သရုပ်ဆောင် ညီထွဠ်ခေါင်ရဲ့ချစ်သူကောင်မလေး သေဆုံး(သေဆုံးရတဲ့ အကြောင်းရင်း)










unicode

ညီထွဠ်ခေါင်ရဲ့ချစ်သူကောင်မလေး သေဆုံး(သေဆုံးရတဲ့ အကြောင်းရင်း)

ညီထွဠ်ခေါင်ရဲ့ ချစ်သူကောင်မလေးက ဇူလိုင် ၁၀ ရက်နေ့တွင် နှလုံးရပ်ပြီး နေအိမ်၌ ကွယ် လွန်သွားတယ်လို့ သိရှိရပါတယ်..

“မမေက Covid ကြောင့်ဆုံးတာလားဆိုတာတော့ အတပ်မပြောနိုင်ဘူး၊

ဆေးရုံမှာ ဆေးသေချာမစစ်ရသေးတော့လေ၊ နှလုံးရပ်ပြီး ဆုံးသွားတယ်လို့ ပြောလို့ရပါတယ်၊

အိမ်မှာဘဲ ဆုံးသွားတာပါ၊

ဆေးရုံသွားပြီးအချိန်မီ မကုလိုက်ရဘူး၊ ကျွန်တော်တို့ သိလိုက်ရတဲ့အချိန်မှာ တော်တော် နေမကောင်းဖြစ်နေပြီ ” ဆိုပြီး မမေရဲ့ မိတ်ဆွေတစ်ဦးမှ 8days သို့ ပြောပြခဲ့ပါတယ်..

သရုပ်ဆောင်ကျော်ကျော်က ” မောင်လေး ချစ်ရတဲ့မမေ…

ဒီပုံလေးဟာ နောက်ဆုံးရိုက်ယူခဲ့မိတဲ့ ပုံလေးဖြစ်လိမ့်မယ်လို့မထင်ခဲ့မိဘူးဗျာ…

အပူတေများတဲ့လောကကြီးကနေ ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါတော့နော်R. I. P”လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်းရေးသားထားခဲ့ပါတယ်