အသက္လုေျပးေနရတဲ့အခ်ိန္မွာစားခဲ့ရတဲ့ တန္ဖိုးမျဖတ္ႏိုင္ေသာ ထမင္းတစ္နပ္

အသက္လုေျပးေနရတဲ့အခ်ိန္မွာစားခဲ့ရတဲ့ တန္ဖိုးမျဖတ္ႏိုင္ေသာ ထမင္းတစ္နပ္

မနက္ကေျပးရင္းလႊားရင္ က်ဴးေက်ာ္ရပ္ကြက္ေရာက္ေတာ့ ပိတ္မိသြားပီ ဘယ္မွကူးလို႔မရေတာ့တဲ့အေျခအေနေရာက္သြားတယ္ ဟိုဘက္ကူးတဲ့အေပါက္ကလည္းပိတ္ထားတယ္

အဲ့ဒီက်ဴးေက်ာ္ရပ္ကြက္မွာပဲခဏပုန္းေနခဲ့ရတယ္

အဲ့အခ်ိန္ကဗိုက္ဆာ အိပ္ေရးလည္းမဝ သူတို႔ေဖ်ာ္တိုက္တဲ့ေကာ္ဖီေသာက္ရတယ္ ေန႔လည္ေရာက္ေတာ့လဲ

သူတို႔ကပဲခ်က္ေကၽြးတဲ့ထမင္းကိုစားခဲ့ရတယ္

အသားတုပဲဟင္း၊ ငါးေျခာက္ေၾကာ္၊ ၾကက္ဥေၾကာ္ ရယ္ တကယ္အရသာရွိတယ္ သူတို႔မ်က္ႏွာမွာလည္း

ေစတနာပီတိေတြျမင္ရတယ္ ထမင္းစားၿပီးေတာ့

လွဲၿပီးနားခ်င္တဲအလြတ္ေလးရွိတယ္တဲ့ နားၾကမလားတဲ့ စိတ္ခ်ပါ ကၽြန္ေတာ္တို႔ရပ္ကြက္ကလုံျခဳံပါတယ္တဲ့

သူေတာင္းစား ေတြပဲေနၾကတာတဲ့ 😓😓

ဘယ္သူမွအဖက္မလုပ္ၾကပါဘူးတဲ့ 😭😭

ဟုတ္တယ္ဗ်ာ ကၽြန္ေတာ္တို႔အဆင္ေျပေနတုန္းကသူတို႔ကို ေစာက္ဖက္ေတာင္လုပ္ခဲ့တာမဟုတ္ဘူး

က်ဴးေက်ာ္အာဝါဒီးေတြပဲလို႔ ေတြးခဲ့မိတဲ့ကိုယ့္ကိုကိုယ္

ေတာင္ရြံမိတယ္ သူတို႔မွာကၽြန္ေတာ္တို႔ထက္ျမင့္ျမတ္တဲ့စိတ္ထားေတြအျပည့္အဝရွိတာ ဒီေန႔ျမင္ခဲ့ရတယ္

ကၽြန္ေတာ္တို႔ကိုလာေခၚထုတ္ေပးတဲ့ကားလာတဲ့အခ်ိန္

မွာေတာ့ တိုက္အိမ္အႀကီးႀကီးေပၚကလူေတြရဲ့ယုတ္ညံမႈကိုလည္းျမင္ခဲ့ရတယ္ ဂိတ္တံခါးေလးဖြင့္ေပးဖို႔ေတာင္းပန္တာေတာင္မဖြင့္ေပးခဲ့ဘူး

ေနာက္ဆုံး အုတ္တံတိုင္းကိုေက်ာ္တက္ခဲ့ရတယ္ခက္ခက္ခဲခဲ ဓားသြားဆူးႀကိဳးေတြအျပည့္တပ္ထားတဲ့အုတ္တံတိုင္းေပၚ

ႀကိဳးနဲ႔တြယ္တက္ ဓားသြားေတြရွ ျဖစ္တဲ့အထိတက္ခဲ့ရတယ္ အဲ့မွာကြဲကြဲျပားျပားသိလိုက္ရတာက စိတ္ဓာတ္ေတြက မိုးနဲ႔ေျမလိုကြာျခားၾကတာပဲ

အဲ့ဒီတံခါးမဖြင့္ေပးတဲ့အိမ္ကေတာ့ မွတ္မွတ္ရရ ငယ္ငယ္ကတည္းကသိတာ D2 ပိုင္ရွင္ရဲ့အိမ္ပါ ေတာ္လွန္ေရးႀကီးၿပီးမွေတြ႕ၾကတာေပါ့ဗ်ာ ထမင္းေႂကြး ေနစရာေပးခဲ့တဲ့ျမင့္ျမတ္တဲ့

