ျမန္မာ့ရုပ္ရွင္အစည္းအရံုးမွ ခန္႕စည္သူအား ရာသက္ပန္ထုတ္ပယ္

ျမန္မာ့ရုပ္ရွင္အစည္းအရံုးမွ ခန္႕စည္သူအား ရာသက္ပန္ထုတ္ပယ္

တရားဝင္ ပိတ္ပင္ျခင္း

Myanmar Academy ဆုရွင္ သ႐ုပ္ေဆာင္ ” ခန္႔စည္သူ ” သည္ နိုင္ငံေရး အၾကပ္အတည္းျဖစ္ေနခ်ိန္ ျပည္သူမ်ားအား ကူညီေထာက္ပံျခင္းမ်ိဳးအား မေတြ႕ရျခင္း ၊

သင္ ရရွိထားေသာ Myanmar Academy ဆုTitle ႀကီးအား မေထာက္ထားဘဲ ျပည္သူ၏ စံျပပုဂၢိဳလ္တစ္ဦးအျဖစ္ ရွိမေနျခင္း

အခုလိုျပည္သူမ်ား အသက္ေခၽြးေပးဆပ္ေနရခ်ိန္မွာ စိတ္ပူပန္ၿပီး စာတေၾကာင္းမၽွေတာင္ ဖြင့္ဟေျပာဆိုျခင္းလဲမရွိျခင္း ႏွင့္

အဆိုးဆုံးကေတာ့ မိမိတို႔ျပည္သူလူထုကို ပုန္ကန္သည့္ သေဘာကို သက္ေရာက္ေနတာျဖစ္လို႔

ယေန႔ ၊ ယခုမွ စတင္ကာ Myanmar Academy ဆု တင္မက ျမန္မာ့႐ုပ္ရွင္အစည္းအ႐ုံးမွ ” ခန္႔စည္သူ ” အား

ရာသက္ပန္တရားဝင္ ပိတ္ပင္သြားမည္ျဖစ္ၿပီး သူႏွင့္ပက္သက္ေသာ Information မ်ား အားလုံးကိုလည္း မိမိတို႔ဖက္မွ ဖ်က္သိမ္းမည္​ျဖစ္ေၾကာင္း အမ်ားျပည္သူမ်ားအား အသိေပးအပ္ပါသည္ ။

ဆက္လက္ၿပီး အကယ္ဒမီ ဆုရရွိသူမ်ားထဲမွ ထုပ္ပယ္ရန္ က်န္ရွိေနသူမ်ား ထပ္မံတင္ျပသြားမည္။

#themyanmaracademyawards

unicode

မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ခန့်စည်သူအား ရာသက်ပန်ထုတ်ပယ်

တရားဝင် ပိတ်ပင်ခြင်း

Myanmar Academy ဆုရှင် သရုပ်ဆောင် ” ခန့်စည်သူ ” သည် နိုင်ငံရေး အကြပ်အတည်းဖြစ်နေချိန် ပြည်သူများအား ကူညီထောက်ပံခြင်းမျိုးအား မတွေ့ရခြင်း ၊

သင် ရရှိထားသော Myanmar Academy ဆုTitle ကြီးအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိမနေခြင်း

အခုလိုပြည်သူများ အသက်ချွေးပေးဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြောဆိုခြင်းလဲမရှိခြင်း နှင့်

အဆိုးဆုံးကတော့ မိမိတို့ပြည်သူလူထုကို ပုန်ကန်သည့် သဘောကို သက်ရောက်နေတာဖြစ်လို့

ယနေ့ ၊ ယခုမှ စတင်ကာ Myanmar Academy ဆု တင်မက မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ” ခန့်စည်သူ ” အား

ရာသက်ပန်တရားဝင် ပိတ်ပင်သွားမည်ဖြစ်ပြီး သူနှင့်ပက်သက်သော Information များ အားလုံးကိုလည်း မိမိတို့ဖက်မှ ဖျက်သိမ်းမည်​ဖြစ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည် ။

ဆက်လက်ပြီး အကယ်ဒမီ ဆုရရှိသူများထဲမှ ထုပ်ပယ်ရန် ကျန်ရှိနေသူများ ထပ်မံတင်ပြသွားမည်။

#themyanmaracademyawards