ထူးဆန္းတဲ့ KBZ ကလင္ဒါ…(က်က္သီးထေလာက္ေအာင္ တိုက္ဆိုင္လြန္းပါတယ္)
သူမ်ားေျပာစကားနဲ႔ လမ္းမဆုံးတတ္တဲ့ က်မကေတာ့ မရရေအာင္ရွာၿပီး အတည္ျပဳထားလိုက္တယ္…
ပုံေတြဟာ က်က္သီးထေလာက္ေအာင္ တိုက္ဆိုင္လြန္းပါတယ္…ေရးဆြဲထားတဲ့ ပန္းခ်ီဆရာ တစ္ေယာက္စီတိုင္းရဲ့ စိတ္ကူးေတြ အိပ္မက္ေတြဟာ ဘယ္လိုပုံစံ ေဖာ္ေဆာင္ ထားသလည္း မသိရေပမယ့္ ၾကည့္ၿပီး အဓိပၸာယ္မ်ားစြာနဲ႔ စဥ္းစားရတဲ့ ပုံေတြႀကီးပါပဲ…
ကိုယ္ေဖာ္ေဆာင္ခ်င္တဲ့အတိုင္း ေဖာ္ေဆာင္ရရင္…
#ကလင္ဒါကိုပုံေဖာ္ၿပီးေပ်ာ္ေနေသာမိမိ😚
ဒါက ကလင္ဒါရဲ့ အဖုံးပါ…
အတြင္းမွာ စစခ်င္းျမင္ရတဲ့ပုံ
(၁)လပိုင္း
နိုင္ငံေတာ္ဟာ သာယာဝေျပာေနတယ္ …ေအးေဆးတယ္ တည္ၿငိမ္တယ္…
(၂)လပိုင္း
စာေတြအမ်ားႀကီးေရးထားတယ္…မႈန္တီမႈန္ဝါးနဲ႔ ေရးထားတဲ့စာမွာ ျမန္မာျပည္အလယ္ပိုင္းဆိုတာ ျမင္ရသလို ရန္ကုန္မွာရွိတဲ့ လူသန္းေပါင္းမ်ားစြာ ဆိုတဲ့စကားစုကို ျမင္ရတယ္…
ၿပီးေတာ့ လုံျခဳံေရးခါးပတ္ လုံျခဳံေရးဦးထုပ္ လုံျခဳံေရးဖိနပ္ စီးဖို႔ တိုက္တြန္းထားျပန္တယ္…”တစ္မူး တစ္ပဲ အျမဲလြဲ” ဆိုတဲ့စာေရာ “ဆရာမျဖစ္” ဆိုတဲ့စကားလုံး “အျမင့္ဆုံးေနရာမွာရွိ ပန္းရံဆရာႀကီးငါ့အေဖ”ဆိုတဲ့စကားစုေတြ..
ၾကက္ေျခနီဦးထုပ္ေဆာင္းထားတဲ့ လူငယ္ေလးေတြ သူတို႔ကိုင္ထားတာ ဒိုင္းမ်ားလား…လူရိပ္မဲေလးဟာ က်ဆုံးသြားတဲ့ အာဇာနည္ေတြကို ကိုယ္စားျပဳသလား….
ဒီပုံဟာ ဝွက္စာေတြ အမ်ားႀကီးလိုျမင္ရတယ္…
ပန္းခ်ီဆရာဟာ စိတ္ကူးထဲကအတိုင္းဆြဲခဲ့တာျဖစ္ေပမယ့္ 2021 ရဲ့ ေဖေဖာ္ဝါရီဟာ ပုံထဲကလိုပဲ ေပ်ာ္စရာ မေကာင္းခဲ့ဘူး…
(3)လပိုင္း..
ေရွ႕ဆုံးမွာ ျမင္ရတဲ့ လူအုပ္ဟာ အထိက႐ုန္းတစ္ခုအသြင္ျမင္ရတယ္ …အလယ္ေလာက္က လူေတြက ေနရာေတြကိုစြန႔္ခြာေနတဲ့ပုံစံေပၚၿပီး ေဘးေထာင့္က လူေတြကေတာ့ တစ္ခုခုကို စိတ္ဝင္တစားၾကည့္ေနတဲ့ပုံေပၚတယ္….
