ေရစက္ခ်လွဴျခင္းႏွင့္ ေရစက္မ ခ်ပဲလွဴျခင္း အက်ိဳးကြာျခားခ်က္

ေရစက္မခ်ဘဲ လွူတာကို “ဒါန”လို့ ေခၚတယ္။

ေရစက္ခ်ျခင္းကို “ပတၱိဒါန”လို့ ေခၚတယ္။

ေရစက္မခ်ဘဲလွူလၽွင္ ဒါနအက်ိဳးသက္သက္မၽွကိုသာ ရတယ္။

ေရစက္ခ်တဲ့အတြက္ ဒါနအက်ိဳးမၽွ မကဘူး ၊ ပတၱိဒါနအက်ိဳးကိုလည္း ရတယ္။

ပတၱိဒါနအေၾကာင္းကို အနည္းငယ္ ေျပာျပဦးမယ္။

ပတၱိ+ဒါန ဆိုတဲ့ ပုဒ္ႏွစ္ပုဒ္မွာပတၱိဆိုတာ မိမိထံ ကုသိုလ္ေရာက္လာတာကို “ပတၱိ”လို့ေခၚတယ္။ဒါနဆိုတာေကတာ့ ေပးျခင္း။

ဒါေၾကာင့္ မိမိထံ ေရာက္လာတဲ့ ကုသိုလ္ကို သူတစ္ပါးထံ အမၽွေပးေဝျခင္းကို ပတၱိဒါန လို့ေခၚတယ္။ ေရွးဦးစြာ တစ္စုံတစ္ခုေသာ ဝတၳဳကို လွူတယ္။ ထိုသို့ လွူတဲ့အတြက္ ေရာက္လာတဲ့ ဒါနေစတနာကို “ပတၱိ”လို့ ေခၚတယ္။

မိမိထံေရာက္လာတဲ့ ဒါနေစတနာကို ၾကားၾကားသမၽွ သာဓုေခၚေတာ္မူၾကပါလို့ေဝငွေပးတဲ့ ေစတနာကို “ပတၱိဒါန”လို့ ေခၚတယ္။

ကိုယ္ရထားတဲ့ကုသိုလ္ကို သူတစ္ပါးတို့အား ေပးလိုက္လၽွင္ကိုယ့္မွာကုသိုလ္ ကုန္သြားေရာ့လားလို့ ေတြးမွားစရာ ရွိတယ္။

မီးတိုင္တစ္တိုင္ ထြန္းထားရာက မီးတိုင္အမ်ား မီးလာကူးတဲ့အတြက္ မူလမီးရဲ့ အေရာင္အလင္းဟာ ေလ်ာ့မသြားသည့္အျပင္ အလင္းေရာင္ ပိုလာသလို မူလကုသိုလ္ရွင္မွာ ကုသိုလ္ မကုန္တဲ့အျပင္ ပတၱိဒါန ကုသိုလ္အက်ိဳးကိုပင္ ထပ္ၿပီးရေသးတဲ့အတြက္ ေရစက္မခ်ဘဲ လွူလၽွင္ ဒါနအက်ိဳး သက္သက္မၽွသာ ရတယ္။

ေရစက္ခ် အလွူေပးတဲ့အတြက္ ပတၱိဒါနအက်ိဳးကိုပါ ရတယ္လို့ မွတ္သားသင့္တယ္။

ေရစက္ခ်စဥ္ ခံယူရမည့္စိတ္ထားက᠌᠌᠌ ႐ုပ္တရား နာမ္တရား မွန္သမၽွ ျဖစ္ၿပီး ပ်က္တတ္တာခ်ည္းမို့မျမဲတဲ့ အနိစၥဆိုတာလည္း ႐ုပ္နာမ္ပဲ ။ဆင္းရဲတတ္တဲ့ ဒုကၡဆိုတာလည္း ႐ုပ္နာမ္ပဲ ။ခိုင္မာမွုမရွိတဲ့ အနတၱဆိုတာလည္း ႐ုပ္နာမ္ပဲ ။

ဤကုသိုလ္ေၾကာင့္᠌᠌᠌ အနိစၥ ဒုကၡ အနတၱ ျဖစ္တဲ့ ႐ုပ္နာမ္တို့၏ ခ်ဳပ္ၿငိမ္းရာ နိဗၺာန္ကို မ်က္ေမွာက္ျပဳရပါလို၏’ လို့္ မိမိစိတ္ကို နိဗၺာန္ဆီ ညႊတ္ထားရမွာ ျဖစ္တယ္။

