြန္ ႏွစ္ဦးစလုံး ထံမွ နည္းကို မွီလွ်က္ ၁၁ ရာစုတြင္ ထိုပညာကို ရၾက

သည္ဟု မွတ္ယူႏိုင္ သည္ဟူ၍ ေကာက္ခ်က္ခ် ေရးသားခဲ့ပါသည္။

တဖန္ပုဂံေခတ္၊ပင္းယေခတ္၊အင္းဝေခတ္ ေက်ာက္စာမ်ားကို ေသေသခ်ာခ်ာ ေလ့လာၾကည့္ပါက“ရခိုင္သံျဖင့္ေရးသားထား ေသာရခိုင္

စာေပအသုံးအႏူန္းမ်ားကိုသာ ” ေတြ႕ရွိၾကရျပန္သည္။

ထို႔ေၾကာင့္ ဗမာတို႔သည္ ဗမာစာကို ပ်ဴႏွင့္ မြန္တို႔ထံမွ ရသည္ဟူေသာအဆိုကို စဥ္းစားစရာ ျဖစ္လာသည္ . ။

ရခိုင့္အသံ ႏွင့္ ပုဂံေခတ္ဗမာေက်ာက္စာ ကို ႏွိင္းယွဥ္ျခင္း

ရဟန္းသဃၤာ = ရဟန္းသံဃာ

မင္းၾဆာ = မင္းဆရာ

ပင့္သကူ = ပံသကူ

လွိယ္ = ေလွ

အေရွ႕လားေသာ္ = အေရွ႕သြားေသာ္

ဗမာစာေပ တိုးတက္လာေသာ ပထမအင္းဝေခတ္ ကာလ မွာလည္း ျမန္မာျပည္အလယ္ပိုင္း ကို ရွမ္းတို႔ႀကီးစိုးထားခ်ိန္ျဖစ္သျဖင့္ ဗမာစာ

တိုးတက္လာ ျခင္းသည္ ရွမ္းတို႔ရဲ႕ ေက်းဇူး လည္း ပါဝင္သည္။

ထို႔ေၾကာင့္ ဗမာစာ သည္ ဗမာလူမ်ိဴးတို႔ရဲ႕ စာေပ ဟု ဆိုျခင္းထက္ ျမန္မာျပည္ေထာင္စုသားအားလုံးတို႔ရဲ႕အမ်ားပိုင္ ဘုံ စာေပ အေရး

အသား ဟု ဆိုရေပမည္။

Credit: ဖိုးသူေတာ္

unicode

ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း

တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊

ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က

ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။

အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ

နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က

ထိုပြည်ထောင်စုကိုသာပထမပြည်ထောင်စုအဖြစ် လက်ခံကြသည်။ သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊

ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့

ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။

အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ

မြန်မာနိုင်ငံတော်ကြီး)၊ အလောင်းဘုရား၏ တတိယပြည်ထောင်စု (တတိယမြန်မာနိုင်ငံတော်ကြီး) တို့ကို တည်ထောင်ကာ သမိုင်း

တစ်လျောက်တွင် အောင်နိုင်သူများအဖြစ်ရပ်တည်နိုင်ခဲ့သည်။

တတိယပြည်ထောင်စုခေတ်(ကုန်းဘောင်ခေတ်)

ပထမ အင်္ဂလိပ် – မြန်မာ စစ်ပွဲ (အင်္ဂလိပ်တို့၏မြန်မာနိုင်ငံအပေါ် ပထမ ကျူးကျော်စစ်ပွဲ) အပြီးတွင် မဏိပူရ ၊ တနင်္သာရီနှင့် ရခိုင် ဒေသ

များကို အင်္ဂလိပ်တို့ထံ ပေးအပ်ခဲ့ရပြီး ၁၈၈၆ တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ အင်ပါယာအတွင်းသို့ကျရောက်ခဲ့သည်။ ၁၉၃၇ ခုနှစ်အထိ

မြန်မာနိုင်ငံသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ်

ဇန်နဝါရီလ (၄) ရက်နေ့တွင်ဗြိတိသျှ အုပ်ချုပ်မှု အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး မြန်မာပြည် အဖြစ်ပြန်လည်ထူထောင်ခဲ့သည်။

နောက် ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အဖြစ် ကူးပြောင်းကာ တစ်ပါတီဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့

