ဒီနေ့ဆန္ဒပြပွဲမှာ ဇနီးနှင့်သားကို အပြီးတိုင်စွန့်ခွါသွားခဲ့ရတဲ့ ကိုချစ်မင်းသူ












unicode

အိမ်ကထွက်ခါနီး ဇနီးသည်က တားတော့ “ငါမထွက်ရင်ငါ့လိုမထွက်တဲ့သူတွေများသွားရင်ဘယ်လိုလုပ်မလဲတဲ့”

ဇနီးသည်ကိုချော့မော့ပြီး ရအောင်ထွက်ခဲ့တယ်။

အမေ့ဆီကလဲ မုန့်ဖိုး ၁ဝဝဝတောင်းတော့ အမေကလဲ စိတ်မချလို့ သံပုရာသီး တစ်လုံး လွယ်အိတ်လေးထဲ အဆောင်သဘောမျိုး ထည့်ပေးလိုက်သေးတယ်။

သမီးလေးကိုပွေ့ချီ နဖူးလေးကိုနမ်းပြီး အဖေပြန်လာမယ်နော်ဆိုကာ အိမ်ကနေထွက်ခဲ့တယ်။

ဒါပေမယ့် သူဒီနေ့ ပြန်မလာနိုင်ခဲ့ဘူး..

ချစ်ဇနီး၊သားသမီးနဲ့ မွေးအမေ တို့ကို အပြီးတိုင်နှုတ်ဆက်သွားခဲ့ပြီ။

ဒီလိုမိသားစုနဲ့ စွန့်ခွါသွားရတဲ့သူတွေ ဘယ်လောက်တောင်ရှိနေပြီလဲ

ဘယ်လောက်တောင် ထပ်ရှိလာအုံးမှာလဲ

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေ

အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်နိုင်ပါစေ

ဒီလိုမျိုးတွေ နောက်ထပ်မဖြစ်အောင် ရှယ်ပေးကြပါ