






unicode

မန္တလေးက ကျည်ထိမှန်သေဆုံးခဲ့တဲ့ သူရဲကောင်းမလေးမကြယ်စင်ရဲ့ နာရေးဈာပန

မန္တလေး ၈၄ လမ်းနဲ့ လမ်း ၃၀ ထောင့်မှာ မနေ့က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြရင်း

ဦးခေါင်းကျည်ထိမှန်ကျဆုံးတဲ့ မကြယ်စင် (ခ) ကျားရှိ အသက် ၁၉ နှစ်ရဲ့ နာရေးကို ဒီနေ့ လမ်း ၈၀ ယူနန် ဘုံကျောင်းမှာပြုလုပ်ပါတယ်။

အေးရိပ်ငြိမ်သုဿာန်မှာ ဂူသွင်းသင်္ဂြိုလ်မယ်လို့သိရပါတယ်။

မကြယ်စင်ရဲ့ နာရေးအခမ်းအနားကို ပြည်သူအများစုလာရောက် ဂါရဝပြုကြပါတယ်။

ကောင်းရာဘုံဘဝကို ရောက်ရှိနိုင်ပါစေ