ေပ်ာက္ဆုံးေနတဲ့ မုဒုံၿမိဳ႕နယ္ကေက်ာင္းဆရာမအား အသက္ေသဆုံးလၽွက္ ျပန္လည္ေတြ႕ရွိ…

ေပ်ာက္ဆုံးေနတဲ့ မုဒုံၿမိဳ႕နယ္ကေက်ာင္းဆရာမအား အသက္ေသဆုံးလၽွက္ ျပန္လည္ေတြ႕ရွိ

က်ိဳက္မေရာ၊ဇူလိုင္ ၉

မြန္ျပည္နယ္၊က်ိဳက္မေရာၿမိဳ႕နယ္မွာ ယမန္ေန႔ ဇူလိုင္ ၈ ရက္ေန႔က ေပ်ာက္ဆုံးေနတဲ့ မုဒုံၿမိဳ႕နယ္က ေက်ာင္းဆရာမတစ္ဦးကို က်ိဳက္မေရာၿမိဳ႕ မာကာလာျမစ္ေခ်ာင္းအတြင္းမွာ အသက္ေသဆုံးလၽွက္ ျပန္လည္ေတြ႕ရွိၿပီးျဖစ္တယ္လို႔ က်ိဳက္မေရာလူငယ္ပရဟိတ လူမႈကူညီေရးအသင္းထံက သိရပါတယ္။

မုဒုံၿမိဳ႕နယ္မွာေနထိုင္ၿပီး က်ိဳက္မေရာၿမိဳ႕နယ္ အံကရဲေက်းရြာမွာ တာဝန္ထမ္းေဆာင္ေနတဲ့ အသက္ ၂၆ ႏွစ္အရြယ္ ေက်ာင္းဆရာမ မပြင့္သဇင္ဦးဟာ ယမန္ေန႔လယ္ ၂ နာရီခန႔္အခ်ိန္က မုဒုံၿမိဳ႕သို႔အျပန္ စံပယ္ဂူလမ္းေဟာင္း မာကာလာတံတားအနီးမြာ ေပ်ာက္ဆုံးေနေၾကာင္းသိရၿပီး

က်ိဳက္မေရာလူငယ္လူမႈကူညီေရးအသင္းမွ လိုက္လံရွာေဖြရာမွာ ဒီကေန႔ နံနက္ ၈ နာရီ ၁၅ မိနစ္ဝန္းက်င္မွာ အဆိုပါ မာကာလာေခ်ာင္း အနီးမလွမ္းမေဝးမွာ အသက္ေသဆုံးလၽွက္ ျပန္လည္ေတြ႕ရွိတာျဖစ္ပါတယ္။

“ေညန ၆ နာရီေလာက္မွာ ဆရာမတစ္ေယာက္ ေပ်ာက္ေနလို႔ ကူညီေပးဖို႔ က်ေနာ္တို႔အဖြဲ႕ကို ဆက္သြယ္လာတယ္။အဲ့ဒါနဲ႔က်ေနာ္တို႔လိုက္စုံစမ္းေတာ့ မာကာလာတံတားေပၚမွာ ဆြဲျခင္းေတြထမင္းခ်ိဳင့္ေတြ ဆိုင္ကယ္ရဲ့အပိုင္းအစ အနည္းငယ္ေတြ႕တယ္ေပါ့၊

အဲ့ဒါနဲ႔ က်ေနာ္တို႔အဖြဲ႕ေတြ ေခ်ာင္းထဲမွာလိုက္ရွာၾကတယ္၊ဒီေန႔နံနက္ ၈ နာရီေလာက္မွာ အဲ့ေခ်ာင္းမနီးမနားမွာပဲ ဆံပင္က ငုတ္တခုနဲ႔ညႇိေနၿပီး ေသဆုံးလၽွက္ေတြ႕ရတာပါ”လို႔ က်ိဳက္မေရာၿမိဳ႕လူငယ္ပဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက VOT သတင္းေအဂ်င္စီကိုေျပာပါတယ္။

