ျပည္သူနဲ႕အတူ CDM မွာပါ၀င္ခဲ့တဲ့ အငယ္တန္းစားေရး ေဒၚစုမြန္ဦးေရးတဲ့စာ

ျပည္သူနဲ႕အတူ CDM မွာပါ၀င္ခဲ့တဲ့ အငယ္တန္းစားေရး ေဒၚစုမြန္ဦးေရးတဲ့စာ

ကၽြန္မသည္ရွမ္းေျမာက္ပေလာင္ကိုယ္ပိုင္အုပ္ခ်ဴပ္ခြင့္ရေဒသနမ့္ဆန္ၿမိဳ႕နယ္ျမန္မာ့စာတိုက္လုပ္ငန္းတြင္အငယ္တန္းစာေရးတာဝန္ျဖင့္ထမ္းေဆာင္ေနေသာဝန္ထမ္းတစ္ဦးျဖစ္ပါသည္

တာဝန္စတင္ထမ္းေဆာင္ခဲ့သည့္(၂၀၁၃)ခုႏွစ္မွ (၂၀၂၁) ခုႏွစ္အထိဝန္ထမ္းလုပ္သက္ (၈)ႏွစ္လုံးလုံးမည္သည့္ပါတီနိုင္ငံေရးမ်ားတြင္မွပါဝင္ပတ္သက္ေဆာင္ရြက္ခဲ့ျခင္းမရွိပါ။

ယခုလည္းတစ္ပါတီ၊တစ္အုပ္စုေကာင္းစားေရးအတြက္ CDM ကိုေဆာင္ရြက္ေနျခင္းမဟုတ္သည့္အတြက္ပါတီနိုင္ငံေရးကင္းရွင္းသည္ဟုခံယူထားပါသည္။

နိုင္ငံ့ဝန္ထမ္းဆိုသည္မွာအဘယ္နည္းနိုင္ငံေတာ္၏တာဝန္မ်ားကိုထမ္းရြက္ေသာသူဟုအဓိပၸါယ္ဖြင့္ဆိုခ်င္ပါသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၁)အပိုဒ္ (၄) တြင္ ( နိုင္ငံေတာ္၏အာဏာသည္နိုင္ငံသားမ်ားထံမွဆင္းသက္၍ နိုင္ငံတစ္ဝွမ္းလုံး၌ တည္သည္ ) ဟု ပါရွိပါသည္။

ထို႔ေၾကာင့္ နိုင္ငံသားမ်ား၏ ေတာင္းဆိုခ်က္ျဖစ္ေသာCivil Dis-obedience Movement(CDM) တြင္ပူးေပါင္းပါဝင္ ေဆာင္ရြက္ေနျခင္း ျဖစ္ပါသည္။

က်မသည္နိုင္ငံ့ဝန္ထမ္းဥပေဒ အခန္း (၄)တာဝန္ႏွင့္အခြင့္အေရးမ်ားအပိုဒ္ – ၁၀ (က,ဂ,ဌ) တို႔အရနိုင္ငံေတာ္ႏွင့္နိုင္ငံသားတို႔၏အက်ိဳးစီးပြားကို အေလးထား၍အာဏာရွင္ စစ္အစိုးရလက္ေအာက္တြင္တာဝန္မထမ္းေဆာင္ဘဲCDM ျပဳလုပ္ေနျခင္း ျဖစ္ပါသည္။

က်မသည္ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံသားတစ္ဦးျဖစ္သည့္အတြက္၂၀၀၈ခုႏွစ္၊ဖြဲ႕စည္းပုံအေျခခံဥပေဒအခန္း (၁)နိုင္ငံေတာ္၏ အေျခခံမူမ်ားအပိုဒ္ – ၂၁(ဂ) အရ ျပည္သူတို႔၏ေအးခ်မ္းသာယာေရးႏွင့္တရားဥပေဒစိုးမိုးေရးအတြက္နိုင္ငံသားတစ္ဦးအေနျဖင့္ျပည္သူမ်ားႏွင့္အတူပူးေပါင္းပါဝင္ေဆာင္ရြက္ေနျခင္းျဖစ္ပါသည္။

က်မသည္ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၈)အပိုဒ္ – ၃၈၈ အရ ေခတ္မီဖြံ့ၿဖိဳးတိုးတက္ေသာနိုင္ငံေတာ္ႀကီးေပၚထြန္းေစေရးအတြက္နိုင္ငံသားတိုင္းတြင္တာဝန္ရွိသည့္အတြက္နိုင္ငံသူနိုင္ငံသားမ်ားတရားမၽွတလြတ္လပ္စြာမဲေပးေရြးခ်ယ္ထားေသာအစိုးရအားအာဏာျပန္လည္အပ္ႏွံေရး၊အင္တာနက္လိုင္းမ်ားအခ်ိန္ျပည့္ေကာင္းမြန္ေစေရး၊သတင္းအမွန္မ်ားအခ်ိန္ႏွင့္တေျပးညီသိရွိေစေရး၊ျပည္သူျပည္သားတို႔၏အသက္အိုးအိမ္မ်ားမထိခိုက္မပ်က္စီးေစေရးတို႔အတြက္ပူးေပါင္းပါဝင္ေဆာင္ရြက္ေနျခင္းျဖစ္ပါသည္။

ဤစာကိုဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၈) နိုင္ငံသူနိုင္ငံသားမ်ား၏မူလအခြင့္အေရးႏွင့္တာဝန္မ်ားအပိုဒ္ – ၃၅၄(က)အရမိမိယုံၾကည္ခ်က္အတိုင္းလြတ္လပ္စြာထုတ္ေဖာ္​ေရးသားေျပာဆိုျခင္းျဖစ္ပါသည္။

နိုင္ငံသူနိုင္ငံသားတို႔၏မဲေပးေရြးခ်ယ္ထားေသာ(မည္သည့္ပါတီဝင္မဆို) ျပည္သူ႔အစိုးရျပန္တက္လာေသာေန႔တြင္တာဝန္ျပန္လည္ထမ္းေဆာင္ပါမည္။အလုပ္မွႏႈတ္ထြက္ျခင္းမဟုတ္ပါ။ထြက္ဖို႔လည္းစိတ္ကူးမရွိပါ။

နိုင္ငံ့ဝန္ထမ္းနည္းဥပေဒအခန္း (၂) နည္းဥပေဒ (၁၂)အရဝန္ထမ္းတစ္ဦးသည္ ဌာနႏွင့္အေၾကာင္းတစ္စုံတရာေၾကာင့္ကင္းကြာ (၅)ႏွစ္အထိ ျဖစ္မွသာလၽွင္ဝန္ထမ္းအျဖစ္မွရပ္စဲသည္အထိအေရးယူခံရမည္ျဖစ္ပါသည္။

အကယ္၍ ယခုအခ်ိန္တြင္အျပစ္ေပးအေရးယူခံရပါကနိုင္ငံ့ဝန္ထမ္းဥပေဒ အခန္း(၁၁)အပိုဒ္ – ၅၅ အရ အယူခံတင္ျပပါမည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၈)အပိုဒ္ – ၃၇၅ အရ ခုခံေခ်ပသြားပါမည္။

အထက္ဌာနဆိုင္ရာအႀကီးအကဲမ်ားအားလုံးကိုရိုေသေလးစားပါသည္။

ေဒၚစုမြန္ဦး အငယ္တန္းစာေရးတာဝန္နမ့္ဆန္ၿမိဳ႕နယ္ျမန္မာ့စာတိုက္လုပ္ငန္းပေလာင္ကိုယ္ပိုင္အုပ္ခ်ဴပ္ခြင့္ရေဒသရွမ္းျပည္နယ္

unicode

ပြည်သူနဲ့အတူ CDM မှာပါဝင်ခဲ့တဲ့ အငယ်တန်းစားရေး ဒေါ်စုမွန်ဦးရေးတဲ့စာ

ကျွန်မသည်ရှမ်းမြောက်ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်မြန်မာ့စာတိုက်လုပ်ငန်းတွင်အငယ်တန်းစာရေးတာဝန်ဖြင့်ထမ်းဆောင်နေသောဝန်ထမ်းတစ်ဦးဖြစ်ပါသည်

တာဝန်စတင်ထမ်းဆောင်ခဲ့သည့်(၂၀၁၃)ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိဝန်ထမ်းလုပ်သက် (၈)နှစ်လုံးလုံးမည်သည့်ပါတီနိုင်ငံရေးများတွင်မှပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ခြင်းမရှိပါ။