ခရစ္ဒစ္

Unicode

ရေစက်ချလှူခြင်းနှင့် ရေစက်မ ချဘဲလှူခြင်း အကျိုးကွာခြားချက်

ရေစက်မချဘဲ လှူတာကို “ဒါန”လို့ ခေါ်တယ်။

ရေစက်ချခြင်းကို “ပတ္တိဒါန”လို့ ခေါ်တယ်။

ရေစက်မချဘဲလှူလျှင် ဒါနအကျိုးသက်သက်မျှကိုသာ ရတယ်။

ရေစက်ချတဲ့အတွက် ဒါနအကျိုးမျှ မကဘူး ၊ ပတ္တိဒါနအကျိုးကိုလည်း ရတယ်။

ပတ္တိဒါနအကြောင်းကို အနည်းငယ် ပြောပြဦးမယ်။

ပတ္တိ+ဒါန ဆိုတဲ့ ပုဒ်နှစ်ပုဒ်မှာပတ္တိဆိုတာ မိမိထံ ကုသိုလ်ရောက်လာတာကို “ပတ္တိ”လို့ခေါ်တယ်။ဒါနဆိုတာကေတာ့ ပေးခြင်း။

ဒါကြောင့် မိမိထံ ရောက်လာတဲ့ ကုသိုလ်ကို သူတစ်ပါးထံ အမျှပေးဝေခြင်းကို ပတ္တိဒါန လို့ခေါ်တယ်။ ရှေးဦးစွာ တစ်စုံတစ်ခုသော ဝတ္ထုကို လှူတယ်။ ထိုသို့ လှူတဲ့အတွက် ရောက်လာတဲ့ ဒါနစေတနာကို “ပတ္တိ”လို့ ခေါ်တယ်။

မိမိထံရောက်လာတဲ့ ဒါနစေတနာကို ကြားကြားသမျှ သာဓုခေါ်တော်မူကြပါလို့ဝေငှပေးတဲ့ စေတနာကို “ပတ္တိဒါန”လို့ ခေါ်တယ်။

ကိုယ်ရထားတဲ့ကုသိုလ်ကို သူတစ်ပါးတို့အား ပေးလိုက်လျှင်ကိုယ့်မှာကုသိုလ် ကုန်သွားရော့လားလို့ တွေးမှားစရာ ရှိတယ်။

မီးတိုင်တစ်တိုင် ထွန်းထားရာက မီးတိုင်အများ မီးလာကူးတဲ့အတွက် မူလမီးရဲ့ အရောင်အလင်းဟာ လျော့မသွားသည့်အပြင် အလင်းရောင် ပိုလာသလို မူလကုသိုလ်ရှင်မှာ ကုသိုလ် မကုန်တဲ့အပြင် ပတ္တိဒါန ကုသိုလ်အကျိုးကိုပင် ထပ်ပြီးရသေးတဲ့အတွက် ရေစက်မချဘဲ လှူလျှင် ဒါနအကျိုး သက်သက်မျှသာ ရတယ်။

ရေစက်ချ အလှူပေးတဲ့အတွက် ပတ္တိဒါနအကျိုးကိုပါ ရတယ်လို့ မှတ်သားသင့်တယ်။

ရေစက်ချစဉ် ခံယူရမည့်စိတ်ထားက᠌᠌᠌ ရုပ်တရား နာမ်တရား မှန်သမျှ ဖြစ်ပြီး ပျက်တတ်တာချည်းမို့မမြဲတဲ့ အနိစ္စဆိုတာလည်း ရုပ်နာမ်ပဲ ။ဆင်းရဲတတ်တဲ့ ဒုက္ခဆိုတာလည်း ရုပ်နာမ်ပဲ ။ခိုင်မာမှုမရှိတဲ့ အနတ္တဆိုတာလည်း ရုပ်နာမ်ပဲ ။

ဤကုသိုလ်ကြောင့်᠌᠌᠌ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တဲ့ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏’ လို့် မိမိစိတ်ကို နိဗ္ဗာန်ဆီ ညွှတ်ထားရမှာ ဖြစ်တယ်။

ခရစ်ဒစ်