(၃)လပိုင္းဟာ အခက္ခဲဆုံးနဲ႔ အရႈပ္ေထြးဆုံး ပုံရိပ္အမ်ားဆုံးကို သုံးထားတယ္…
က်မအေနနဲ႔ေတာ့ ပထမ အေရးအခင္းမွာ ျဖစ္ေနတဲ့ပုံစံ ဒုတိယ လူေနအိမ္ေတြစြန႔္ခြာရတဲ့ပုံစံ ခုထိ ျမင္ေနခဲ့ရၿပီးျဖစ္တယ္…
ေနာက္ဆုံးတစ္ခုအေနနဲ႔ စိတ္ဝင္တစား ၾကည့္ေနတာဟာ ရာဇဝတ္သား အာဏာ႐ူးေတြကို တရားစီရင္တာျဖစ္ပါေစလို႔ က်မဆုေတာင္းမိပါရဲ့…
က်မတို႔ေနတာ လက္ယာေတာင္ကၽြန္းမို႔ ၾသဘာနမိတ္ကို ေကာင္းတာပဲယူမယ္ သူေသ သူေသ က်ဆုံးပါေစရွင္…
(4)လပိုင္း
ဘုရားေစတီကို ေဆးသုတ္ေနတဲ့ ပ်ံေနတဲ့ ဦးဇင္းေတြ လူေတြကို ျမင္ရတယ္…
ေအာက္မွာေတာ့ မိသားစုေလး တစ္စုဟာ ဘုရားဖူးၿပီး ဝတ္ရြတ္ေနၾကတယ္…
သံဃာေတြသန႔္စင္သြားမယ္ တရားဓမၼေတြ ျပန္လႊမ္းလာမယ္ မင္းေရာ သံဃာေရာဟာ သီလ သမာဓိ ညာဏ္ပညာနဲ႔ျပည့္စုံတဲ့သူေတြ ျပန္လည္ဦးေဆာင္လာမယ္ ျပည္သူေတြဟာလည္း ဓမၼကိုခ်စ္ျမတ္နိုးလာမယ္ သာသနာ သန႔္စင္လာမယ္ဆိုတဲ့ အဓိပၸာယ္ကိုပဲ ယူခ်င္တယ္…
(5)လပိုင္း
ဒါဟာ ျမစ္ေခ်ာင္းေတြကို ပုံေဖာ္ထားတဲ့အတြက္ ဧရာဝတီကအစ ျမစ္ေခ်ာင္းေတြ ျပန္လည္ေကာင္းမြန္သန႔္စင္လာတယ္လို႔ ယူဆခ်င္တယ္…
ေရနဲ႔ပတ္သက္တဲ့ ကမ္းရိုးတမ္း လုပ္ငန္းေအာင္ျမင္လာမယ့္ နမိတ္ျဖစ္ခဲ့ရင္ေတာ့ အေကာင္းဆုံးပါပဲ…
ျမစ္နား ေခ်ာင္းနား ပင္လယ္နား နီးတဲ့ ၿမိဳ႕ေတြ ႀကီးပြားၾကပါေစ …
(6)လပိုင္း
က်မတူမက ေဒါက္တာ ဆာဆာနဲ႔ တူတယ္တဲ့…
စာအုပ္ေတြနဲ႔ ေအးေဆးေနတဲ့ ပုံရိပ္က ပညာကို ကိုယ္စားျပဳပါေစ…ပညာေရးျမင့္မားလာတဲ့ အေျခအေနျဖစ္ပါေစ…
ဆရာ ဆရာမမ်ားအတြက္လည္း ေအးခ်မ္းတဲ့ ပညာေရးစနစ္ ေဖာ္ေဆာင္နိုင္တဲ့ ဂုဏ္ယူဖြယ္ကိစၥေတြရွိပါေစ…
(7)လပိုင္း
ေရႊေရာင္ေတြ ေတာက္ပေနတဲ့ မႏၲေလးနန္းေတာ္ႀကီး…
ေရႊမႏၲေလးဟာ အားယူၿပီး ေရႊေရာင္ေတြျပန္လႊမ္းလာတဲ့ နမိတ္ျဖစ္ပါေစ…နန္းေတာ္ႀကီးဟာ 2021ကအစ ဗိသုကာလက္ရာေတြနဲ႔ ကမၻာမွာဂုဏ္ယူနိုင္တဲ့ တစ္ေနရာျဖစ္လာေစခ်င္ပါတယ္…
ေရႊေရာင္ေတာက္ပတဲ့ေရႊမႏၲေလး ျဖစ္လာပါေစ…
(8)လပိုင္း
ေပ်ာ္ရႊင္ေနတဲ့တိုင္းရင္းသားေတြရဲ့မ်က္ႏွာေတြ…
ဖက္ဒရယ္ကိုေဖာ္ေဆာင္နိုင္ပါေစ…တိုင္းရင္းသားေဒသေတြမွာ ေအးခ်မ္းၿပီး စီးပြားေရး လူမႈေရး က်န္းမာေရး အစစအရာရာ တိုးတက္ပါေစ…
သီးႏွံအထြက္ေကာင္းမယ့္ပုံလည္းျမင္ရတာမို႔ ေက်နပ္မိ…
(9)လပိုင္း
ခေမာက္ေဆာင္းထားတဲ့အမ်ိဳးသမီးတစ္ေယာက္ သူ႔ရဲ့ေနာက္မွာ ေရာင္စုံေတာင္တန္း….
