ရန္ကုန္အင္းစိန္ကေနလာတဲ့သူ မႏၱေလးတည္းခိုခန္းမွာ ကိုဗစ္ျဖင့္ေသဆံုး

ရန္ကုန္အင္းစိန္ကေနလာတဲ့သူ မႏၱေလးတည္းခိုခန္းမွာ ကိုဗစ္ျဖင့္ေသဆံုး

မႏၲေလးၿမိဳ႕က တည္းခိုခန္းတစ္ခုမွာ တည္းခိုေနသူတစ္ဦး ကိုဗစ္ေရာဂါနဲ႔ ႐ုတ္တရက္လဲက်ေသဆုံး

ဧရာဝတီတိုင္းမ္ ဇူလိုင္ ၅ ရက္

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈ ၆၂ လမ္း၊ ၁၃၁ လမ္းနဲ႔ ၁၃၂ လမ္းၾကားက တည္းခိုခန္းတစ္ခုမွာ လာေရာက္တည္းခိုေနသူတစ္ဦးဟာ မေန႔က ကိုဗစ္ေရာဂါနဲ႔ေသဆုံးေနတာ ေတြ႕ရတယ္လို႔ မႏၲေလးၿမိဳ႕ခံေတြက ေျပာပါတယ္။

ေသဆုံးသူဟာ ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္ကေန အဆိုပါ တည္းခိုခန္းကို လာေရာက္တည္းခိုေနထိုင္ရင္း မေန႔က ေန႔လည္ပိုင္းမွာ ႐ုတ္တရက္လဲက်ေသဆုံးခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

“သူက ရန္ကုန္ အင္းစိန္ကေန လာတည္းေနတာ။ မေန႔က ေႏု႔လည္ပိုင္းမွာ ႐ုတ္တရက္ လဲက်သြားၿပီး ေသဆုံးသြားတဲ့အတြက္ ေရႊမဥၨဴပရဟိတအဖြဲ႕က အေလာင္းကို သြားသယ္ေပးတယ္”လို႔ မႏၲေလးၿမိဳခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

ေရႊမဥၨဴပရဟိတ လူမႈကူညီေရးအဖြဲ႕က အဆိုပါအေလာင္းကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေဆး႐ုံႀကီးမွာ စစ္ေဆးခဲ့ရာ လူနာမွာ ကိုဗစ္ေရာဂါပိုးရွိေနေၾကာင္း သိရပါတယ္။

မႏၲေလးတိုင္းေဒသႀကီးမွာ ဇြန္လဆန္းအခ်ိန္ကစတင္ၿပီး ကိုဗစ္တတိယလွိုင္း ကူးစက္ျဖစ္ပြားခဲ့ရာမွာ ေရာဂါကူးစက္မႈမ်ားျပားေနတဲ့ ၿမိဳ႕နယ္ ၇ ခုကို စစ္ေကာင္စီက Stay at Home ေၾကညာထားပါတယ္။

#မႏၲေလး #ကိုဗစ္လူနာ $Ayeyarwaddy_Times

unicode

ရန်ကုန်အင်းစိန်ကနေလာတဲ့သူ မန္တလေးတည်းခိုခန်းမှာ ကိုဗစ်ဖြင့်သေဆုံး

မန္တလေးမြို့က တည်းခိုခန်းတစ်ခုမှာ တည်းခိုနေသူတစ်ဦး ကိုဗစ်ရောဂါနဲ့ ရုတ်တရက်လဲကျသေဆုံး

ဧရာဝတီတိုင်းမ် ဇူလိုင် ၅ ရက်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု ၆၂ လမ်း၊ ၁၃၁ လမ်းနဲ့ ၁၃၂ လမ်းကြားက တည်းခိုခန်းတစ်ခုမှာ လာရောက်တည်းခိုနေသူတစ်ဦးဟာ မနေ့က ကိုဗစ်ရောဂါနဲ့သေဆုံးနေတာ တွေ့ရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ကနေ အဆိုပါ တည်းခိုခန်းကို လာရောက်တည်းခိုနေထိုင်ရင်း မနေ့က နေ့လည်ပိုင်းမှာ ရုတ်တရက်လဲကျသေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“သူက ရန်ကုန် အင်းစိန်ကနေ လာတည်းနေတာ။ မနေ့က နေု့လည်ပိုင်းမှာ ရုတ်တရက် လဲကျသွားပြီး သေဆုံးသွားတဲ့အတွက် ရွှေမဥ္ဇူပရဟိတအဖွဲ့က အလောင်းကို သွားသယ်ပေးတယ်”လို့ မန္တလေးမြိုခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရွှေမဥ္ဇူပရဟိတ လူမှုကူညီရေးအဖွဲ့က အဆိုပါအလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကြီးမှာ စစ်ဆေးခဲ့ရာ လူနာမှာ ကိုဗစ်ရောဂါပိုးရှိနေကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ဇွန်လဆန်းအချိန်ကစတင်ပြီး ကိုဗစ်တတိယလှိုင်း ကူးစက်ဖြစ်ပွားခဲ့ရာမှာ ရောဂါကူးစက်မှုများပြားနေတဲ့ မြို့နယ် ၇ ခုကို စစ်ကောင်စီက Stay at Home ကြေညာထားပါတယ်။

#မန္တလေး #ကိုဗစ်လူနာ $Ayeyarwaddy_Times