အင်တာနက်ပေါ်မှာ အတော်လေးကိုရေပန်းစားနေတဲ့ ကလေးခန္ဓာကိုယ်အရွယ်နဲ့ အသက် 32 နှစ်အရွယ်အမျိုးသမီး









JRose (KB Chimmy)

unicode

ကလေးငယ်တွေကြီးထွားလာဖို့ နဲ့ ခွန်အားတွေပြည့်ဝစေရန် မိခင်ရဲ့နို့ရည်များစွာကို သောက်သုံးနေရပါတယ်။

၎င်းအရာကိုပြောဆိုခြင်းဖြင့် အစားအစာကောင်းတစ်ခုဟာ ကလေးငယ်တွေရဲ့အရပ်အမြင့် နဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို အထောက်အကူပြုစေပါတယ် ။

တရုတ်နိုင်ငံက Zhejiang ပြည်နယ်၊ Wenzhou မြို့ရှိ Ren Pei Yun လို့ခေါ်တဲ့ တရုတ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့အရွယ်အစားသေးငယ်မှုကြောင့် ကလေးငယ်တစ်ယောက်ဆိုပြီး မှားယွင်းမှုခံနေရပါတယ် ။

ဒီအမျိုးသမီးရဲ့ အရပ်အမြင့်ဟာ 4 ပေခွဲသာ ရှိပါတယ် ။ သူမဟာ သေးငယ်တဲ့ဘောင်ဆိုပေမယ့် လှပတဲ့သူမရဲ့ရုပ်ရည်ကြောင့် ကြီးမားတဲ့ စင်မြင့်တွင်မှာ ဖျော်ဖြေတင်ဆက်ရန် သူမရဲ့အိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

သစ်သီးဆိုင်တစ်ဆိုင်ပိုင်ဆိုင်တဲ့ သူမရဲ့ဖခင်ဟာ ဆေးရုံအမြောက်အများကိုသွားပြီး သမီးဖြစ်သူကြီးထွားမှုအတွက်ကူညီရန် နည်းလမ်းများကို ရှာဖွေခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာ သူမကို ကျောင်းတက်ရန် ၉ နှစ်အရွယ်မှာ စာရင်းသွင်းခွင့်ရခဲ့ပါတယ်။

သူမအသက် ၂၁ နှစ်အရွယ်မှာ ဖျော်ဖြေရေး အွန်လိုင်းဖက်ရှင်စတိုးဆိုင်ဖွင့်ရန် Beijing Heart ဆိုတဲ့ မသန်စွမ်းအနုပညာ Group ကို စုဆောင်းခဲ့ပါတယ် ။ ထိုအခါမှာ သူမရဲ့ Group ထဲ ဝင်လာတဲ့သူတွေကို နွေးထွေးစွာကြိုဆိုခဲ့ပါတယ် ။

နောက်ဆုံးတော့ လူတွေက သူမရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ချစ်မြတ်နိုးကြပြီး သူမဟာ လူသိများလာတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာ သူမဟာ အသက် ၃၂ နှစ်ရှိပြီး သူမရဲ့စီးပွားရေးလုပ်ငန်းကို အောင်မြင်စွာ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ် ။

JRose (KB Chimmy)