အေမစုဦးေဆာင္တဲ့ ေတာင္တန္းေျမျပန႔္ စည္းလုံးမႈကို ေဖာ္ေဆာင္နိုင္ပါေစ…ျပဳံးေနတဲ့မ်က္ႏွာနဲ႔ သနပ္ခါးရယ္ ဝတ္ထားတဲ့ပုံစံရယ္ လြယ္အိတ္ေလးရယ္ ထုံးဖြဲ႕ထားတဲ့ ဆံထုံးပုံစံရယ္…
နိုင္ငံေတာ္ႀကီးဟာ ဖက္ဒရယ္အစစ္ကိုဦးတည္နိုင္ပါေစလို႔ ဆုေတာင္းပါတယ္…
(10)လပိုင္း
ပြဲလမ္းသဘင္ေတြ ျပန္လည္အသက္ဝင္လာမယ့္ပုံရိပ္ေတြလိုပါပဲ…
ဘုရားသြား ေက်ာင္းတက္ ေပ်ာ္ရႊင္စရာေန႔ရက္ေတြ ေရာက္ရပါေစ…
(11)လပိုင္း
ေတာေရာ ၿမိဳ႕ပါ မက်န္ ၿငိမ္းခ်မ္းေပ်ာ္ရႊင္ရမယ့္ နမိတ္လို႔ ယူခ်င္ပါတယ္…
ေယာင္ေပစူးေလးေတြဟာ ေပ်ာ္ရႊင္စြာ ျမန္မာ့ရိုးရာနည္းအတိုင္း ကစားေနၾကတယ္…ျမန္မာ့ယဥ္ေက်းမႈ ျပန္လည္ဦးေမာ့လာပါေစ…
(12)လပိုင္း
က်မတို႔ နိုင္ငံသစ္ႀကီးဟာ အေရာင္အေသြးစုံ ကာလာစုံ ျပန္လည္ဦးေမာ့လာၿပီး ကမၻာ့အလယ္မွာ ျမန္မာေဟ့လို႔ ဝင့္ႂကြားနိုင္တဲ့ေန႔ရက္ေတြ ျဖစ္ပါေစ…
လက္သုံးေခ်ာင္းနဲ႔ ကမၻာေက်ာ္မယ့္ ျမန္မာ့ မ်ိဳးဆက္ေတြ ျဖစ္ပါေစ…
unicode
ထူးဆန်းတဲ့ KBZ ကလင်ဒါ…(ကျက်သီးထလောက်အောင် တိုက်ဆိုင်လွန်းပါတယ်)
သူများပြောစကားနဲ့ လမ်းမဆုံးတတ်တဲ့ ကျမကတော့ မရရအောင်ရှာပြီး အတည်ပြုထားလိုက်တယ်…
ပုံတွေဟာ ကျက်သီးထလောက်အောင် တိုက်ဆိုင်လွန်းပါတယ်…ရေးဆွဲထားတဲ့ ပန်းချီဆရာ တစ်ယောက်စီတိုင်းရဲ့ စိတ်ကူးတွေ အိပ်မက်တွေဟာ ဘယ်လိုပုံစံ ဖော်ဆောင် ထားသလည်း မသိရပေမယ့် ကြည့်ပြီး အဓိပ္ပာယ်များစွာနဲ့ စဉ်းစားရတဲ့ ပုံတွေကြီးပါပဲ…
ကိုယ်ဖော်ဆောင်ချင်တဲ့အတိုင်း ဖော်ဆောင်ရရင်…
#ကလင်ဒါကိုပုံဖော်ပြီးပျော်နေသောမိမိ😚
ဒါက ကလင်ဒါရဲ့ အဖုံးပါ…
အတွင်းမှာ စစချင်းမြင်ရတဲ့ပုံ
(၁)လပိုင်း
နိုင်ငံတော်ဟာ သာယာဝပြောနေတယ် …အေးဆေးတယ် တည်ငြိမ်တယ်…
(၂)လပိုင်း
စာတွေအများကြီးရေးထားတယ်…မှုန်တီမှုန်ဝါးနဲ့ ရေးထားတဲ့စာမှာ မြန်မာပြည်အလယ်ပိုင်းဆိုတာ မြင်ရသလို ရန်ကုန်မှာရှိတဲ့ လူသန်းပေါင်းများစွာ ဆိုတဲ့စကားစုကို မြင်ရတယ်…
ပြီးတော့ လုံခြုံရေးခါးပတ် လုံခြုံရေးဦးထုပ် လုံခြုံရေးဖိနပ် စီးဖို့ တိုက်တွန်းထားပြန်တယ်…”တစ်မူး တစ်ပဲ အမြဲလွဲ” ဆိုတဲ့စာရော “ဆရာမဖြစ်” ဆိုတဲ့စကားလုံး “အမြင့်ဆုံးနေရာမှာရှိ ပန်းရံဆရာကြီးငါ့အဖေ”ဆိုတဲ့စကားစုတွေ..
