ေရမြန္ မဆုံးပါးခင္က ေရးသားေပးခဲ့တဲ့ သီခ်င္းေလးကို ဝမ္းနည္းေၾကကြဲစြာ အမွတ္တရ ဆိုျပလာတဲ့ ေမရဲ့ ဗီဒီယိုဖိုင္

Idiots အဖြဲ႕ဝင္ တစ္ဦးျဖစ္တဲ့ အဆိုေတာ္ေရမြန္ ကြယ္လြန္သြားတဲ့ သတင္းက အခုထိ ဘယ္သူမွ မယုံၾကည္နိုင္ေသးသလို ပရိသတ္ေတြေရာ ခင္မင္ရသူေတြပါ မိသားစုနဲ႔အတူ ဝမ္းနည္း ေၾကကြဲ ျဖစ္ခဲ့ရပါတယ္။

ဒါ့အျပင္ အရည္အခ်င္းရွိတဲ့ အဆိုေတာ္ေကာင္း တစ္ေယာက္ ဆုံးရႈံးလိုက္ရတဲ့အေပၚ အႏုပညာရွင္ အသိုင္းအဝိုင္းတစ္ခုလုံးကလည္း စိတ္မေကာင္းျဖစ္ေနၾကတာပါ ။

ေရမြန္ကို ခ်စ္ခင္ၾကသူ အားလုံးကလည္း ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေပးၾကသလို သစ္ပင္ေလးေတြလည္း အမွတ္တရ စိုက္ခဲ့ၾကပါတယ္ ။

တစ္ခ်ိဳ႕ကလည္း သူတို႔ရဲ့ ခႏၶာကိုယ္အေပၚမွာ ေရမြန္နဲ႔ ပတ္သက္တဲ့ အမွတ္တရေလးေတြကို တစ္သက္လုံး က်န္ရွိေနေစခ်င္တာေၾကာင့္ တက္တူးမ်ား ထိုးခဲ့ၾကတာကိုေတြ႕ရပါတယ္ ။

ေရမြန္ကို ခ်စ္ခင္ၾကတဲ့ သူေတြအားလုံးကေတာ့ ခုခ်ိန္အထိ မမေမ့နိုင္ေသးဘဲ လြမ္းဆြတ္ သတိရေနၾကဆဲဆိုတာ အမွန္ပါပဲေနာ္ ။

အခုလည္း ေရမြန္ရွိစဥ္က သူကိုယ္တိုင္ ေရးသားထားတဲ့ သီခ်င္းေလး တစ္ပိုဒ္ကို ေမက အမွတ္တရ သီဆိုျပရင္း ေဖ့ဘြတ္စာမ်က္ႏွာေလးထက္မွာ ေဝမၽွခဲ့ပါတယ္ ။

သီခ်င္းေလးနဲ႔ ပတ္သက္ၿပီးလည္း ” စဥ္းစားပါ… (ေရး – တြတ္ပီ , ဆို – me ) ဒီသီခ်င္းက တြတ္ပီ ဟိုးအရင္ကေရးထားတဲ့သီခ်င္း ေမကႀကိဳက္လို႔ျပန္ဝယ္မယ္ဆိုၿပီး လုပ္ထားတာ သို႔ေပမယ့္ Chorus ကိုပဲ ႀကိဳက္လို႔သူ႔ဆီကဝယ္ထားတာ..

Verse ကေတာ့ သူျပန္ေရးမယ္ဆိုရင္ ထုံးစံအတိုင္းၾကာမယ္ဆိုလို႔ တစ္ေယာက္ေယာက္နဲ႔ ေရးဖို႔လုပ္ထားတာပါ သီခ်င္းကတစ္ဝက္ႀကီးေပါ့ေလ။

ၿပီးေတာ့ ေမ Piano learning လုပ္ေနတာ 8 ရက္ရွိၿပီ..

ပထမဦးဆုံး Chords ရွာတတ္တဲ့ သီခ်င္းေလးမို႔ အမွတ္တရတင္လိုက္ပါတယ္..

ဘယ္ေတာ့ထြက္ျဖစ္မလဲဆိုရင္ေတာ့ ေမကိုယ္တိုင္ေတာင္မသိေတာ့ပါဘူးကြယ္…” ဆိုၿပီး သူရဲ့ ခံစားခ်က္ေလးေတြကို ပါ ေရးသားေဖာ္ျပထားရာ

သီခ်င္းေလးက အရမ္းနားထာင္ေကာင္းလြန္းတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။credit

unicode

Idiots အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အဆိုတော်ရေမွန် ကွယ်လွန်သွားတဲ့ သတင်းက အခုထိ ဘယ်သူမှ မယုံကြည်နိုင်သေးသလို ပရိသတ်တွေရော ခင်မင်ရသူတွေပါ မိသားစုနဲ့အတူ ဝမ်းနည်း ကြေကွဲ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် အရည်အချင်းရှိတဲ့ အဆိုတော်ကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာပါ ။

ရေမွန်ကို ချစ်ခင်ကြသူ အားလုံးကလည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးကြသလို သစ်ပင်လေးတွေလည်း အမှတ်တရ စိုက်ခဲ့ကြပါတယ် ။

တစ်ချို့ကလည်း သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ ရေမွန်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို တစ်သက်လုံး ကျန်ရှိနေစေချင်တာကြောင့် တက်တူးများ ထိုးခဲ့ကြတာကိုတွေ့ရပါတယ် ။

ရေမွန်ကို ချစ်ခင်ကြတဲ့ သူတွေအားလုံးကတော့ ခုချိန်အထိ မမမေ့နိုင်သေးဘဲ လွမ်းဆွတ် သတိရနေကြဆဲဆိုတာ အမှန်ပါပဲနော် ။

အခုလည်း ရေမွန်ရှိစဉ်က သူကိုယ်တိုင် ရေးသားထားတဲ့ သီချင်းလေး တစ်ပိုဒ်ကို မေက အမှတ်တရ သီဆိုပြရင်း ဖေ့ဘွတ်စာမျက်နှာလေးထက်မှာ ဝေမျှခဲ့ပါတယ် ။

သီချင်းလေးနဲ့ ပတ်သက်ပြီးလည်း ” စဉ်းစားပါ… (ရေး – တွတ်ပီ , ဆို – me ) ဒီသီချင်းက တွတ်ပီ ဟိုးအရင်ကရေးထားတဲ့သီချင်း မေကကြိုက်လို့ပြန်ဝယ်မယ်ဆိုပြီး လုပ်ထားတာ သို့ပေမယ့် Chorus ကိုပဲ ကြိုက်လို့သူ့ဆီကဝယ်ထားတာ..

Verse ကတော့ သူပြန်ရေးမယ်ဆိုရင် ထုံးစံအတိုင်းကြာမယ်ဆိုလို့ တစ်ယောက်ယောက်နဲ့ ရေးဖို့လုပ်ထားတာပါ သီချင်းကတစ်ဝက်ကြီးပေါ့လေ။

ပြီးတော့ မေ Piano learning လုပ်နေတာ 8 ရက်ရှိပြီ..

ပထမဦးဆုံး Chords ရှာတတ်တဲ့ သီချင်းလေးမို့ အမှတ်တရတင်လိုက်ပါတယ်..

ဘယ်တော့ထွက်ဖြစ်မလဲဆိုရင်တော့ မေကိုယ်တိုင်တောင်မသိတော့ပါဘူးကွယ်…” ဆိုပြီး သူရဲ့ ခံစားချက်လေးတွေကို ပါ ရေးသားဖော်ပြထားရာ

သီချင်းလေးက အရမ်းနားထာင်ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။credit