စိတ္ဓာတ္ပိုင္ရွင္က်ဴးေက်ာ္က ေက်းဇူးရွင္ေတြကိုလည္းေတာ္လွန္ေရးႀကီးၿပီးတဲ့အခါေတြ႕ခ်င္ပါေသးတယ္ဗ်ာ

#ေလးစားဖြယ္စိတ္ဓာတ္ပိုင္ရွင္ေတြပါ

Source : Synyster

unicode

အသက်လုပြေးနေရတဲ့အချိန်မှာစားခဲ့ရတဲ့ တန်ဖိုးမဖြတ်နိုင်သော ထမင်းတစ်နပ်

မနက်ကပြေးရင်းလွှားရင် ကျူးကျော်ရပ်ကွက်ရောက်တော့ ပိတ်မိသွားပီ ဘယ်မှကူးလို့မရတော့တဲ့အခြေအနေရောက်သွားတယ် ဟိုဘက်ကူးတဲ့အပေါက်ကလည်းပိတ်ထားတယ်

အဲ့ဒီကျူးကျော်ရပ်ကွက်မှာပဲခဏပုန်းနေခဲ့ရတယ်

အဲ့အချိန်ကဗိုက်ဆာ အိပ်ရေးလည်းမဝ သူတို့ဖျော်တိုက်တဲ့ကော်ဖီသောက်ရတယ် နေ့လည်ရောက်တော့လဲ

သူတို့ကပဲချက်ကျွေးတဲ့ထမင်းကိုစားခဲ့ရတယ်

အသားတုပဲဟင်း၊ ငါးခြောက်ကြော်၊ ကြက်ဥကြော် ရယ် တကယ်အရသာရှိတယ် သူတို့မျက်နှာမှာလည်း

စေတနာပီတိတွေမြင်ရတယ် ထမင်းစားပြီးတော့

လှဲပြီးနားချင်တဲအလွတ်လေးရှိတယ်တဲ့ နားကြမလားတဲ့ စိတ်ချပါ ကျွန်တော်တို့ရပ်ကွက်ကလုံခြုံပါတယ်တဲ့

သူတောင်းစား တွေပဲနေကြတာတဲ့ 😓😓

ဘယ်သူမှအဖက်မလုပ်ကြပါဘူးတဲ့ 😭😭

ဟုတ်တယ်ဗျာ ကျွန်တော်တို့အဆင်ပြေနေတုန်းကသူတို့ကို စောက်ဖက်တောင်လုပ်ခဲ့တာမဟုတ်ဘူး

ကျူးကျော်အာဝါဒီးတွေပဲလို့ တွေးခဲ့မိတဲ့ကိုယ့်ကိုကိုယ်

တောင်ရွံမိတယ် သူတို့မှာကျွန်တော်တို့ထက်မြင့်မြတ်တဲ့စိတ်ထားတွေအပြည့်အဝရှိတာ ဒီနေ့မြင်ခဲ့ရတယ်

ကျွန်တော်တို့ကိုလာခေါ်ထုတ်ပေးတဲ့ကားလာတဲ့အချိန်

မှာတော့ တိုက်အိမ်အကြီးကြီးပေါ်ကလူတွေရဲ့ယုတ်ညံမှုကိုလည်းမြင်ခဲ့ရတယ် ဂိတ်တံခါးလေးဖွင့်ပေးဖို့တောင်းပန်တာတောင်မဖွင့်ပေးခဲ့ဘူး

နောက်ဆုံး အုတ်တံတိုင်းကိုကျော်တက်ခဲ့ရတယ်ခက်ခက်ခဲခဲ ဓားသွားဆူးကြိုးတွေအပြည့်တပ်ထားတဲ့အုတ်တံတိုင်းပေါ်

ကြိုးနဲ့တွယ်တက် ဓားသွားတွေရှ ဖြစ်တဲ့အထိတက်ခဲ့ရတယ် အဲ့မှာကွဲကွဲပြားပြားသိလိုက်ရတာက စိတ်ဓာတ်တွေက မိုးနဲ့မြေလိုကွာခြားကြတာပဲ

အဲ့ဒီတံခါးမဖွင့်ပေးတဲ့အိမ်ကတော့ မှတ်မှတ်ရရ ငယ်ငယ်ကတည်းကသိတာ D2 ပိုင်ရှင်ရဲ့အိမ်ပါ တော်လှန်ရေးကြီးပြီးမှတွေ့ကြတာပေါ့ဗျာ ထမင်းကြွေး နေစရာပေးခဲ့တဲ့မြင့်မြတ်တဲ့

စိတ်ဓာတ်ပိုင်ရှင်ကျူးကျော်က ကျေးဇူးရှင်တွေကိုလည်းတော်လှန်ရေးကြီးပြီးတဲ့အခါတွေ့ချင်ပါသေးတယ်ဗျာ

#လေးစားဖွယ်စိတ်ဓာတ်ပိုင်ရှင်တွေပါ

Source : Synyster