ကြက်ခြေနီဦးထုပ်ဆောင်းထားတဲ့ လူငယ်လေးတွေ သူတို့ကိုင်ထားတာ ဒိုင်းများလား…လူရိပ်မဲလေးဟာ ကျဆုံးသွားတဲ့ အာဇာနည်တွေကို ကိုယ်စားပြုသလား….
ဒီပုံဟာ ဝှက်စာတွေ အများကြီးလိုမြင်ရတယ်…
ပန်းချီဆရာဟာ စိတ်ကူးထဲကအတိုင်းဆွဲခဲ့တာဖြစ်ပေမယ့် 2021 ရဲ့ ဖေဖော်ဝါရီဟာ ပုံထဲကလိုပဲ ပျော်စရာ မကောင်းခဲ့ဘူး…
(3)လပိုင်း..
ရှေ့ဆုံးမှာ မြင်ရတဲ့ လူအုပ်ဟာ အထိကရုန်းတစ်ခုအသွင်မြင်ရတယ် …အလယ်လောက်က လူတွေက နေရာတွေကိုစွန့်ခွာနေတဲ့ပုံစံပေါ်ပြီး ဘေးထောင့်က လူတွေကတော့ တစ်ခုခုကို စိတ်ဝင်တစားကြည့်နေတဲ့ပုံပေါ်တယ်….
(၃)လပိုင်းဟာ အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံး ပုံရိပ်အများဆုံးကို သုံးထားတယ်…
ကျမအနေနဲ့တော့ ပထမ အရေးအခင်းမှာ ဖြစ်နေတဲ့ပုံစံ ဒုတိယ လူနေအိမ်တွေစွန့်ခွာရတဲ့ပုံစံ ခုထိ မြင်နေခဲ့ရပြီးဖြစ်တယ်…
နောက်ဆုံးတစ်ခုအနေနဲ့ စိတ်ဝင်တစား ကြည့်နေတာဟာ ရာဇဝတ်သား အာဏာရူးတွေကို တရားစီရင်တာဖြစ်ပါစေလို့ ကျမဆုတောင်းမိပါရဲ့…
ကျမတို့နေတာ လက်ယာတောင်ကျွန်းမို့ သြဘာနမိတ်ကို ကောင်းတာပဲယူမယ် သူသေ သူသေ ကျဆုံးပါစေရှင်…
(4)လပိုင်း
ဘုရားစေတီကို ဆေးသုတ်နေတဲ့ ပျံနေတဲ့ ဦးဇင်းတွေ လူတွေကို မြင်ရတယ်…
အောက်မှာတော့ မိသားစုလေး တစ်စုဟာ ဘုရားဖူးပြီး ဝတ်ရွတ်နေကြတယ်…
သံဃာတွေသန့်စင်သွားမယ် တရားဓမ္မတွေ ပြန်လွှမ်းလာမယ် မင်းရော သံဃာရောဟာ သီလ သမာဓိ ညာဏ်ပညာနဲ့ပြည့်စုံတဲ့သူတွေ ပြန်လည်ဦးဆောင်လာမယ် ပြည်သူတွေဟာလည်း ဓမ္မကိုချစ်မြတ်နိုးလာမယ် သာသနာ သန့်စင်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုပဲ ယူချင်တယ်…
(5)လပိုင်း
ဒါဟာ မြစ်ချောင်းတွေကို ပုံဖော်ထားတဲ့အတွက် ဧရာဝတီကအစ မြစ်ချောင်းတွေ ပြန်လည်ကောင်းမွန်သန့်စင်လာတယ်လို့ ယူဆချင်တယ်…
ရေနဲ့ပတ်သက်တဲ့ ကမ်းရိုးတမ်း လုပ်ငန်းအောင်မြင်လာမယ့် နမိတ်ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပါပဲ…
မြစ်နား ချောင်းနား ပင်လယ်နား နီးတဲ့ မြို့တွေ ကြီးပွားကြပါစေ …
