




ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

source-khit thit media

unicode

ရန်ကုန်အင်းလျားလမ်းနှင့်ပြည်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းနှင့် ရွှေပြည်သာတွင် ဗုံးများပေါက်(ရုပ်/သံ)

ရန်ကုန်၊ အင်းလျားလမ်းနှင့် ပြည်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းတွင် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရှိရသည်။

အလားတူ ရွှေပြည်သာမြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားကြောင်း သိရှိရသည်။

လက်ရှိ ရရှိထားသော သတင်းများအရ ဗုံးပေါက်ကွဲမှုများကြောင့် လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ဗီဒီယို- အင်လျားလမ်းနှင့်ပြည်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းအဆောင် ယနေ့ နံနက် ဗုံးပေါက်စဉ်။