ဒီေန႕ ကြယ္လြန္သူ ေရမြန္ရဲ႕ ရက္လည္ေန႕ေလးမွာ သူရဲ႕အေၾကာင္းေတြေျပာျပလာတဲ့ ဦးဇင္းတစ္ပါး

ဒီေန႕ ကြယ္လြန္သူ ေရမြန္ရဲ႕ ရက္လည္ေန႕ေလးမွာ သူရဲ႕အေၾကာင္းေတြေျပာျပလာတဲ့ ဦးဇင္းတစ္ပါး

အဆိုေတာ္ ေရမြန္တစ္ေယာက္ ကြယ္လြန္သြားတဲ့ သတင္းက အခုထိ ဘယ္သူမွ မယုံနိုင္ေလာက္ေအာင္ပါပဲေနာ္။ လူမႈကြန္ရက္ စာမ်က္ႏွာေတြ ထက္မွာလည္း သူ႔ကို ခ်စ္တဲ့ အေယာက္စီတိုင္း ဝမ္းနည္းေၾကာင္းေတြ အမွတ္တရ ျဖစ္ရပ္ေလးေတြ ေရးသားေဖာ္ၿပ ခဲ့ၾကပါတယ္ ။

တစ္ခ်ိဳ႕ ပရိသတ္ေတြဆို သူတို႔ရဲ့ ခႏၶာကိုယ္ေပၚမွာ ေရမြန္နဲ႔ ပတ္သက္ၿပီး အမွတ္တရေလးေတြကို တက္တူး ေရးထိုးၾကတဲ့ အထိပါပဲ ။

ဒါအျပင္ မၾကာခင္ရက္ပိုင္းကဆိုရင္လည္း အလႉရွင္ေတြ စုေပါင္းၿပီး ေရမြန္အတြက္ ရည္စူးကာ ကင္းမေက်းရႊာက ေဒသခံေတြကို အလႉေငြမ်ား လႉဒါန္းခဲ့ပါေသးတယ္။

ဒီေန႔ ဇြန္လ ( ၂၉ ) ရက္ေန႔ကေတာ့ ေရမြန္ရဲ့ ရက္လည္ေန႔ေလးျဖစ္ပါတယ္ ။ ရက္လည္ေန႔ မွာ ခင္မင္ရတဲ့ အႏုပညာေမာင္ႏွမေတြ အျပင္ ပရိသတ္အခ်ိဳ႕က ဝမ္းနည္းေၾကကြဲ စြာ ျဖင့္ သူေနထိုင္ခဲ့တဲ့ တိုက္ခန္းေလးကို သြားေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္ ။

တစ္ခ်ိဳ႕ကလည္း ေရမြန္အတြက္ ရက္လည္ေန႔မွာ ေကာင္းမႈကုသိုလ္ေတြ မ်ားစြာျပဳလုပ္ေပးခဲ့ၾကတာကို ေတြ႕ရပါတယ္ ။

အခုလည္း ဦးဇင္းတစ္ပါးက ေရမြန္ရဲ့ ရက္လည္ေန႔မွာ ေကာင္းမႈကုသိုလ္ေတြ မ်ားစြာျပဳလုပ္ေပးရင္း ေရမြန္ရဲ့ ဘာသာတရား ကိုင္းရွိုင္းပုံအေၾကာင္းေလးကို ” တရားနာရင္အျမဲေလးေလးစားစား နာယူတက္တဲ့ဘပီ Wai Mon Oo ဒီေန႔သူ႔ရက္လည္မွာသံဃာေတာ္ေတြဆြမ္းကပ္ Nicobar coffee snack မွာ ယေန႔ႂကြလာသမၽွသံဃာေတာ္မ်ားအားလုံး ဘပီကိုရည္စူးၿပီး အခမဲ့လႉဒါန္းေပးပါတယ္ဘပီေရ ကုသိုလ္အားလုံးအမၽွမၽွေပးေဝပါ၏။

