ျပည္သူႏွင့္အတူ CDM မွာပါ၀င္လာတဲ့ မႏၱေလးက စခန္းမွဴး ထြန္းထြန္း၀င္း

“ကၽြန္ေတာ္ရြံမုန္းတာက မတရားရယူထားတဲ့ အာဏာရွင္စနစ္ပါ” ဒုရဲမႉးထြန္းထြန္းဝင္း

မႏၲေလးၿမိဳ႕ အမွတ္(၅)ရဲစခန္းမွ စခန္းမႉး ဒုရဲမႉးထြန္းထြန္းဝင္းသည္ စစ္အာဏာရွင္စနစ္ကို မလိုလား၍ ျပည္သူႏွင့္အတူ ပူးေပါင္းကာ CDM တြင္ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႔ ပါဝင္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

“အာဏာရွင္စနစ္ မျပတ္မခ်င္း တိုက္ပြဲဝင္သြားမွာ ျဖစ္ပါတယ္။ မတရားရယူသြားသူေတြဟာ မတရားလုပ္ေဆာင္ေနျခင္းဟာ သဘာဝပါ။

ျပည္သူေတြအေပၚ မတရားလုပ္ေဆာင္ေနသည္ကို ေတြ႕ေနျမင္ေန ၾကားေနသည့္အျပင္ ကိုယ္တိုင္လည္း ခံစားေနခဲရသျဖင့္ တရားမၽွတမႈကို လိုလားသူ ကၽြန္ေတာ့္အဖို႔ မတရားရယူထားသူ၏ အုပ္ခ်ဳပ္မႈေအာက္ ေလာင္းရိပ္ေအာက္တြင္ အဘယ္သို႔ေသာ ႏွလုံသားျဖင့္ ဘယ္နည္းႏွင့္မၽွ ဆက္လက္ ရွင္သန္ေနထိုင္နိုင္မည့္ အင္အားမရွိေတာ့ပါ၊ မိမိျမန္မာနိုင္ငံရဲတပ္ဖြဲ႕ႀကီးကိုလည္း ခ်စ္ျမဲ၊ ခ်စ္ဆဲပါ။

ကၽြန္ေတာ္ရြံမုန္းတာက မတရားရယူထားတဲ့ အာဏာရွင္စနစ္ပါ”ဟု CDM ျပဳလုပ္ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးထံ တင္ျပသည့္ စာတြင္ ေရးသားထားျခင္း ျဖစ္သည္။

စစ္အာဏာရွင္စနစ္ကို မလိုလား၍ ျပည္သူႏွင့္အတူ ပူးေပါင္းကာ CDM တြင္ ပါဝင္လိုက္သည့္ ဒုရဲမႉးထြန္းထြန္းဝင္းသည္ လူသတ္မႈ၊ လုယက္မႈ ႏွင့္ ေဖာက္ထြင္းမႈမ်ားကို စြမ္းစြမ္းတမံေဖာက္ထုတ္နိုင္ခဲ့သူျဖစ္ၿပီး လက္ေအာက္ငယ္သားမ်ားႏွင့္ သဟတျဖစ္သူ ျဖစ္ေၾကာင္း သိရသည္။

Credit: Tachileik News Agency

unicode

“ကျွန်တော်ရွံမုန်းတာက မတရားရယူထားတဲ့ အာဏာရှင်စနစ်ပါ” ဒုရဲမှူးထွန်းထွန်းဝင်း

မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းထွန်းဝင်းသည် စစ်အာဏာရှင်စနစ်ကို မလိုလား၍ ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ပါဝင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“အာဏာရှင်စနစ် မပြတ်မချင်း တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ မတရားရယူသွားသူတွေဟာ မတရားလုပ်ဆောင်နေခြင်းဟာ သဘာဝပါ။

ပြည်သူတွေအပေါ် မတရားလုပ်ဆောင်နေသည်ကို တွေ့နေမြင်နေ ကြားနေသည့်အပြင် ကိုယ်တိုင်လည်း ခံစားနေခဲရသဖြင့် တရားမျှတမှုကို လိုလားသူ ကျွန်တော့်အဖို့ မတရားရယူထားသူ၏ အုပ်ချုပ်မှုအောက် လောင်းရိပ်အောက်တွင် အဘယ်သို့သော နှလုံသားဖြင့် ဘယ်နည်းနှင့်မျှ ဆက်လက် ရှင်သန်နေထိုင်နိုင်မည့် အင်အားမရှိတော့ပါ၊ မိမိမြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကိုလည်း ချစ်မြဲ၊ ချစ်ဆဲပါ။

ကျွန်တော်ရွံမုန်းတာက မတရားရယူထားတဲ့ အာဏာရှင်စနစ်ပါ”ဟု CDM ပြုလုပ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြသည့် စာတွင် ရေးသားထားခြင်း ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို မလိုလား၍ ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM တွင် ပါဝင်လိုက်သည့် ဒုရဲမှူးထွန်းထွန်းဝင်းသည် လူသတ်မှု၊ လုယက်မှု နှင့် ဖောက်ထွင်းမှုများကို စွမ်းစွမ်းတမံဖောက်ထုတ်နိုင်ခဲ့သူဖြစ်ပြီး လက်အောက်ငယ်သားများနှင့် သဟတဖြစ်သူ ဖြစ်ကြောင်း သိရသည်။

Credit: Tachileik News Agency