တယ္လီေနာဆက္သြယ္ေရးကုမၸဏီ ျမန္မာနိုင္ငံမွ ထြက္ခြါျပီ

တယ္လီေနာဆက္သြယ္ေရးကုမၸဏီ ျမန္မာနိုင္ငံမွ ထြက္ခြါျပီ

တယ္လီေနာက ျမန္မာနိုင္ငံတြင္ လုပ္ကိုင္ေနေသာ ဆက္သြယ္ေရး မိုဘိုင္းလ္လုပ္ငန္းအားလုံးကို ေဒၚလာ ၁၀၅ သန္းျဖင့္ လက္ဘႏြန္ M 1 Group ကုမၸဏီသို႔ေရာင္းခ်

ရန္ကုန္၊ ဇူလိုင္ ၈

ေနာ္ေဝ တယ္လီေနာ ဆက္သယ္ေရးကုမၸဏီက ျမန္မာနိုင္ငံမွ ၎ လုပ္ကိုင္ေနေသာ ဆက္သြယ္ေရးလုပ္ငန္းမ်ားအားလုံးကို လက္ဘႏြန္ M1 Group ကုမၸဏီသို႔ ေရာင္းခ်ရန္ သေဘာတူညီလိုက္ၿပီျဖစ္ေၾကာင္း globenewswire ႏွင့္ ရိုက္တာသတင္းဌာနက သတင္းေဖာ္ျပသည္။

တယ္လီေနာကမူ ျမန္မာနိုင္ငံတြင္ စစ္အာဏာသိမ္းမႈေၾကာင့္ အေျခအေနပိုမိုဆိုးရြားလာျခင္းႏွင့္ လက္ရွိအေျခအေနမ်ားက ကုမၸဏီကို ျမန္မာနိုင္ငံမွ ထြက္ခြာရန္ဆုံးျဖတ္ခ်က္၏အေျခခံျဖစ္သည္ဟု ထုတ္ျပန္သည္။

တယ္လီေနာက ျမန္မာျပည္တြင္း ဆက္သြယ္ေရးလုပ္ငန္းမ်ားကို ေဒၚလာ ၁၀၅ သန္းျဖင့္​ ေရာင္းခ်ျခင္းျဖစ္ၿပီး ယင္းတို႔အနက္မွ ေဒၚလာ ၅၅ သန္းကို ငါးႏွစ္အတြင္း ေပးေခ်ရန္ သေဘာတူညီထားသည္။

တယ္လီေနာ၏ ျမန္မာနိုင္ငံတြင္း ရွယ္ယာ စုစုေပါင္း တန္ဖိုးသည္ အေမရိကန္ေဒၚလာ သန္း ၆၀၀ ရွိၿပီး M1 Group သည္ တယ္လီေနာ၏ အစုရွယ္ယာမ်ားအားလုံးကို ဝယ္ယူကာ လုပ္ငန္းမ်ား ဆက္လက္လုပ္ကိုင္မည္ျဖစ္သည္။

ျမန္မာနိုင္ငံတြင္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈ ျဖစ္ေပၚ လာၿပီးေနာက္ တယ္လီေနာက ၎၏ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားႏွင့္ပတ္သက္ၿပီး ျပန္လည္စဥ္းစားသုံးသပ္ကာ ေနာက္ဆုံး ကုမၸဏီအစုရွယ္ယာမ်ား ေရာင္းခ်မည့္ နည္းလမ္းကို ဆုံးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း တယ္လီေနာက ဆိုသည္။

“ျမန္မာနိုင္ငံမွာ ျဖစ္ေပးေနတဲ့ အေျခအေနေတြက တယ္လီေနာအတြက္ စိန္ေခၚမႈေတြ ျဖစ္ေပၚလာေစပါတယ္။ က်ေနာ္တို႔အေနနဲ႔ ျပန္လည္ေရြးခ်ယ္သုံးသပ္မႈေတြ လုပ္ၿပီးတဲ့အခါ ကုမၸဏီကို ေရာင္းခ်တာက အေကာင္းဆုံးနည္းလမ္းျဖစ္မယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

