အင္းစိန္ေထာင္ေရွ႕မွာ ေစာင့္ဆိုင္းေနၾကတဲ့ လူအုပ္ၾကီး(ရုပ္သံ)

အင္းစိန္ေထာင္ေရွ႕မွာ ေစာင့္ဆိုင္းေနၾကတဲ့ လူအုပ္ၾကီး(ရုပ္သံ)

စစ္ေကာင္စီက ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ေပးမည္ ဆိုသည့္ သတင္းေၾကာင့္

အင္းစိန္ေထာင္ေရွ႕တြင္ ေစာင့္ဆိုင္းေနသည့္ မိသားစုဝင္မ်ားကို ယေန႔ ညေန ၄ နာရီ အခ်ိန္တြင္ ေတြ႕ရတာပဲ ျဖစ္ပါတယ္…။

စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံထားရသူ ၂၃၄၂ ဦး လႊတ္မည္ဟု ေဇာ္မင္းထြန္းေျပာ

မင္းေအာင္လွိုင္ ဦးေဆာင္ေသာ စစ္ေကာင္စီက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နိုင္ငံေတာ္အာဏာကို သိမ္းယူၿပီးေနာက္ ဖမ္းဆီးခံရသူ ျပည္သူမ်ားအနက္မွ ျပည္သူ ၂၃၄၂ ဦးကို ယေန႔ လႊတ္ေပးမည္ျဖစ္ေၾကာင္း

စစ္ေကာင္စီ ေျပာခြင့္ရ ေဇာ္မင္းထြန္းက သတင္းမီဒီယာမ်ားသို႔ ထုတ္ေဖာ္ေျပာဆိုထားသည္။

လက္ရွိတြင္ လႊတ္ေပးမည့္ အေရအတြက္သည္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ လႊတ္ေပးမည့္အေရအတြက္ျဖစ္ေသာ္လည္း

မည္သူမ်ားပါဝင္မည္၊ မည္သည့္ဥပေဒပုဒ္မမ်ားျဖင့္ ဖမ္းဆီးခံထားရသူမ်ားကို လႊတ္ေပးမည္ စသည့္ အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေပ။

ယမန္ေန႔ညပိုင္းကလည္း စစ္ေကာင္စီက သ႐ုပ္ေဆာင္ႏွင့္အဆိုေတာ္ စုစုေပါင္း ၂၄ ဦးကို ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုထားမႈကို ႐ုပ္သိမ္းေၾကာင္း ေၾကညာခဲ့သည္။

နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္အသင္း AAPP ၏ ထုတ္ျပန္ခ်က္အရ ဇြန္လ ၂၉ ရက္ေန႔ အထိ ဖမ္းဆီးခံရသူ ၆၄၂၁ ဦးရွိၿပီး ဖမ္းဆီးခံထားရသူ ၅၂၂၄ ဦးႏွင့္ ၀ရမ္းထုတ္ခံထားရသူ ၁၉၈၈ ဦးရွိေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- အင္းစိန္ေထာင္ေရွ႕ ေစာင့္ဆိုင္းေနၾကသည့္ ျပည္သူမ်ား။

credit

unicode

အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီး(ရုပ်သံ)

စစ်ကောင်စီက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည် ဆိုသည့် သတင်းကြောင့်

အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသည့် မိသားစုဝင်များကို ယနေ့ ညနေ ၄ နာရီ အချိန်တွင် တွေ့ရတာပဲ ဖြစ်ပါတယ်…။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ ၂၃၄၂ ဦး လွှတ်မည်ဟု ဇော်မင်းထွန်းပြော

မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဖမ်းဆီးခံရသူ ပြည်သူများအနက်မှ ပြည်သူ ၂၃၄၂ ဦးကို ယနေ့ လွှတ်ပေးမည်ဖြစ်ကြောင်း

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိတွင် လွှတ်ပေးမည့် အရေအတွက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှတ်ပေးမည့်အရေအတွက်ဖြစ်သော်လည်း

မည်သူများပါဝင်မည်၊ မည်သည့်ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးမည် စသည့် အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ယမန်နေ့ညပိုင်းကလည်း စစ်ကောင်စီက သရုပ်ဆောင်နှင့်အဆိုတော် စုစုပေါင်း ၂၄ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားမှုကို ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း AAPP ၏ ထုတ်ပြန်ချက်အရ ဇွန်လ ၂၉ ရက်နေ့ အထိ ဖမ်းဆီးခံရသူ ၆၄၂၁ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၅၂၂၄ ဦးနှင့် ဝရမ်းထုတ်ခံထားရသူ ၁၉၈၈ ဦးရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းနေကြသည့် ပြည်သူများ။

credit