ေတာ္လွန္ေရးလူငယ္ ေတြဦးေဆာင္ၿပီးတည့္မတ္ေပးလိုက္တဲ့ အယူအဆတစ္ခု

ေတာ္လွန္ေရးလူငယ္ ေတြဦးေဆာင္ၿပီးတည့္မတ္ေပးလိုက္တဲ့ အယူအဆတစ္ခု

Photo ေတြ႕ေတာ့ ေပ်ာ္လြန္းလို႔ အေတြးေတြလဲ နယ္ခ်ဲ႕လို႔….. ေျပာပါရေစ

ကၽြန္ေတာ္တို႔မိသားစုနဲ႔ပတ္ဝန္းက်င္မွာ လူတိုင္းနီးပါး ၾကဳံဖူးပါတယ္။

အေမ့ထဘီေတြနဲ႔ အေဖ့ပုဆိုးေတြ ေရာမေလၽွာ္နဲ႔ ။ သားရဲ့ပုဆိုးနဲ႔ သမီးရဲ့ ေအာက္ခံေဘာင္းဘီေတြ၊ ထဘီေတြနဲ႔ေရာမေလၽွာ္နဲ႔လို႔ အျမဲတမ္းအိမ္ကေနမွာတာ၊ ေျပာတာ ၾကဳံရပါတယ္။ အဲ့လိုမ်ိဳး ေျပာတာက မိန္းကေလးက ေယာက္်ားေလး ထက္ဘုန္းနိမ့္တယ္ဆိုတဲအယုံအၾကည္၊ အေတြးအေခၚနဲ႔ လူႀကီးေတြက ဆက္ဆံေျပာဆိုခဲ့ၾကတာပါ။

တကယ္ေတာ့ အဲ့လိုမ်ိဳး ထဘီတန္းေအာက္လည္းမသြားရဘူး၊ ထဘီနဲ႔မထိရဘူး ဆိုတဲ့အေတြးအေခၚက သား ေယာက္်ားေလးေရာ ၊ သမီးမိန္းကေလးပါ ႏွစ္ေယာက္လုံးကိုဖ်က္ဆီးပါတယ္။ သားေယာက္်ားေလး ကိုဖ်က္ဆီးတယ္ဆိုတာက သူရဲ့ျဖစ္တည္မႈက တျခားသူေတြထက္ျမင့္ျမတ္တယ္-

အဲ့ဒါေၾကာင့္မိန္းကေလးကို တန္ဖိုးထားစရာမလိုဘူးလို႔ သင္ေပးလိုက္သလိုျဖစ္တယ္။

ဒီလိုေယာက္်ားေတြနဲ႔ခ်စ္သူျဖစ္ဖူး အိမ္ေထာင္က်ထားတဲ့သူေတြသိမွာပါ ဘယ္ေလာက္ ဆိုးတဲ့အေတြးအေခၚလဲဆိုတာ.. သမီးမိန္းကေလးဆိုရင္လည္း ေယာက္်ားေလးက ကိုယ့္ထက္ဘုန္းျမင့္တဲ့အတြက္ ကိုယ့္က သူတို႔ထက္ပိုၿပီးတဆင့္နိမ့္တဲ့အေတြးဝင္သြားေစၿပီး
ကိုယ္ကိုယ္ကိုတန္ဖိုးမထားတတ္ေတာ့ဖူး။

ဒီလိုမ်ိဳး ေခတ္ေနာက္ျပန္ေနတဲ့ယုံၾကည္မႈ ႀကီးျပင္းလာတဲ့ ကၽြန္ေတာ္တို႔ရဲ့အသိုင္းအဝိုင္းမွာ ဒီေန႔ ထဘီေတာ္လွန္ေရးကိုလုပ္ခဲ့တယ္။

ဒီပုံေတြထဲမွာျမင္ေနရတဲ့ ေယာက္်ားေလးအရြယ္မ်ိဳးစုံက ထဘီေတြနဲ႔ ျမင္ရေတာ့ အမေလး အမေလး ဒီပုံေတြေတြ႕ေတြ႕ခ်င္းမွာ ၿဖိဳးတကယ္ကို မ်က္ရည္က်ခ်င္ေလာက္တဲ့အထိကို ပီတိျဖစ္မိတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ဒါေတြက ၿဖိဳးတို႔ ျမန္မာလူမ်ိဳးေတြရဲ့ လူမႉဝန္းက်င္က culture အယူဝါဒနဲ႔အေတြးအေခၚေတြက ဘယ္ေလာက္ေတာင္ေခတ္မီတိုးတက္ၿပီးေျပာင္းလဲေနလဲဆိုတာကိုသက္ေသျပတာပါပဲ။

