Dr Sa Sa ရဲ့ အင္တာဗ်ဴးၾကည့္ၿပီး အားရွိသလိုျဖစ္သြားတယ္။(ဖတ္ၾကည့္ၾကပါ)

Dr Sa Sa ရဲ့ အင္တာဗ်ဴးၾကည့္ၿပီး အားရွိသလိုျဖစ္သြားတယ္။

UN တံခါးပိတ္ အစည္းအေဝး တက္ေရာက္မႈ အေျခအေနေတြကို အထူး လၽွို႔ဝွက္ထားပါတယ္။

UN က ဘာဆက္လုပ္မယ္ဆိုတာ လၽွို႔ဝွက္ထားနိုင္မွ လဲ ေတာ္ကာက်မည့္ အေျခအေနေတြမို႔ အားရစရာ ရလဒ္ ျဖစ္မယ္လို႔ ပို ယုံၾကည္တယ္။

တံခါးပိတ္ အစည္းအေဝးမွာ ဘာေတြ ေဆြးေႏြးမွန္း ဒီကမသိၾကေတာ့ ဘာလုပ္ရမွန္းမသိလို႔ ပို အၾကမ္းဖက္ေနတာမ်ိဴးလဲ ျဖစ္နိုင္။

ပို အၾကမ္းဖက္ေလ ပိုရႈံးေလပဲ ျဖစ္မွာပါ။ ႏြံ ထဲ နစ္သလိုပဲ ႐ုန္းေလ နစ္ေလ ျဖစ္ေတာ့မွာပါ။

ျပည္သူဘက္က ေခတၱပဲ ထပ္ၿပီး သည္းခံရေတာ့မွာပါ။ မေဝးေတာ့တဲ့ ပန္းတိုင္ ေရာက္ဖို႔ အားလုံး ေခတၱ ပဲ ထပ္ၿပီး အတူတူ သည္းခံလိုက္ၾကရေအာင္။

ဦး မင္းကိုနိုင္ ေျပာသလို ေဘာလုံးပြဲမွာ နိုင္ေနတဲ့အသင္း က အခ်ိန္ဆြဲ ကစား႐ုံပါပဲ။

ရႈံးေနတဲ့အသင္း က ေနာက္ဆုံး မိနစ္မွာ နိုင္လို နိုင္ျငား လူခ် ကန္တတ္တာ သဘာဝပါပဲ။

အဲ့ေၾကာင့္ လူအကပ္ မခံဘဲ သည္းခံၿပီး အခ်ိန္ဆြဲ ကန္ေန႐ုံပါပဲ။

အားလုံး အစစ အရာရာ ဂ႐ုစိုက္ သတိရွိရွိနဲ႔သာ အေျခအေနၾကည့္ ေရွာင္ၿပီး ကိုယ့္လုံျခဳံေရးကို အဓိကထား ကာကြယ္ အခ်ိန္ဆြဲ လိုက္ ၾကရေအာင္။

တကယ္ နိုင္ ခါ နီးေနပါၿပီ။

Credit:

unicode

Dr Sa Sa ရဲ့ အင်တာဗျူးကြည့်ပြီး အားရှိသလိုဖြစ်သွားတယ်။

UN တံခါးပိတ် အစည်းအဝေး တက်ရောက်မှု အခြေအနေတွေကို အထူး လျှို့ဝှက်ထားပါတယ်။

UN က ဘာဆက်လုပ်မယ်ဆိုတာ လျှို့ဝှက်ထားနိုင်မှ လဲ တော်ကာကျမည့် အခြေအနေတွေမို့ အားရစရာ ရလဒ် ဖြစ်မယ်လို့ ပို ယုံကြည်တယ်။

တံခါးပိတ် အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမှန်း ဒီကမသိကြတော့ ဘာလုပ်ရမှန်းမသိလို့ ပို အကြမ်းဖက်နေတာမျိူးလဲ ဖြစ်နိုင်။

ပို အကြမ်းဖက်လေ ပိုရှုံးလေပဲ ဖြစ်မှာပါ။ နွံ ထဲ နစ်သလိုပဲ ရုန်းလေ နစ်လေ ဖြစ်တော့မှာပါ။

ပြည်သူဘက်က ခေတ္တပဲ ထပ်ပြီး သည်းခံရတော့မှာပါ။ မဝေးတော့တဲ့ ပန်းတိုင် ရောက်ဖို့ အားလုံး ခေတ္တ ပဲ ထပ်ပြီး အတူတူ သည်းခံလိုက်ကြရအောင်။

ဦး မင်းကိုနိုင် ပြောသလို ဘောလုံးပွဲမှာ နိုင်နေတဲ့အသင်း က အချိန်ဆွဲ ကစားရုံပါပဲ။

ရှုံးနေတဲ့အသင်း က နောက်ဆုံး မိနစ်မှာ နိုင်လို နိုင်ငြား လူချ ကန်တတ်တာ သဘာဝပါပဲ။

အဲ့ကြောင့် လူအကပ် မခံဘဲ သည်းခံပြီး အချိန်ဆွဲ ကန်နေရုံပါပဲ။

အားလုံး အစစ အရာရာ ဂရုစိုက် သတိရှိရှိနဲ့သာ အခြေအနေကြည့် ရှောင်ပြီး ကိုယ့်လုံခြုံရေးကို အဓိကထား ကာကွယ် အချိန်ဆွဲ လိုက် ကြရအောင်။

တကယ် နိုင် ခါ နီးနေပါပြီ။

Credit: