ကိုယ္၀န္ၾကီးနဲ႕ ကိုဗစ္ကူးစက္ခံရတဲ့အေၾကာင္းေျပာျပလာတဲ့ ႏိႈင္းယွဥ္ျမင့္မုိရ္

ႏွိုင္းယွဥ္ျမင့္မိုရ္ကေတာ့ ျပည္သူေတြနဲ႔အတူ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့သလို လႉဒါန္းမႈေတြကိုလည္း တတ္နိုင္သေလာက္ျပဳလုပ္ၿပီး ေဖးမကူညီကာ အားလုံးနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။

ႏွိုင္းယွဥ္ျမင့္မိုရ္ဟာ ယခုလက္ရွိအခ်ိန္မွာဒုတိယေျမာက္ကိုယ္၀န္ေဆာင္ထားရတာလည္းျဖစ္ၿပီး လြန္ခဲ့တဲ့ရက္ပိုင္းေလာက္က ကိုဗစ္ကူးစက္ခံခဲ့ရတယ္လို႔သိရပါတယ္။

ကိုယ္၀န္ေဆာင္ထားရခ်ိန္မွာ ကိုဗစ္ကူးစက္ခံခဲ့ရတဲ့အတြက္ ပရိသတ္ေတြကလည္း သူမအတြက္စိတ္ပူေနၾကသလို မိသားစုမိတ္ေဆြေတြကလည္း စိုးရိမ္ပူပန္ေနၾကတာပါ……။

အခုလို ကိုယ္၀န္ႀကီးနဲ႔ကိုဗစ္ကူးစက္ခံထားရေပမယ့္လည္း ႏွိုင္းယွဥ္ျမင့္မိုရ္ဟာ ေရာဂါကိုအံတုရင္ဆိုင္ရင္း သူမေက်ာ္ျဖတ္ခဲ့ပုံေလးကို ပရိသတ္ေတြအတြက္ မၽွေဝလာခဲ့ပါတယ္။

“ဒီေရာဂါ အေၾကာင္း ကိုယ္တစ္ကိုယ္စာ ခံစားလို႔ရသေလာက္ ေျပာျပေပးမယ္ရွင့္….ကိုယ္ဝန္ႀကီးနဲ႔မို႔ ဖစ္တာသိခ်င္ေနလို႔တဲ့…..ကၽြန္မ ေရာဂါေပ်ာက္ခါနီးမွ ကိုဗစ္ဖစ္ေနတာသိတာ 😁

ကၽြန္မလြန္ခဲ့တဲ့ 10ရက္ေလာက္ထဲက ခါးေတြ လက္ေတြ ေပါင္ေတြ ေျခသလုံးေတြ နာတာနာတာဆိုတာအားလုံးက ကိုယ္ဝန္ဆိပ္တက္ေနတာလို႔ပဲ ေျပာၾကတယ္ကၽြန္မလည္းအဲ့လိုပဲထင္ခဲ့တာ ကိုဗစ္ ကိုယ္ထဲ ဝင္ေနတာသိေတာင္မသိခဲ့ဘူး အစားအေသာက္မပ်က္ဘူး

လူမမာႀကီးလို မေနခဲ့ဘူး ျဖစ္ေနမွန္းေတာင္မသိခဲ့ဘူးးညညက်ရင္ တုန္ပီး ခ်မ္းတက္လာတာကိုလည္းဗိုက္ႀကီးသည္မို႔ မီးယပ္ခ်မ္း ထတယ္ပဲထင္ေနခဲ့တာ😁ဘာေဆးမွလည္းမေသာက္ခဲ့ဘူး ညညက်ရင္ ေျခေတြလက္ေတြ ကိုက္ေတာ့ ေယာက္က္်ားကို ေဆးလိမ္းခိုင္းတယ္…နင္းခိုင္း ႏွိပ္ခိုင္းတယ္….။

လြန္ခဲ့တဲ့ 4ရက္ေလာက္က အာေခါင္ေတြစနာတယ္…ႏွာေခါင္းပိတ္တယ္…ကိုယ္နည္းနည္းပူတယ္….အဲ့ဒါလည္း ငါမိုးမိလို႔ တုတ္ေကြး ဖစ္တယ္ေလာက္ပဲသေဘာထားတယ္….စားစရာရွိတာကေတာ့ အရင္ကထက္ပိုစားတယ္….ပိုအိပ္တယ္….အင္တာနက္မွာ ဟာသေတြရွာၾကည့္တယ္….သရဏဂုံ ရြတ္ေနတယ္…

ဆရာသမားေတြ ကလည္း ေမတၱာပို႔ေပးေနတယ္တဲ့…ပီးေတာ့ လြန္ခဲ့တဲ့ 2ရက္က အနံ့စေပ်ာက္တယ္….ဘာေရေမႊးနံ့ ဘာဟင္းနံ့မွမရေတာ့ဘူး

မေၾကာက္ပါဘူး ႏွာေခါင္းပိတ္ေနတယ္ပဲ သေဘာထားလိုက္တယ္….အိမ္ကလူေတြနဲ႔ သူငယ္ခ်င္းေတြကေတာ့ စိုးရိမ္ၾကတာေပါ့ ကိုယ္ဝန္ႀကီးနဲ႔ဆိုေတာ့….

တေန႔ ပါရာဒက္ 500 အားနဲ႔ စီဗစ္ မနက္နဲ႔ည ေသာက္တယ္….အားရွိတာေတြစားတယ္…အိပ္တယ္….ေရပုံမွန္ခ်ိဳးတယ္…ဒီေန႔မနက္ အနံ့ျပန္ရပီ…ေနလည္းေကာင္းတယ္….

ခု ေယာက္ခမက ၾကာဇံဟင္းခါးနဲ႔ ေရွာက္သီးသုပ္ ေကၽြးတယ္…ညေန အိတုံမရဲ့ ေဟာ့ေပါ့ အေကာင္းစားလာပို႔လိမ့္မယ္….စားမယ္…အိပ္မယ္…နားမယ္….

အားလုံး စိတ္ခ်ရမွ အလုပ္ေတြျပန္လုပ္မယ္….

ငါ့ဆီ ဒီေရာဂါ ေရာက္ကိုေရာက္လာနိုင္တယ္

ဘာေဆးနဲ႔မွ မေပ်ာက္ဘူးသာမာန္ပါရာစီတေမာ့နဲ႔ပဲအဓိက အစာအဟာရမျပတ္ဖို႔နဲ႔ စိတ္ဓာတ္မက်ဖို႔ကေပ်ာက္မယ့္တစ္ခုတည္းေသာနည္းလမ္းပါပဲ အမ်ိဳးတို႔🙏…..” တို႔ဆိုၿပီးေရးသားမၽွေဝလာခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Nhying Shin’s Facebook acc

unicode

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအစပိုင်းကတည်းက လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ဟာ ယခုလက်ရှိအချိန်မှာဒုတိယမြောက်ကိုယ်ဝန်ဆောင်ထားရတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။

ကိုယ်ဝန်ဆောင်ထားရချိန်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ပရိသတ်တွေကလည်း သူမအတွက်စိတ်ပူနေကြသလို မိသားစုမိတ်ဆွေတွေကလည်း စိုးရိမ်ပူပန်နေကြတာပါ……။

အခုလို ကိုယ်ဝန်ကြီးနဲ့ကိုဗစ်ကူးစက်ခံထားရပေမယ့်လည်း နှိုင်းယှဉ်မြင့်မိုရ်ဟာ ရောဂါကိုအံတုရင်ဆိုင်ရင်း သူမကျော်ဖြတ်ခဲ့ပုံလေးကို ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။

“ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်….ကိုယ်ဝန်ကြီးနဲ့မို့ ဖစ်တာသိချင်နေလို့တဲ့…..ကျွန်မ ရောဂါပျောက်ခါနီးမှ ကိုဗစ်ဖစ်နေတာသိတာ 😁

ကျွန်မလွန်ခဲ့တဲ့ 10ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာအားလုံးက ကိုယ်ဝန်ဆိပ်တက်နေတာလို့ပဲ ပြောကြတယ်ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင်မသိခဲ့ဘူး အစားအသောက်မပျက်ဘူး

လူမမာကြီးလို မနေခဲ့ဘူး ဖြစ်နေမှန်းတောင်မသိခဲ့ဘူးးညညကျရင် တုန်ပီး ချမ်းတက်လာတာကိုလည်းဗိုက်ကြီးသည်မို့ မီးယပ်ချမ်း ထတယ်ပဲထင်နေခဲ့တာ😁ဘာဆေးမှလည်းမသောက်ခဲ့ဘူး ညညကျရင် ခြေတွေလက်တွေ ကိုက်တော့ ယောက်က်ျားကို ဆေးလိမ်းခိုင်းတယ်…နင်းခိုင်း နှိပ်ခိုင်းတယ်….။

လွန်ခဲ့တဲ့ 4ရက်လောက်က အာခေါင်တွေစနာတယ်…နှာခေါင်းပိတ်တယ်…ကိုယ်နည်းနည်းပူတယ်….အဲ့ဒါလည်း ငါမိုးမိလို့ တုတ်ကွေး ဖစ်တယ်လောက်ပဲသဘောထားတယ်….စားစရာရှိတာကတော့ အရင်ကထက်ပိုစားတယ်….ပိုအိပ်တယ်….အင်တာနက်မှာ ဟာသတွေရှာကြည့်တယ်….သရဏဂုံ ရွတ်နေတယ်…

ဆရာသမားတွေ ကလည်း မေတ္တာပို့ပေးနေတယ်တဲ့…ပီးတော့ လွန်ခဲ့တဲ့ 2ရက်က အနံ့စပျောက်တယ်….ဘာရေမွှေးနံ့ ဘာဟင်းနံ့မှမရတော့ဘူး

မကြောက်ပါဘူး နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ်….အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်ကြတာပေါ့ ကိုယ်ဝန်ကြီးနဲ့ဆိုတော့….

တနေ့ ပါရာဒက် 500 အားနဲ့ စီဗစ် မနက်နဲ့ည သောက်တယ်….အားရှိတာတွေစားတယ်…အိပ်တယ်….ရေပုံမှန်ချိုးတယ်…ဒီနေ့မနက် အနံ့ပြန်ရပီ…နေလည်းကောင်းတယ်….

ခု ယောက်ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ်…ညနေ အိတုံမရဲ့ ဟော့ပေါ့ အကောင်းစားလာပို့လိမ့်မယ်….စားမယ်…အိပ်မယ်…နားမယ်….

အားလုံး စိတ်ချရမှ အလုပ်တွေပြန်လုပ်မယ်….

ငါ့ဆီ ဒီရောဂါ ရောက်ကိုရောက်လာနိုင်တယ်

ဘာဆေးနဲ့မှ မပျောက်ဘူးသာမာန်ပါရာစီတမော့နဲ့ပဲအဓိက အစာအဟာရမပြတ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ကပျောက်မယ့်တစ်ခုတည်းသောနည်းလမ်းပါပဲ အမျိုးတို့🙏…..” တို့ဆိုပြီးရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Nhying Shin’s Facebook acc