ၿဖိဳးတို႔ ေခတ္အဆက္ဆက္ Culture ယဥ္ေက်းမႈထုံးတမ္းစဥ္လာနဲ႔ပတ္သက္လို႔ wrong tradition အေတြးအေခၚ၊ အယူအဆအမွားေတြရွိခဲ့ၾကတာပါပဲ။ ဒီအယူအဆေတြကို မ်ိဳးဆက္သစ္ေတြလက္ထက္မွာ technology ဖြံ့ၿဖိဳးတိုးက္လတာနဲ႔အမၽွ ဒီအယူအဆေတြကိုလည္းတျဖည္းျဖည္းေျပာင္းလဲသြားနိုင္ရမယ္။

ဒါက ေနာက္ထပ္ generation ေတြအတြက္ အယူအဆတစ္ခုကို တည့္မတ္လိုက္တာျဖစ္ၿပီပိုမိုေကာင္းမြန္တဲ့ soceity တစ္ခုျဖစ္လာမွာပါ ။

ဒီေန႔ အမ်ိဳးသားေတြပါ တက္တက္ႂကြႂကြနဲ႔ပါဝင္လႈပ္ရွားခဲ့တဲ့ ထဘီေတာ္လွန္ေရးအၿပီးမွာ မိန္းကေလးေရာ၊ ေယာက္်ားေလးေရာ ႏွစ္ဖက္စလုံးက မိန္းမထဘီဆိုတာ ဘုန္းနိမ့္ေစတဲ့အရာမဟုတ္ဘူး

အဝတ္အထည္တစ္ခုလိုပဲျမင္လာမယ္။ ေယာက္်ားေလးျဖစ္ျဖစ္၊ မိန္းကလးျဖစ္ျဖစ္ လူဆိုတဲ့တန္ဖိုးကအတူတူပဲဆိုတဲ့ အေတြးအေခၚကို ပိုမိုတိုးပြားလာေစမယ့္ လႈပ္ရွားမႉတစ္ခုပါပဲ။

အဲ့ဒီအတြက္ ဒီေတာ္လွန္ေရးမွာ ထဘီကို ျခဳံၿပီး တက္ႂကြစြာပါဝင္ခဲ့တဲ့ အမ်ိဳးေကာင္းသားမ်ားကို ေလးစားဂုဏ္ျပဳပါတယ္။ ထဘီေတြနဲ႔ သူတို႔ကိုၾကည့္ရတာ ၿဖိဳးေတာ့ ထူးျခားလြန္းလို႔ ရင္ေတာင္ခုန္မိပါတယ္။

အားလုံးေရာ ထဘီကို ျခဳံၿပီး တက္ႂကြစြာပါဝင္ခဲ့တဲ့ အမ်ိဳးေကာင္းသားမ်ားကိုသေဘာက်ရင္ comment မွာေရးခဲ့ေပးပါ။

အေရးေတာ္ပုံေအာင္ရမည္။

Yours Phyo Phyo Aung 💛💛💛

တဆင့္ျပန္လည္ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္…။

unicode

တော်လှန်ရေးလူငယ် တွေဦးဆောင်ပြီးတည့်မတ်ပေးလိုက်တဲ့ အယူအဆတစ်ခု

Photo တွေ့တော့ ပျော်လွန်းလို့ အတွေးတွေလဲ နယ်ချဲ့လို့….. ပြောပါရစေ

ကျွန်တော်တို့မိသားစုနဲ့ပတ်ဝန်းကျင်မှာ လူတိုင်းနီးပါး ကြုံဖူးပါတယ်။

အမေ့ထဘီတွေနဲ့ အဖေ့ပုဆိုးတွေ ရောမလျှော်နဲ့ ။ သားရဲ့ပုဆိုးနဲ့ သမီးရဲ့ အောက်ခံဘောင်းဘီတွေ၊ ထဘီတွေနဲ့ရောမလျှော်နဲ့လို့ အမြဲတမ်းအိမ်ကနေမှာတာ၊ ပြောတာ ကြုံရပါတယ်။ အဲ့လိုမျိုး ပြောတာက မိန်းကလေးက ယောက်ျားလေး ထက်ဘုန်းနိမ့်တယ်ဆိုတဲအယုံအကြည်၊ အတွေးအခေါ်နဲ့ လူကြီးတွေက ဆက်ဆံပြောဆိုခဲ့ကြတာပါ။

တကယ်တော့ အဲ့လိုမျိုး ထဘီတန်းအောက်လည်းမသွားရဘူး၊ ထဘီနဲ့မထိရဘူး ဆိုတဲ့အတွေးအခေါ်က သား ယောက်ျားလေးရော ၊ သမီးမိန်းကလေးပါ နှစ်ယောက်လုံးကိုဖျက်ဆီးပါတယ်။ သားယောက်ျားလေး ကိုဖျက်ဆီးတယ်ဆိုတာက သူရဲ့ဖြစ်တည်မှုက တခြားသူတွေထက်မြင့်မြတ်တယ်-