သည်။၂၆ နှစ်အကြာတွင် တစ်ပါတီစနစ်ပျက်သုဉ်းပြီး တပ်မတော်မှ နိုင်ငံ့အာဏာကို ထိန်းသိမ်းခဲ့သည်။ ၂၀၁ဝ ခုနှစ်တွင် ပါတီစုံ

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန်စီမံလျက်ရှိပြီး ကုလသမဂ္ဂ ၊အာဆီယံ ၊ WTO စသည့် အဖွဲ့အစည်းများတွင် ပါဝင်ခဲ့သည်။ ဗမာလူမျိုး

တို့ဆင်းသက်လာပုံ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မလာမီ နှစ်ပေါင်း၄ဝဝဝကျော်ခန့်အချိန်က ဗမာလူမျိုး တို့သည် တရုတ်နိုင်ငံ

အနောက်မြောက်ဖက်ရှိ ကန်စုဒေသ၊ ထောင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ သက်သေအထောက်အထားအားဖြင့်

ဗမာတို့၏ ဘိုးဘွားများဖြစ်သည်ဟု ဆိုရန်ခက်သကဲ့သို့ ငြင်းပယ်နိုင်ခြင်းလည်းမရှိပေ။ တွေ့ရှိရသည့် ထိုလူမျိုးစုတို့၏ ကျန်ရစ်သောအသုံး

အဆောင်များမှာ အတော်အတန် အဆင့်မြင့်သည့် ကျောက်ခေတ်နှောင်းလက်ရာမျိုးရှိပြီးခေတ်ပြိုင်တရုတ်လက်ရာများနှင့် ရေချိန်

ညီသော ယဉ်ကျေးမှုမျိုးရှိသည်ဟု ဆိုနိုင်သည်။

တရုတ်တို့၏အင်အားကြီးမားစွာ နယ်ပယ်ချဲ့ထွင်လာမှုများ၊ လူမျိုးစုအချင်းအချင်း တိုက်ခိုက်မှုများကြောင့်အဆိုပါ လူမျိုးစုသည်

တောင်ဖက်ဒေသများသို့ ရွေ့ပြောင်းလာကြသည်။ ထိုသို့ လွတ်လပ်မှုအတွက် ရွေ့ပြောင်းရာတွင် ပေးဆပ်ရသော တန်ဖိုးမှာ

အနှစ် ၃ဝဝဝနီးပါးမျှတိမ်ကောခဲ့ရသည်ယဉ်ကျေးမှုပင်ဖြစ်တော့သည်။ဆိုလိုသည်မှာ မိမိတို့လူမျိုးစုလွတ်မြောက်ရေးအတွက် ယဉ်ကျေးမှု

ကို ပစ်ပယ်ကာ ရောက်ရာအရပ်မှ ယဉ်ကျေးမှုများရောနှောလာသည်ကို လက်ခံခဲ့ရခြင်းပင်ဖြစ်သည်။ တနည်းအား ဖြင့် ပုဂံတွင် အခြေချ

သည့် အေဒီ ၁၁ရာစုက ဗမာတို့ယဉ်ကျေးမှုသည် အေဒီ ၁၁ရာစု တရုတ်တို့၏ ယဉ်ကျေးမှု နှင့် ယဉ်လျှင် အဆင့်အတန်းချင်းများစွာ

ကွာခြားခဲ့ပေပြီ။သို့ဖြင့် ခရစ်ရ ရာစုများအရောက်တွင် ထိုလူမျိုးစုသည် တရုတ်-မြန်မာနယ်စပ်သို့ရောက်လာပြီဖြစ်ပြီး တရုတ်မှတ်တမ်း

များတွင် မန်းမန် ဟုခေါ်သည့် လူမျိုးအုပ်စုကြီး အဖြစ် တည်ရှိခဲ့သည်။ ထိုအုပ်စုကြီးအတွင်းမှ မန်ဟုခေါ်သည့် လူမျိုးစုမှ မိမိတို့အကြီး

အကဲဖြစ်သူကို မင်း၊မင်းစော ဟုခေါ်ကြပြီး စစ်မက်ရေးရာကျွမ်းကျင် သူများဖြစ်လာသည်။ သို့သော် မွှေးမြူရေးနှင့်စိုက်ပျိုးရေး လုပ်ငန်းများ