M 1 Group ကို ေရာင္းခ်လိုက္ေပမယ့္လည္း ဆက္သြယ္ေရးလုပ္ငန္းေတြ ဆက္လက္ လည္ပတ္ေနပါလိမ့္မယ္” ဟု တယ္လီေနာ၏ CEOႏွင့္ ဥကၠ႒ Sigve Brekke က ေျပာဆိုသည္။

ျမန္မာနိုင္ငံမွ တယ္လီေနာလုပ္ငန္းမ်ားကို ဝယ္ယူမည့္ M 1 Group ကုမၸဏီသည္ လက္ဘႏြန္ကုမၸဏီျဖစ္ၿပီး ေငြေၾကးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဆိုင္ရာ လုပ္ငန္းမ်ားကို လုပ္ကိုင္ေနေသာ ကုမၸဏီႀကီးတစ္ခုျဖစ္သည္။

ဓာတ္ပုံ- တယ္လီေနာစတင္ ဝင္ေရာက္ခ်ိန္က ဖြင့္ပြဲအခမ္းအနားတစ္ခု။

unicode

တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွါပြီ

တယ်လီနောက မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဆက်သွယ်ရေး မိုဘိုင်းလ်လုပ်ငန်းအားလုံးကို ဒေါ်လာ ၁၀၅ သန်းဖြင့် လက်ဘနွန် M 1 Group ကုမ္ပဏီသို့ရောင်းချ

ရန်ကုန်၊ ဇူလိုင် ၈

နော်ဝေ တယ်လီနော ဆက်သယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံမှ ၎င်း လုပ်ကိုင်နေသော ဆက်သွယ်ရေးလုပ်ငန်းများအားလုံးကို လက်ဘနွန် M1 Group ကုမ္ပဏီသို့ ရောင်းချရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း globenewswire နှင့် ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

တယ်လီနောကမူ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အခြေအနေပိုမိုဆိုးရွားလာခြင်းနှင့် လက်ရှိအခြေအနေများက ကုမ္ပဏီကို မြန်မာနိုင်ငံမှ ထွက်ခွာရန်ဆုံးဖြတ်ချက်၏အခြေခံဖြစ်သည်ဟု ထုတ်ပြန်သည်။

တယ်လီနောက မြန်မာပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းများကို ဒေါ်လာ ၁၀၅ သန်းဖြင့်​ ရောင်းချခြင်းဖြစ်ပြီး ယင်းတို့အနက်မှ ဒေါ်လာ ၅၅ သန်းကို ငါးနှစ်အတွင်း ပေးချေရန် သဘောတူညီထားသည်။

တယ်လီနော၏ မြန်မာနိုင်ငံတွင်း ရှယ်ယာ စုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရှိပြီး M1 Group သည် တယ်လီနော၏ အစုရှယ်ယာများအားလုံးကို ဝယ်ယူကာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပေါ် လာပြီးနောက် တယ်လီနောက ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ်ကာ နောက်ဆုံး ကုမ္ပဏီအစုရှယ်ယာများ ရောင်းချမည့် နည်းလမ်းကို ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း တယ်လီနောက ဆိုသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေးနေတဲ့ အခြေအနေတွေက တယ်လီနောအတွက် စိန်ခေါ်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ကျနော်တို့အနေနဲ့ ပြန်လည်ရွေးချယ်သုံးသပ်မှုတွေ လုပ်ပြီးတဲ့အခါ ကုမ္ပဏီကို ရောင်းချတာက အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

M 1 Group ကို ရောင်းချလိုက်ပေမယ့်လည်း ဆက်သွယ်ရေးလုပ်ငန်းတွေ ဆက်လက် လည်ပတ်နေပါလိမ့်မယ်” ဟု တယ်လီနော၏ CEOနှင့် ဥက္ကဋ္ဌ Sigve Brekke က ပြောဆိုသည်။

မြန်မာနိုင်ငံမှ တယ်လီနောလုပ်ငန်းများကို ဝယ်ယူမည့် M 1 Group ကုမ္ပဏီသည် လက်ဘနွန်ကုမ္ပဏီဖြစ်ပြီး ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

ဓာတ်ပုံ- တယ်လီနောစတင် ဝင်ရောက်ချိန်က ဖွင့်ပွဲအခမ်းအနားတစ်ခု။