


“သား””သားလေး””ခေါင်းအုံးအောက်မှာသားပိုက်ဆံထားခဲ့တယ်လေငါးထောင်တန်တွေ””မေမသုံးဖို့ဆို”














“ကမ္ဘာမကြေဘူး”


#Crd

unicode

ကျရှုံးသွားတဲ့သားအတွက် မိခင်တစ်ယောက်ရဲ့ ရင်နင့်နင့်နဲ့ ရေးတဲ့စာ

“မခံစားနိုင်ဘူးသားရယ် မေမေမဖြေနိုင်သေးဘူး”

“သား””သားလေး””ခေါင်းအုံးအောက်မှာသားပိုက်ဆံထားခဲ့တယ်လေငါးထောင်တန်တွေ””ေမေမသုံးဖို့ဆို”

“၂၆ရက်နေ့က””မေမေအခုမှတွေ့တယ်သားရဲ့””မေမေသွားမကြည့်နိုင်ဘူး သားထားခဲ့တဲ့ပိုက်ဆံ”

“ဖုန်းကိုလည်းမေမေမကြည့်နိုင်ဘူး သားပုံတွေချည်းပဲတက်တက်နေလို့”

“မေမေဘယ်လောက်ချစ်တယ်သိလားသား”

“အခုမှချစ်ပြနေတာမဟုတ်ဘူး မွေးကတည်းကမေမေကချစ်တာလေသားတို့ကို”

“မေမေကသားကိုလည်းချစ်တယ် သားကြီးကိုလည်းမေမေအရမ်းချစ်တာ”

“မေမေအမြဲဂုဏ်ယူတယ်လေ မေမေ့သားလေးတွေ ပညာတော်တဲ့အကြောင်း စာတော်တဲ့အကြောင်းကြွားရတာအမော”

“သားက စာလုပ်ဖြစ်မှာမဟုတ်ဘူး ကိုကို့ကိုပဲကျောင်းထားလိုက်ပါဆိုပီးအရမ်းသိတတ်တဲ့သားလေး”

“အမယ်လေး စာတော်တဲ့ကလေးပညာတတ်တဲ့ကလေးမှရွေးပစ်တာလားဒီအမြွှာလေးပဲရှိတာလေမေမေ့မှာ အခုတော့ဘက်ပဲ့သွားပြီပေါ့”

ဒီပြင့်ကလေးတွေကိုလည်းမပစ်စေချင်ပါဘူး ငါ့လိုရင်တွေနာတဲ့ဒဏ်ကိုမခံစားစေချင်ဘူး”

“ရင်တွေကွဲတယ် ရင်တွေကွဲတယ်”ဒီမှာကြည့်ပါဦး”

“သားလေးမသေရင်ကောင်းမယ်နော်”

RIPပါကိုညီညီအောင်ထက်နိုင်ရေ😔💔

မိ့သားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်ငါတို့တွေတခွန်းတည်းပြိုင်တူအော်မယ်

“ကမ္ဘာမကြေဘူး”

#စစ်အာဏာရှင်ကျရှုံးပါစေ

#Crd