ကိုလည်း ဆောင်ရွက်ကြကြောင်းသိရှိရသည်။

ထိုစဉ်ကပင် အိမ်ကြက်ကို မွှေးမြူနေပြီဖြစ်သည်ဟု သိရှိ ရသည်။ ထိုလူမျိုးသည် ထကြွလုံ့လရှိပြီး စစ်ရေးတွင်အလွန် အားသန်သူများဖြစ်

သည် ဟုဆိုသည်။ စစ်ပွဲများတွင် လှံနှင့် မြင်းစီးကျွမ်းကျင်မှုကို အသုံးချကာ တိုက်ခိုက်သည်။ အမျိုးသားများသာမကအမျိုးသမီးများပါ

မြင်းကို ကျွမ်းကျင်စွာ စီးနှင်းနိုင်သည်။ လေးမြားအတတ်တွင် ကျင်လည်ကာ အဆိပ်လူးမြားဖြင့်လည်းရန်သူကိုတိုက်ခိုက်လေ့ရှိသည်။

ခြေတံရှည်အိမ်များတည်ဆောက်နေထိုင်သည်။ ဘောင်းဘီဝတ်ဆင်လေ့ရှိပြီးခေါင်းပေါင်းအနီကို ပေါင်းလေ့ရှိကြောင်း သိရသည်။

၈ရာစုအစောပိုင်းကာလများတွင် နန်ကျောက်တို့၏ အုပ်စီးမှုကိုခံလာရပြီး ခရစ်နှစ် ၇၉၄ ခန့်တွင် နန်ကျောက်လက်အောက်ခံဖြစ်ရသည်။

စစ်ရေးကျွမ်းကျင်မှုကြောင့် နန်ကျောက်တို့၏ အရှေ့တောင်အာရှ ကုန်းမြေအား ကျူးကျော်စစ်ပွဲများတွင် တပ်ဦးမှ အများဆုံး ပါဝင်ရလေ့ရှိ

သည်။ မန်းမန်စစ်သည်များသည် အလွန်တရာ သတ္တိရှိပြီး သစ္စာလည်းမြဲသည်ဟုဆိုလေ့ရှိသည်။ စစ်ပွဲတွင် မန်းမန်စစ်သည်တစ်ဦးအား

ဖမ်းဆီးရမိ၍ မည်သို့ပင်ရိုက် နှက်စစ်ဆေးစေကာမူ မည်သည့်လျှို့ဝှက်ချက်ကိုမှ ပြော ပြမည်မဟုတ်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း

စစ်တိုက်သန်သူများဖြစ်သော်လည်း မိမိတို့ကို အုပ်စီး ထားသည့် နန်ကျောက်များခိုင်းသကဲ့သို့ အချိန်ကြာမြင့်စွာ လှည့်လည်တိုက်ခိုက်ခြင်း

မှာ မဖြစ်နိုင်သည်ကြောင့်တစ်ကြောင်း၊ နဂိုကပင်လွတ်လပ်မှုကိုအလေးထားသည့်လူမျိုးဖြစ်သည်ကြောင့် တစ်ကြောင်း ခရစ်နှစ် ၉ ရာစု

မတိုင်မီကပင် နန်ကျောက်အုပ်ချုပ်သည့် ပြည်နယ်အတွင်းမှ အုပ်စုလိုက်စတင်ထွက်ခွာလာကြသည်။ အရှေ့တောင်အာရှတခွင်နေရာ

ဒေသ အတော်များများကို ရောက်ဖူးပြီးဖြစ်သဖြင့် မိမိတို့နှင့် အသင့်တော်ဆုံးဖြစ်မည့် ဒေသကို ရွေးချယ်နိုင်ပြီဖြစ်သည်။ သို့ဖြင့် ပူပြင်း

စိုစွတ်ပြီး ငှက်ဖျားရောဂါကဲ့သို့ ရောဂါဆိုးမျိုးရှိရာ ဒေသများကို ရှောင် ရှားကာ မြန်မာနိုင်ငံ၏ဗဟိုဒေသ၊ပူအိုက်ခြောက်သွေ့ကာ

ရောဂါဘယဘေးကင်းရှင်းသည့် ဒေသကို ရွေးချယ်အခြေ ချလေတော့သည်။

မြန်မာ့မြေပထဝီအနေအထားကို သိရှိပြီးဖြစ်သကဲ့သို့ မိမိတို့အားခုခံသူမရှိမည့်လမ်းကြောင်းဖြစ်သည့်သံလွင် မြစ်ကိုစုန်ဆင်းကာ