ကူညီေပးတဲ့ဒကာႀကီ Saw Naing Myint ေက်းဇူးတင္ပါတယ္။ ဘပီနဲ႔ပုံေတြတင္တာစိတ္မရွိပါနဲ႔ အျခားဘ၀တစ္ခုမွာလြပ္လပ္စြာပ်ံသန္းပါငွက္ငယ္ ” ဆိုၿပီး အမွတ္တရ ပုံရိပ္ေလးေတြနဲ႔အတူ ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း ၾကည့္ရႈနိုင္ေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Source & Photo Credit : U Arrseinna Facebook Account

unicode

ဒီနေ့ ကွယ်လွန်သူ ရေမွန်ရဲ့ ရက်လည်နေ့လေးမှာ သူရဲ့အကြောင်းတွေပြောပြလာတဲ့ ဦးဇင်းတစ်ပါး

အဆိုတော် ရေမွန်တစ်ယောက် ကွယ်လွန်သွားတဲ့ သတင်းက အခုထိ ဘယ်သူမှ မယုံနိုင်လောက်အောင်ပါပဲနော်။ လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာလည်း သူ့ကို ချစ်တဲ့ အယောက်စီတိုင်း ဝမ်းနည်းကြောင်းတွေ အမှတ်တရ ဖြစ်ရပ်လေးတွေ ရေးသားဖော်ပြ ခဲ့ကြပါတယ် ။

တစ်ချို့ ပရိသတ်တွေဆို သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေမွန်နဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေကို တက်တူး ရေးထိုးကြတဲ့ အထိပါပဲ ။

ဒါအပြင် မကြာခင်ရက်ပိုင်းကဆိုရင်လည်း အလှူရှင်တွေ စုပေါင်းပြီး ရေမွန်အတွက် ရည်စူးကာ ကင်းမကျေးရွှာက ဒေသခံတွေကို အလှူငွေများ လှူဒါန်းခဲ့ပါသေးတယ်။

ဒီနေ့ ဇွန်လ ( ၂၉ ) ရက်နေ့ကတော့ ရေမွန်ရဲ့ ရက်လည်နေ့လေးဖြစ်ပါတယ် ။ ရက်လည်နေ့ မှာ ခင်မင်ရတဲ့ အနုပညာမောင်နှမတွေ အပြင် ပရိသတ်အချို့က ဝမ်းနည်းကြေကွဲ စွာ ဖြင့် သူနေထိုင်ခဲ့တဲ့ တိုက်ခန်းလေးကို သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ် ။

တစ်ချို့ကလည်း ရေမွန်အတွက် ရက်လည်နေ့မှာ ကောင်းမှုကုသိုလ်တွေ များစွာပြုလုပ်ပေးခဲ့ကြတာကို တွေ့ရပါတယ် ။

အခုလည်း ဦးဇင်းတစ်ပါးက ရေမွန်ရဲ့ ရက်လည်နေ့မှာ ကောင်းမှုကုသိုလ်တွေ များစွာပြုလုပ်ပေးရင်း ရေမွန်ရဲ့ ဘာသာတရား ကိုင်းရှိုင်းပုံအကြောင်းလေးကို ” တရားနာရင်အမြဲလေးလေးစားစား နာယူတက်တဲ့ဘပီ Wai Mon Oo ဒီနေ့သူ့ရက်လည်မှာသံဃာတော်တွေဆွမ်းကပ် Nicobar coffee snack မှာ ယနေ့ကြွလာသမျှသံဃာတော်များအားလုံး ဘပီကိုရည်စူးပြီး အခမဲ့လှူဒါန်းပေးပါတယ်ဘပီရေ ကုသိုလ်အားလုံးအမျှမျှပေးဝေပါ၏။

ကူညီပေးတဲ့ဒကာကြီ Saw Naing Myint ကျေးဇူးတင်ပါတယ်။ ဘပီနဲ့ပုံတွေတင်တာစိတ်မရှိပါနဲ့ အခြားဘဝတစ်ခုမှာလွပ်လပ်စွာပျံသန်းပါငှက်ငယ် ” ဆိုပြီး အမှတ်တရ ပုံရိပ်လေးတွေနဲ့အတူ ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Source & Photo Credit : U Arrseinna Facebook Account