ခဗျားတို့ကြားနေရတဲ့ ရွှေဘို၊သီးလုံးကျေးရွာကသတင်းဆိုတာ ဒီလိုပါဗျာ
credit
unicode
တစ်ပတ်လောက်တော့ ရှိသွားပါပြီ။ လိုင်းမရလို့ updateမတင်ရတာ။
ကျွန်တော့်ရွာနဲ့ မလှမ်းမကမ်းရွာမှာ ဖြစ်သွားတာလေး။
ဖြစ်ပုံက အနီမနဲ့အစိမ်းမ ရန်ဖြစ်ရာကစတာ။ အနီမက အစိမ်းမကို အချိုသတ်ပြီး အနီးကပ်ဓားနဲ့ထိုးတာ။
ဇောနဲ့ဆိုတော့ ဓားအိမ်မချွတ်မိဘူး။ အဲ့မှာ အစိမ်းမ ကံကောင်းသွားတယ်။
ပြီးတော့ အနီမကို လေးခွနဲ့ပြန်ဆော်တယ်တဲ့။ နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အစိမ်းဘက်က စစ်တပ်ခေါ်မယ်လုပ်ရော။
တကယ်လည်း သွားခေါ်တယ်။ သတင်းကြားတော့ အနီတွေ ရွာကထွက်ပြေးကြရော။
စစ်တပ်က လာခေါ်တာကို မယုံဘူး။
သတ်ကွင်းထဲဆွဲခေါ်တယ်ချည်းထင်ပြီး လာခေါ်တဲ့အစိမ်းအုပ်စုကို နားရင်းချည်း တီးလွှတ်သတဲ့။
ဒါနဲ့ မရတော့ ပြန်လာရရော။ အဲ့မှာ အနီတွေက ရွာကို ဒုက္ခပေးရမလားဆိုပြီး အစိမ်းတွေအိမ်ကို ဝင်ဖျက်ရော။
တစ်ခါ အစိမ်းတွေက စစ်တပ်ပြေးခေါ်ရော။ ဒီတစ်ခါတော့ ရိုက်မလွှတ်ဘူး။
စီးလာတဲ့ဆိုင်ကယ်တွေ ယူလွှတ်လိုက်လို့ ခြေကျင်ပြန်လာရသတဲ့။
ပြန်လာပြီး မကျေနပ်လို့ ငွေထုပ်ပိုက် ထပ်သွားခေါ်သတဲ့။
အဲ့ဒီကျမှ စစ်တပ်က လိုက်လာတယ်။ အနီအုပ်စုကတော့ ပြေးနှင့်ကြပြီ။ တစ်ယောက်မှမကျန်ခဲ့ဘူး။
စစ်တပ်ရွာထဲရောက်တဲ့အချိန် အစိမ်းတွေပဲ ကျန်တာ။ ကိုယ်တော်တွေကလည်း မမေးမစမ်းနဲ့ တွေ့သမျှ ဖမ်းရော။
အဲ့ကျမှ ” ဟ…ဟ…ဆရာကြီးတို့ အဲ့ဒါ ကျုပ်တို့လူတွေဗျ ” ဝင်ပြောတာမှာ ” ဆောရီး ကိုယ့်လူတို့၊ ဖမ်းရမယ့်တာဝန်က ကျုပ်တို့တာဝန်၊ ရွေးရမှာက ခင်ဗျားတို့တာဝန် “တဲ့။
လူတစ်ယောက်ကို လေးသိန်းနဲ့ လူခုနှစ်ဆယ်ကျော် ဖမ်းသတဲ့။
တပ်ကိုလည်း လုံခြုံရေးအကြောင်းပြပြီး အဲ့ရွာမှာပဲ တပ်စွဲထားလိုက်တယ်။
စစ်ပြေးတွေကတော့ ရွာပြန်ကပ်လို့မရဘူးပေါ့။
အကုန်ဖမ်းတယ်ဆိုတော့ စိမ်းတာ နီတာမရှိတော့ဘူး။ အကုန်ပြေးပဲ။
နောက်ဆက်တွဲသတင်းအနေနဲ့ကတော့ တပ်က အင်အား နည်းနည်းပဲချန်ထားခဲ့ပြီး တပ်ဆုတ်သွားတယ်။
အစိမ်းအုပ်စုက ရွာထဲပြန်ဝင်လာတယ်။
အနီတွေသိတော့ ဝင်သတ်တယ်။
နှစ်ယောက် ပွဲချင်းပြီးသေပြီး ခြောက်ယောက် ဆေးရုံပို့လိုက်ရတယ်။
ဆေးရုံရောက်တဲ့ လူတွေကလည်း ဂျင်ကလိတွေ ခန္ဓာကိုယ်မှာ စိုက်ပြီး ပါ လာကြတာတဲ့။
တစ်ယောက်ကို အနည်းဆုံး လေးချောင်းကနေ ခုနှစ်ချောင်းအထိတဲ့။
ခင်ဗျားတို့ ကြားနေရတဲ့ ရွှေဘိုဘက်က သတင်းဆိုတာလေ