မြောက်ပိုင်းရှမ်းပြည်နယ်ကိုဖြတ်သန်း ကာ ဗဟိုမြန်မာဒေသကို အရှေ့တောင်ထောင့်မှ ဝင်ရောက် သည်။ထို့နောက်စိုက်ပျိုးမြေကောင်း

မွန်သည့်ကျောက်ဆည် နှင့် မင်းဘူးဒေသများကို အရင်ရောက်နှင့်သော မွန်၊သက် ၊ပလောင် နှင့် ပျူတို့ထံမှ လုယူသည်။(လုယူသည်ဟု

ဆိုရာတွင် တစ်ပြိုင်နက် စစ်ပြု၍ ယူသည်မျိုးရှိနိုင်သကဲ့သို့၊ လူဦး ရေအတိုးအပွားပေါ်တွင် အခြေပြုကာဝါးမြိုခြင်းလည်း ရှိနိုင်ပါသည်။)

ထို့နောက် ဆက်သွယ်ရေး၊ရိက္ခာရရှိနိုင်မှုနှင့်အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ မြို့တော်အဖြစ်အလယ်ဗဟိုတွင်ရှိသည့် ပုဂံကို

ထူထောင်သည်။ထိုနောက်မိမိအရင်လူမျိုးများဖြစ်သည့် ပျူ နင့် မွန်တို့ထံမှ ဘာသာစကား၊ဘာသာရေးနှင့် ယဉ်ကျေးမှုများကို လက်ခံသုံးစွဲ

လာကြသည်။ ထို့ကြောင့် အောင်နိုင်သူများသည် ယဉ်ကျေးမှုဖြင့် ကျဆုံးပြီဟု ဆိုရလောက်အောင်ပင်ဖြစ်တော့သည်။

ပလောင်နှင့် မွန်လူမျိုးများထံမှ ဆည်ရေသောက်လယ် ယာမြေစိုက်ပျိုးနည်းစနစ်ကို ရယူကာစိုက်ပျိုးရေးကိုအကြီး အကျယ်တိုးချဲ့သည်။

တောများကိုခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေအဖြစ် ဖေါ်ထုတ်သည်။ သို့ဖြင့် ရွှေဘို၊မုံရွာ၊ ပခုက္ကူ၊စစ်ကိုင်း နှင့် မန္တလးအစရှိသည့် ဒေသ

များတွင် လယ်စိုက်ပျိုးကြပြီး အခြားမြေဩဇာညံ့ဖျင်းသည့်အရပ် များတွင် ကွမ်း၊ထန်း အစရှိသည့်ဥယျာဉ်ခြံများကိုလုပ်ကိုင် ကြသည်။

အလွန်မှ ညံ့ဖျင်းသည့် မြေများတွင် ပြောင်း၊နှမ်း အစရှိသည်တို့ကို စိုက်ပျိုးသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း ခြောက်သွေ့

ဒေသကြီးတစ်ခုလုံးအားစိုက်ပျိုးမြေ အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမှာဗမာတို့အတွက်အလွန်ပင် ဂုဏ်ယူဖွယ်ဖြစ်သည့် ကြီးမားသော

အောင်မြင်မှုပင်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်ထွန်းကာ အခြေတကျနေထိုင်ခွင့်ရရှိလာပြီ ဖြစ်သဖြင့် လူဦးရေမှာလည်း အလျင်အမြန်ပင်

တိုးပွားလာပြီး နယ်ပယ်မှာလည်း ကျယ်ပြန့်လာသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ၊ ဝတ်စားဆင်ယင်မှု

မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသ များတွင် အစဉ်အဆက် နေထိုင်ကြသည်။ AD ၁၀ ရာစု ခန့်စ၍ ဧရာဝတီ မြစ်ရိုး

တစ်လျှောက်တွင် မြို့ပြများ ထူထောင်နေထိုင်ကြသည်။ ပုဂံ၊ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မန္တလေးတို့မှာ ထင်ရှားသည်။ ယနေ့အချိန်များ

တွင် ဗမာလူမျိုးမှာ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။

ဗမာအမျိုးသမီး များသည် ရင်စေ့ ရှပ်အကျင်္ ီကို ဝတ် ဆင်ပြီး ပိုးချည်ဖောက်ထားသော ကွင်းလုံချည်ကို ဝတ်ဆင်၍ပခုံးတွင်ပုဝါလွှား ရင်တစ်