အဆိုပါေသဆုံးမႈကို လူသတ္လုယက္မႈလို႔ ေဒသခံမ်ားက သုံးသပ္ေနၾကၿပီး ေသဆုံးသူ ဆရာမ စီးနင္းလာတဲ့ ဆိုင္ကယ္နဲ႔ ဝတ္ဆင္ထားတဲ့ လက္ဝက္ရတနာေတြေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ေသဆုံးသူရဲ့ ႐ုပ္အေလာင္းကို က်ိဳက္မေရာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားၿပီး သက္ဆိုင္ရာက စုံစမ္းစစ္ေဆးေနၾကတယ္လို႔ သိရပါတယ္။

photo#fb

The Voice Of Thanbyuzayat

unicode

ပျောက်ဆုံးနေတဲ့ မုဒုံမြို့နယ်ကကျောင်းဆရာမအား အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိ

ကျိုက်မရော၊ဇူလိုင် ၉

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်မှာ ယမန်နေ့ ဇူလိုင် ၈ ရက်နေ့က ပျောက်ဆုံးနေတဲ့ မုဒုံမြို့နယ်က ကျောင်းဆရာမတစ်ဦးကို ကျိုက်မရောမြို့ မာကာလာမြစ်ချောင်းအတွင်းမှာ အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိပြီးဖြစ်တယ်လို့ ကျိုက်မရောလူငယ်ပရဟိတ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

မုဒုံမြို့နယ်မှာနေထိုင်ပြီး ကျိုက်မရောမြို့နယ် အံကရဲကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၆ နှစ်အရွယ် ကျောင်းဆရာမ မပွင့်သဇင်ဦးဟာ ယမန်နေ့လယ် ၂ နာရီခန့်အချိန်က မုဒုံမြို့သို့အပြန် စံပယ်ဂူလမ်းဟောင်း မာကာလာတံတားအနီးမွာ ပျောက်ဆုံးနေကြောင်းသိရပြီး

ကျိုက်မရောလူငယ်လူမှုကူညီရေးအသင်းမှ လိုက်လံရှာဖွေရာမှာ ဒီကနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ အဆိုပါ မာကာလာချောင်း အနီးမလှမ်းမဝေးမှာ အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိတာဖြစ်ပါတယ်။

“ညေန ၆ နာရီလောက်မှာ ဆရာမတစ်ယောက် ပျောက်နေလို့ ကူညီပေးဖို့ ကျနော်တို့အဖွဲ့ကို ဆက်သွယ်လာတယ်။အဲ့ဒါနဲ့ကျနော်တို့လိုက်စုံစမ်းတော့ မာကာလာတံတားပေါ်မှာ ဆွဲခြင်းတွေထမင်းချိုင့်တွေ ဆိုင်ကယ်ရဲ့အပိုင်းအစ အနည်းငယ်တွေ့တယ်ပေါ့၊

အဲ့ဒါနဲ့ ကျနော်တို့အဖွဲ့တွေ ချောင်းထဲမှာလိုက်ရှာကြတယ်၊ဒီနေ့နံနက် ၈ နာရီလောက်မှာ အဲ့ချောင်းမနီးမနားမှာပဲ ဆံပင်က ငုတ်တခုနဲ့ညှိနေပြီး သေဆုံးလျှက်တွေ့ရတာပါ”လို့ ကျိုက်မရောမြို့လူငယ်ပဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက VOT သတင်းအေဂျင်စီကိုပြောပါတယ်။

အဆိုပါသေဆုံးမှုကို လူသတ်လုယက်မှုလို့ ဒေသခံများက သုံးသပ်နေကြပြီး သေဆုံးသူ ဆရာမ စီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ ဝတ်ဆင်ထားတဲ့ လက်ဝက်ရတနာတွေပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြတယ်လို့ သိရပါတယ်။

photo#fb

The Voice Of Thanbyuzayat

သတင်းအေဂျင်စီ

သတင္းေအဂ်င္စီ