(6)လပိုင်း
ကျမတူမက ဒေါက်တာ ဆာဆာနဲ့ တူတယ်တဲ့…
စာအုပ်တွေနဲ့ အေးဆေးနေတဲ့ ပုံရိပ်က ပညာကို ကိုယ်စားပြုပါစေ…ပညာရေးမြင့်မားလာတဲ့ အခြေအနေဖြစ်ပါစေ…
ဆရာ ဆရာမများအတွက်လည်း အေးချမ်းတဲ့ ပညာရေးစနစ် ဖော်ဆောင်နိုင်တဲ့ ဂုဏ်ယူဖွယ်ကိစ္စတွေရှိပါစေ…
(7)လပိုင်း
ရွှေရောင်တွေ တောက်ပနေတဲ့ မန္တလေးနန်းတော်ကြီး…
ရွှေမန္တလေးဟာ အားယူပြီး ရွှေရောင်တွေပြန်လွှမ်းလာတဲ့ နမိတ်ဖြစ်ပါစေ…နန်းတော်ကြီးဟာ 2021ကအစ ဗိသုကာလက်ရာတွေနဲ့ ကမ္ဘာမှာဂုဏ်ယူနိုင်တဲ့ တစ်နေရာဖြစ်လာစေချင်ပါတယ်…
ရွှေရောင်တောက်ပတဲ့ရွှေမန္တလေး ဖြစ်လာပါစေ…
(8)လပိုင်း
ပျော်ရွှင်နေတဲ့တိုင်းရင်းသားတွေရဲ့မျက်နှာတွေ…
ဖက်ဒရယ်ကိုဖော်ဆောင်နိုင်ပါစေ…တိုင်းရင်းသားဒေသတွေမှာ အေးချမ်းပြီး စီးပွားရေး လူမှုရေး ကျန်းမာရေး အစစအရာရာ တိုးတက်ပါစေ…
သီးနှံအထွက်ကောင်းမယ့်ပုံလည်းမြင်ရတာမို့ ကျေနပ်မိ…
(9)လပိုင်း
ခမောက်ဆောင်းထားတဲ့အမျိုးသမီးတစ်ယောက် သူ့ရဲ့နောက်မှာ ရောင်စုံတောင်တန်း….
အမေစုဦးဆောင်တဲ့ တောင်တန်းမြေပြန့် စည်းလုံးမှုကို ဖော်ဆောင်နိုင်ပါစေ…ပြုံးနေတဲ့မျက်နှာနဲ့ သနပ်ခါးရယ် ဝတ်ထားတဲ့ပုံစံရယ် လွယ်အိတ်လေးရယ် ထုံးဖွဲ့ထားတဲ့ ဆံထုံးပုံစံရယ်…
နိုင်ငံတော်ကြီးဟာ ဖက်ဒရယ်အစစ်ကိုဦးတည်နိုင်ပါစေလို့ ဆုတောင်းပါတယ်…
(10)လပိုင်း
ပွဲလမ်းသဘင်တွေ ပြန်လည်အသက်ဝင်လာမယ့်ပုံရိပ်တွေလိုပါပဲ…
ဘုရားသွား ကျောင်းတက် ပျော်ရွှင်စရာနေ့ရက်တွေ ရောက်ရပါစေ…
(11)လပိုင်း
တောရော မြို့ပါ မကျန် ငြိမ်းချမ်းပျော်ရွှင်ရမယ့် နမိတ်လို့ ယူချင်ပါတယ်…
ယောင်ပေစူးလေးတွေဟာ ပျော်ရွှင်စွာ မြန်မာ့ရိုးရာနည်းအတိုင်း ကစားနေကြတယ်…မြန်မာ့ယဉ်ကျေးမှု ပြန်လည်ဦးမော့လာပါစေ…
(12)လပိုင်း
ကျမတို့ နိုင်ငံသစ်ကြီးဟာ အရောင်အသွေးစုံ ကာလာစုံ ပြန်လည်ဦးမော့လာပြီး ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ ဝင့်ကြွားနိုင်တဲ့နေ့ရက်တွေ ဖြစ်ပါစေ…
လက်သုံးချောင်းနဲ့ ကမ္ဘာကျော်မယ့် မြန်မာ့ မျိုးဆက်တွေ ဖြစ်ပါစေ…