ဘက်တစ်ချက် တွင်ချထားသည်။ ဗမာအမျိုးသမီးများသည်ဆံပင် ကိုအထူးဆင်ယင်ထုံးဖွဲ့လေ့ရှိသည်။ အမျိုးသားများ မှာ ဦးခေါင်းတွင်

ခေါင်းပေါင်းပေါင်း၍ တိုက်ပုံ ရင်စေ့ နှင့် ပုဆိုးကို ဝတ်ဆင်ကြသည်။

ဘာသာ

ဘာသာအယူဝါဒအားဖြင့်အစပထမတွင်မဟာယာနဂိုဏ်း၊ ရိုးရာနတ်နှင့်ဟိန္ဒူနတ်တို့ကို ကိုးကွယ်သည်ဟု လေ့လာသိရှိရပါသည်။

အနော်ရထာမင်း လက်ထက်တွင်ထိုအယူကွဲဂိုဏ်းများကို နှိပ်ကွပ်ပြီး စစ်မှန်သည့် ထေရဝါဒ(မဟာယာနဂိုဏ်း က ဟိနယာနဟုခေါ်

သည်။) ဗုဒ္ဓဘာသာကို ကိုးကွယ်ရန် ပျိုးထောင်ပေးခဲ့သည်။

သို့သော်သမိုင်းတစ်လျောက်တွင်မဟာယာန နွယ်သော ပွဲကျောင်းအလေ့အထများ၊ရိုးရာနတ်နှင့်ဟိန္ဒူဆိုင်ရာ အလေ့အထများကို

ညောင်ရမ်းခေတ်အထိ တွေ့ရှိခဲ့ ရသည်။ သက်သေအားဖြင့် ကျန်စစ်သားမင်း နန်းသစ် တည်ပြီး နန်းသိမ်းပွဲခံရာတွင် ဟိန္ဒူနတ်ဖြစ်

သည့်ဗိဿနိုး နတ်များကိုပသခြင်း တောင်ငူနန်းဆက်တွင်လည်းတောင် တွင်းရှင်မုန်ယိုဆရာတော်၊ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံး

မင်းဆက်များတွင် ဗားမဲ့၊ ဗားမော့ အစရှိသည့် မွန်ဆရာတော်များကို ပင့်ဖိတ်ကာ နတ်မေးစေခြင်းအစရှိ သည်တို့ကိုတွေ့ရသည်။

စာပေ

ယနေ့ မြန်မာစာပေအရေးအသားမှာ ဗမာစာကိုစံထားပြီး ရုံးသုံးစာအဖြစ်၊ မြန်မာစာအဖြစ် သတ်မှတ်သည် ဟုဆိုနိုင်သည်။ စာပေအရေး

အသား တွင် ဗမာတို့သည် အနွယ်တူသော ပျူတို့ထံမှ မသင်ယူခဲ့ပဲ ၊ မွန်တို့ကို ဆရာတင်ခဲ့ပြီး အက္ခရာ အရေးအသားမှာလည်း မွန်တို့ထံမှ

ရယူသည်။ထို့ကြောင့် မျက်မှောက်ခေတ်တွင် ပျူကျောက်စာ အကြွင်းအကျန်များကို ဖတ်ရှုအဓိပ္ပာယ် ဖော်နိုင်ရန်ခက်ခဲနေရသည်။ ဗမာ

တို့သည် ခရစ်နှစ် ၁၁၁၃ မှ ၁၁၇၄ အတွင်း၌ မွန်ယဉ်ကျေးမှုကိုမှီငြမ်းပြု၍ သီးခြား ယဉ်ကျေးမှု တည်ထောင်ရန်အားထုတ်နေဆဲ ဖြစ်

ကြောင်း ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ရာဇဝင်စာ-၂၅၌ တွေ့ရသည်။ ဗမာ့သမိုင်းဆရာတို့ကမူ ဗမာစာသည် ပျူစာမှ

ဆင်းသက်လာသည်ဟု ယူဆကြသည်။

ပျူစာမှ ဆင်းသက်ရိုးမှန်လျှင်ပျူ စာမှသည် ဗမာစာဖြစ်လာ စေရန် ခေတ်အဆက်ဆက် ဆင့်ကဲဆင့်ကဲပြောင်းလဲလာခဲ့သော ကြားခံစာပေ