အဲ့ဒါကြောင့်မိန်းကလေးကို တန်ဖိုးထားစရာမလိုဘူးလို့ သင်ပေးလိုက်သလိုဖြစ်တယ်။

ဒီလိုယောက်ျားတွေနဲ့ချစ်သူဖြစ်ဖူး အိမ်ထောင်ကျထားတဲ့သူတွေသိမှာပါ ဘယ်လောက် ဆိုးတဲ့အတွေးအခေါ်လဲဆိုတာ.. သမီးမိန်းကလေးဆိုရင်လည်း ယောက်ျားလေးက ကိုယ့်ထက်ဘုန်းမြင့်တဲ့အတွက် ကိုယ့်က သူတို့ထက်ပိုပြီးတဆင့်နိမ့်တဲ့အတွေးဝင်သွားစေပြီး
ကိုယ်ကိုယ်ကိုတန်ဖိုးမထားတတ်တော့ဖူး။

ဒီလိုမျိုး ခေတ်နောက်ပြန်နေတဲ့ယုံကြည်မှု ကြီးပြင်းလာတဲ့ ကျွန်တော်တို့ရဲ့အသိုင်းအဝိုင်းမှာ ဒီနေ့ ထဘီတော်လှန်ရေးကိုလုပ်ခဲ့တယ်။

ဒီပုံတွေထဲမှာမြင်နေရတဲ့ ယောက်ျားလေးအရွယ်မျိုးစုံက ထဘီတွေနဲ့ မြင်ရတော့ အမလေး အမလေး ဒီပုံတွေတွေ့တွေ့ချင်းမှာ ဖြိုးတကယ်ကို မျက်ရည်ကျချင်လောက်တဲ့အထိကို ပီတိဖြစ်မိတယ်။

ဘာကြောင့်လဲဆိုတော့ ဒါတွေက ဖြိုးတို့ မြန်မာလူမျိုးတွေရဲ့ လူမှူဝန်းကျင်က culture အယူဝါဒနဲ့အတွေးအခေါ်တွေက ဘယ်လောက်တောင်ခေတ်မီတိုးတက်ပြီးပြောင်းလဲနေလဲဆိုတာကိုသက်သေပြတာပါပဲ။

ဖြိုးတို့ ခေတ်အဆက်ဆက် Culture ယဉ်ကျေးမှုထုံးတမ်းစဉ်လာနဲ့ပတ်သက်လို့ wrong tradition အတွေးအခေါ်၊ အယူအဆအမှားတွေရှိခဲ့ကြတာပါပဲ။ ဒီအယူအဆတွေကို မျိုးဆက်သစ်တွေလက်ထက်မှာ technology ဖွံ့ဖြိုးတိုးက်လတာနဲ့အမျှ ဒီအယူအဆတွေကိုလည်းတဖြည်းဖြည်းပြောင်းလဲသွားနိုင်ရမယ်။

ဒါက နောက်ထပ် generation တွေအတွက် အယူအဆတစ်ခုကို တည့်မတ်လိုက်တာဖြစ်ပြီပိုမိုကောင်းမွန်တဲ့ soceity တစ်ခုဖြစ်လာမှာပါ ။

ဒီနေ့ အမျိုးသားတွေပါ တက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားခဲ့တဲ့ ထဘီတော်လှန်ရေးအပြီးမှာ မိန်းကလေးရော၊ ယောက်ျားလေးရော နှစ်ဖက်စလုံးက မိန်းမထဘီဆိုတာ ဘုန်းနိမ့်စေတဲ့အရာမဟုတ်ဘူး

အဝတ်အထည်တစ်ခုလိုပဲမြင်လာမယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလးဖြစ်ဖြစ် လူဆိုတဲ့တန်ဖိုးကအတူတူပဲဆိုတဲ့ အတွေးအခေါ်ကို ပိုမိုတိုးပွားလာစေမယ့် လှုပ်ရှားမှူတစ်ခုပါပဲ။

အဲ့ဒီအတွက် ဒီတော်လှန်ရေးမှာ ထဘီကို ခြုံပြီး တက်ကြွစွာပါဝင်ခဲ့တဲ့ အမျိုးကောင်းသားများကို လေးစားဂုဏ်ပြုပါတယ်။ ထဘီတွေနဲ့ သူတို့ကိုကြည့်ရတာ ဖြိုးတော့ ထူးခြားလွန်းလို့ ရင်တောင်ခုန်မိပါတယ်။

အားလုံးရော ထဘီကို ခြုံပြီး တက်ကြွစွာပါဝင်ခဲ့တဲ့ အမျိုးကောင်းသားများကိုသဘောကျရင် comment မှာရေးခဲ့ပေးပါ။

အရေးတော်ပုံအောင်ရမည်။

Yours Phyo Phyo Aung 💛💛💛

တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်…။