ဆိုင္ကယ္လုပီး လူကိုပါသတ္ခံလိုက္ရတဲ့ ေက်ာင္းဆရာမေလးရဲ႕ ၀မ္းနည္းစရာအျဖစ္

လတ္တေလာ နိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ ျပည္သူေတြအားလုံး စိတ္ေသာကမ်ားစြာ ၾကဳံေတြ႕ ခံစားေနၾကရတာ ျဖစ္ပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးေနၾကတဲ့ သတင္းေတြကလည္း ေန႔စဥ္နဲ႔အမၽွ လူမႈကြန္ယက္မ်ားတြင္ ျမင္ေတြ႕ေနရတာ ျဖစ္ပါတယ္။

ဒီေန႔မနက္တြင္လည္း မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕က စိတ္မေကာင္းစရာသတင္းတစ္ခုကို ျပည္သူတစ္ဦးမၽွ ေရးသားေဝမၽွထားတာ ျဖစ္ပါတယ္။

မေန႔ညေန ( ၄ ) နာရီ ဝန္းက်င္ေလာက္က မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕ရွိ အံကရဲေက်းရြာတြင္ တာဝန္က်ေနေသာမုဒုံၿမိဳ႕နယ္မွ ေက်ာင္းဆရာမတစ္ဦးဟာ

စံပယ္ဂူလမ္းေဟာင္းမာလကာတံတားေပၚတြင္ ေပ်ာက္ဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

ဆိုင္ကယ္ေရာလူပါ ေပ်ာက္ဆုံးေနတဲ့အတြက္ မိသားစုဝင္မ်ားက အပူတျပင္းရွာေဖြေနခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔မနက္မွာေတာ့ စိတ္မေကာင္းစြာနဲ႔ပဲ ဆရာမေလးရဲ့ အေလာင္းကို ေခ်ာင္းတစ္ခုထဲတြင္ ေမ်ာေနတာကို ေတြ႕ရွိခဲ့ရပါတယ္။

ဆိုင္ကယ္ကို လုၿပီး လူသတ္ခဲ့တာျဖစ္မယ္လို႔ ေဒသခံမ်ားက ေရးသားေျပာဆိုေနၾကတာလည္း ျဖစ္ပါတယ္။

ျမန္မာနိုင္ငံတြင္ စားဝတ္ေနေရးခက္ခဲေနတဲ့ အေျခအေနမ်ားေၾကာင့္ လုယက္မႈေတြ မၾကာခဏဆိုသလို ျဖစ္ပြားေနတာ ျဖစ္ပါတယ္။

ဒီကာလႀကီးမွာ မိန္းကေလးေတြအေနနဲ႔ တစ္ေယာက္တည္း အျပင္ေတြ မသြားသင့္ဘဲသူငယ္ခ်င္းအေဖာ္တစ္ဦးနဲ႔သာ သြားၾကဖို႔ အၾကဳံျပဳတိုက္တြန္းလိုပါတယ္။

ကြယ္လြန္သြားတဲ့ ဆရာမေလးလည္းေကာင္းရာဘုံဘဝသို႔ ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Original Uploader

unicode

လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအားလုံး စိတ်သောကများစွာ ကြုံတွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြတဲ့ သတင်းတွေကလည်း နေ့စဉ်နဲ့အမျှ လူမှုကွန်ယက်များတွင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဒီနေ့မနက်တွင်လည်း မွန်ပြည်နယ် ကျိုက်မရောမြို့က စိတ်မကောင်းစရာသတင်းတစ်ခုကို ပြည်သူတစ်ဦးမျှ ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

မနေ့ညနေ ( ၄ ) နာရီ ဝန်းကျင်လောက်က မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ အံကရဲကျေးရွာတွင် တာဝန်ကျနေသောမုဒုံမြို့နယ်မှ ကျောင်းဆရာမတစ်ဦးဟာ

စံပယ်ဂူလမ်းဟောင်းမာလကာတံတားပေါ်တွင် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ်ရောလူပါ ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်များက အပူတပြင်းရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မနက်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ဆရာမလေးရဲ့ အလောင်းကို ချောင်းတစ်ခုထဲတွင် မျောနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဆိုင်ကယ်ကို လုပြီး လူသတ်ခဲ့တာဖြစ်မယ်လို့ ဒေသခံများက ရေးသားပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် စားဝတ်နေရေးခက်ခဲနေတဲ့ အခြေအနေများကြောင့် လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒီကာလကြီးမှာ မိန်းကလေးတွေအနေနဲ့ တစ်ယောက်တည်း အပြင်တွေ မသွားသင့်ဘဲသူငယ်ချင်းအဖော်တစ်ဦးနဲ့သာ သွားကြဖို့ အကြုံပြုတိုက်တွန်းလိုပါတယ်။

ကွယ်လွန်သွားတဲ့ ဆရာမလေးလည်းကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader