Unicode
လူမမယ်ကလေးနဲ့ မီးနေသည်မိန်းမကိုထားခဲ့ပြီး အသက်ပေးသွားရရှာပြီ
ယောကျာ်းလို မထွက်တဲ့သူတွေများလာရင် ဒီမိုကရေစီ ဘယ်လိုရမလဲတဲ့ သေရင်တောင်တန်တယ်တဲ့ အဲ့တာကြောင့်သူထွက်ပေးတယ် လေးစားပါတယ်..မြောက်ဒဂုံသပိတ်မှာ ကျဆုံးခဲ့သူရဲ့ဇနီး မနက်ကလေ သူကနေ့တိုင်းထွက်ပါတယ်။မထွက်နဲ့လို့အတန်တန်ပြောပါတယ်သူ့ကို။
ကလေးလေးလည်း နောက်တစ်ယောက်ရှိနေသေးတဲ့အတွက် မသွားပါနဲ့လို့ပြောပါတယ်။ယောကျာ်းရေ မသွားပါနဲ့ တစ်ခုခုဖြစ်ရင် ဒုက္ခရောက်မှာဆိုပြီး အမြဲတမ်းပြောပါတယ်။ သူကမရဘူး သွားတယ်‌ နေ့တိုင်း။
သေရင်တောင်တန်တယ်တဲ့။ သူတစ်ယောက်မထွက်ရင် သူ့လိုလူတွေများသွားရင် ဘယ်လိုလုပ်မလဲတဲ့။သူ့လိုလူတွေများသွားရင် ဒီနိုင်ငံက ဒီမိုကရေစီမရတော့ဘူးတဲ့။ ဒီမိုကရေစီမရမှာစိုးရိမ်နေတာ။ ခုကျတော့ဘာရလဲ။သူသေတာပဲအဖတ်တင်တာ။
အခု ကျွန်မတို့မှာ ကျွန်မ‌ယောကျာ်းအလောင်းတောင်မမြင်ရသေးဘူး။သေတာ အခုမမြင်ရသေးဘူး။အလောင်းကို ဆေးရုံခေါ်သွားလားလဲမသိသေးဘူး။ ဘာမှမသိရဘူး ။ဘာမှမသိရဘူး။
သူ့ကိုထွက်သွားမှာစိုးလို့လေ သူ့ကိုညီမအမြဲတမ်းတားတယ်။နင်ထွက်သွားရင် နင်ရဲ့နောက်ထပ်ကလေးလေးကိုငါမ‌မွေးပေးဘူး။မလုပ်ပါနဲ့မိန်းမရယ်တဲ့။ ငါ့ကိုခွင့်လွှတ်ပေးပါတဲ့။ကလေးကိုလဲမလုပ်ပါနဲ့‌တဲ့။
တော်ပါတော့ တော်ပါတော့ ကျွန်တော် မပြောချင်တော့ဘူး။ဘာမှ မတော် ဘဲ ငိုရမယ် ဆိုတာ မတွေးထားဘူး ထပ်တူ ငိုရပါတယ် ညီမလေးရယ် 😭😭😭😭😭 ရင်တွေ နာရပါတယ် အာဏာရှင်အလိုမရှိ သူတို့ အာဏာရူးတာ ဘာလက်နက် မှမရှိတဲ့ ပြည်သူတွေသေရတယ် ဘယ်လောက်တွေ သေပေးရအုံးမှာလဲ တော်ကြပါတော့ 😭🙏🙏🙏
မထွက်တဲ့သူတွေများလာရင် ဒီမိုကရေစီ ဘယ်လိုရမလဲတဲ့ အဲ့တာကြောင့်သူထွက်ပေးတယ်လေးစားပါတယ။်ပေးဆပ်မှုက တန်ဖိုးကြီးတယ်။အစားထိုးမရတဲ့ တန်ဖိုးရှိတဲ့ လူအသက်တွေကို လုပ်ရက်ကြတယ်။ အာဇာနည်ရဲ့အသက်တွေနဲ့ရင်နှီးရတဲ့ အရေးတော်ပုံ အမြန်အောင်မြင်ပါစေ။ ကျဆုံးသူတွေရဲ့မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပါတယ်။
ကြည့်ရင်းကို မိသားစုနဲ့ ထက်တူ ရင်တွေကွဲပါပြီ 😭 အရမ်းကြွေကွဲဖို့ကောင်းတယ် ။ ရက်စက်လိုက်ကြတာ ဒီလို ဘယ်နှစ်ယောက် ထပ်ပြီး ပေးဆပ်နေကြရဦးမှာလဲနော်