ယခုလည်းတစ်ပါတီ၊တစ်အုပ်စုကောင်းစားရေးအတွက် CDM ကိုဆောင်ရွက်နေခြင်းမဟုတ်သည့်အတွက်ပါတီနိုင်ငံရေးကင်းရှင်းသည်ဟုခံယူထားပါသည်။

နိုင်ငံ့ဝန်ထမ်းဆိုသည်မှာအဘယ်နည်းနိုင်ငံတော်၏တာဝန်များကိုထမ်းရွက်သောသူဟုအဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)အပိုဒ် (၄) တွင် ( နိုင်ငံတော်၏အာဏာသည်နိုင်ငံသားများထံမှဆင်းသက်၍ နိုင်ငံတစ်ဝှမ်းလုံး၌ တည်သည် ) ဟု ပါရှိပါသည်။

ထို့ကြောင့် နိုင်ငံသားများ၏ တောင်းဆိုချက်ဖြစ်သောCivil Dis-obedience Movement(CDM) တွင်ပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ကျမသည်နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၄)တာဝန်နှင့်အခွင့်အရေးများအပိုဒ် – ၁၀ (က,ဂ,ဌ) တို့အရနိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးစီးပွားကို အလေးထား၍အာဏာရှင် စစ်အစိုးရလက်အောက်တွင်တာဝန်မထမ်းဆောင်ဘဲCDM ပြုလုပ်နေခြင်း ဖြစ်ပါသည်။

ကျမသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့်အတွက်၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁)နိုင်ငံတော်၏ အခြေခံမူများအပိုဒ် – ၂၁(ဂ) အရ ပြည်သူတို့၏အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်နိုင်ငံသားတစ်ဦးအနေဖြင့်ပြည်သူများနှင့်အတူပူးပေါင်းပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ကျမသည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)အပိုဒ် – ၃၈၈ အရ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးပေါ်ထွန်းစေရေးအတွက်နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည့်အတွက်နိုင်ငံသူနိုင်ငံသားများတရားမျှတလွတ်လပ်စွာမဲပေးရွေးချယ်ထားသောအစိုးရအားအာဏာပြန်လည်အပ်နှံရေး၊အင်တာနက်လိုင်းများအချိန်ပြည့်ကောင်းမွန်စေရေး၊သတင်းအမှန်များအချိန်နှင့်တပြေးညီသိရှိစေရေး၊ပြည်သူပြည်သားတို့၏အသက်အိုးအိမ်များမထိခိုက်မပျက်စီးစေရေးတို့အတွက်ပူးပေါင်းပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ဤစာကိုဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသူနိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များအပိုဒ် – ၃၅၄(က)အရမိမိယုံကြည်ချက်အတိုင်းလွတ်လပ်စွာထုတ်ဖော်​ရေးသားပြောဆိုခြင်းဖြစ်ပါသည်။

နိုင်ငံသူနိုင်ငံသားတို့၏မဲပေးရွေးချယ်ထားသော(မည်သည့်ပါတီဝင်မဆို) ပြည်သူ့အစိုးရပြန်တက်လာသောနေ့တွင်တာဝန်ပြန်လည်ထမ်းဆောင်ပါမည်။အလုပ်မှနှုတ်ထွက်ခြင်းမဟုတ်ပါ။ထွက်ဖို့လည်းစိတ်ကူးမရှိပါ။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအခန်း (၂) နည်းဥပဒေ (၁၂)အရဝန်ထမ်းတစ်ဦးသည် ဌာနနှင့်အကြောင်းတစ်စုံတရာကြောင့်ကင်းကွာ (၅)နှစ်အထိ ဖြစ်မှသာလျှင်ဝန်ထမ်းအဖြစ်မှရပ်စဲသည်အထိအရေးယူခံရမည်ဖြစ်ပါသည်။

အကယ်၍ ယခုအချိန်တွင်အပြစ်ပေးအရေးယူခံရပါကနိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း(၁၁)အပိုဒ် – ၅၅ အရ အယူခံတင်ပြပါမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)အပိုဒ် – ၃၇၅ အရ ခုခံချေပသွားပါမည်။

အထက်ဌာနဆိုင်ရာအကြီးအကဲများအားလုံးကိုရိုသေလေးစားပါသည်။

ဒေါ်စုမွန်ဦး အငယ်တန်းစာရေးတာဝန်နမ့်ဆန်မြို့နယ်မြန်မာ့စာတိုက်လုပ်ငန်းပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသရှမ်းပြည်နယ်