မျိုး ရှိရမည်။ ယင်းကဲ့သို့မရှိခဲ့ကြောင်းကို ရာဇကုမာရ် ကျောက်စာက သက်သေခံလျှက်ရှိသည်။ ရာဇကုမာရ်ကျောက်စာ၌ ပါဠိ၊ ဗမာ၊ ပျူ၊

မွန် ဟူ၍ စာပေလေးမျိုးဖြင့် တပြိုင်တည်း ရေးထိုးထားသည်ကို တွေ့ရှိနိုင်ပါသည်။ ယင်းကျောက်စာမှာအကြောင်းအရာ တစ်ခုတည်းကို

စာပေလေးမျိုးဖြင့် တစ်ခေတ်တည်းတွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ဗမာစာသည် ပျူ စာမှ ဆင်းသက်လာသည်ဟူသော အဆိုမှာ

ခိုင်လုံသောအထောက် အထားမဟုတ်ချေ။ အလားတူစွာ မွန်စာမှဆင်းသက်လာ သည်ဟု ဆိုပြန်ရန်လည်း ယင်းကျောက်စာမှာပင်

မွန်စာလည်း ပါရှိနေပြီးဖြစ်သောကြောင်းတည်း။ ယနေ့ထိ ပျူကျောက်စာ ကိုကောင်းစွာ ရေရေလည်လည်ဖတ်တတ်သူ ဟူ၍မရှိသေးချေ။

အဘယ်ကြောင့်ဆိုသော် ပျူတို့သည် ရခိုင်နှင့် မွန်တို့ကဲ့သို့ သီးခြားစာပေဖြင့် ရပ်တည်နေထိုင်လာခဲ့သော လူမျိုးများဖြစ်နေသောကြောင့်

တည်း။

ဒေါက်တာသန်းထွန်းက သူ၏ခေတ်ဟောင်း မြန်မာ့ရာဇဝင် စာ-၁၂၂ တွင် ထိုလေးရာစုတွင် စာရေးနည်းပညာကို ပျူတို့ ရကြလျှက် မွန်နှင့်

ရခိုင်တို့က ၆ ရာစုတွင်ရနေပြီးဖြစ်လျှက် နောင်အခါ ဗမာတို့က ပျူ၊ မွန် နှစ်ဦးစလုံး ထံမှ နည်းကို မှီလျှက် ၁၁ ရာစုတွင် ထိုပညာကို ရကြ

သည်ဟု မှတ်ယူနိုင် သည်ဟူ၍ ကောက်ချက်ချ ရေးသားခဲ့ပါသည်။

တဖန်ပုဂံခေတ်၊ပင်းယခေတ်၊အင်းဝခေတ် ကျောက်စာများကို သေသေချာချာ လေ့လာကြည့်ပါက“ရခိုင်သံဖြင့်ရေးသားထား သောရခိုင်

စာပေအသုံးအနူန်းများကိုသာ ” တွေ့ရှိကြရပြန်သည်။

ထို့ကြောင့် ဗမာတို့သည် ဗမာစာကို ပျူနှင့် မွန်တို့ထံမှ ရသည်ဟူသောအဆိုကို စဉ်းစားစရာ ဖြစ်လာသည် . ။

ရခိုင့်အသံ နှင့် ပုဂံခေတ်ဗမာကျောက်စာ ကို နှိင်းယှဉ်ခြင်း

ရဟန်းသင်္ဃာ = ရဟန်းသံဃာ

မင်းဆြာ = မင်းဆရာ

ပင့်သကူ = ပံသကူ

လှိယ် = လှေ

အရှေ့လားသော် = အရှေ့သွားသော်

ဗမာစာပေ တိုးတက်လာသော ပထမအင်းဝခေတ် ကာလ မှာလည်း မြန်မာပြည်အလယ်ပိုင်း ကို ရှမ်းတို့ကြီးစိုးထားချိန်ဖြစ်သဖြင့် ဗမာစာ

တိုးတက်လာ ခြင်းသည် ရှမ်းတို့ရဲ့ ကျေးဇူး လည်း ပါဝင်သည်။

ထို့ကြောင့် ဗမာစာ သည် ဗမာလူမျိူးတို့ရဲ့ စာပေ ဟု ဆိုခြင်းထက် မြန်မာပြည်ထောင်စုသားအားလုံးတို့ရဲ့အများပိုင် ဘုံ စာပေ အရေး

အသား ဟု ဆိုရပေမည်။

Credit: ဖိုးသူတော်