အဓိဌာန် ပြုလုပ်ရသည့် ၃၁.၁၀.၂၀၂၀ (သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့) သီတင်းကျွတ်လပြည့်နေ့ အဓိဌာန် ..

ကျေးဇူးတော်ရှင် သစ်တံခါးဆရာတော် ဘဒ္ဒန္တမဏိဇောတ(ယော)မှ မျှဝသော သီတင်းကျွတ်လပြည့်နေ့ အဓိဌာန်

အဓိဌာန် ပြုလုပ်ရမည့်နေ့ ၃၁.၁၀.၂၀၂၀ (သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့)

အရုဏ်တက်ချိန် နံနက်ခင်း (၄:၀၆) နာရီ အချိန် မှ စပြီး မနက် (၁၀:၁၀) နာရီ အချိန် အတွင်း ပေါင်းခြင်း (၁၀) ရသည့်

မည်သည့်အချိန်မဆို မြတ်စွာဘုရား အား ရည်မှန်း ကပ်လှူကြပါရန် ( ဆယ်ဂဏန်း အောင် အတိတ်နိမိတ်မို့ပါရှင် )

၁။ သောက်တော်ရေ (၂၄) ခွက်

၂။ ဆီမီး (၂၄ )တိုင်

၃။ ပန်း (၂၄ )ပွင့်

၄။ ဆွမ်း (၂၄) ပွဲ

၅။ ပေါက်ဆီ (၁၀) လုံး

၆။ ကောက်ညှင်းပေါင်းတစ် ပွဲပေါ်တွင်အကြော် (၁၀) ခု တင် လှူပါ

၇။ သစ်သီး (၂၄) လုံး(သစ်သီးတမျိုးတည်း ၂၄ လုံးဆို လည်းရပါတယ်နော်)

အခုချိန် ပူဇော်စရာတွေ လွယ်လွယ် ဝယ်မရတာ ဆု နဲ့မဆိုင်ပါနော် သစ်သီး တွေ အကြော်နဲ့ ပေါက်စီတွေဝယ်မရတာ ဘယ်လိုလုပ်ရမလဲ လာမမေးကြပါနဲ့ရှင် သဒ္ဓါစိတ်နဲ့သာအဓိဌာန် ဖြစ်အောင်ပူဇော်ကြပါရှင့်}

ပူဇော်နည်း

ပဌာန်း ၂၄ပစ္စည်းကို အာရုံပြု၍ သပ်ရပ်စွာနေရာချပြီး (၅) ပါးသီလခံယူ ဆောက်တည်ကာ မိဘနှစ်ပါး အား ဦးစွာ ဝန်ချတောင်းပန်ကန်တော့ပါရှင်

( အဘိဓမ္မာတရားတော်ကိုအမိနတ်သား အား ကျေးဇူးဆပ် သော အနေဖြင့်၊ ကျေးဇူး ဆပ်တရားကိုဟော ခဲ့တာကြောင့်၊ အဘိဓမ္မာအခါတော်နေ့လို့ သတ်မှတ်ခဲ့ တာ ပါ ရှင် )

ဤဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူပြီးကုန်သော ဘုရား ( ၄ ) ဆူအား အာရုံပြု ကပ်လှူပူဇော်ပါ။ ပူဇော်ပြီးပါက ပဌာန်း (၂၄) ပစ္စည်းကို (၂၄ခေါက်) သို့မဟုတ် ပဌာန်းအကျယ် (၂၄ခေါက်) တစ်ထိုင်တည်းအပြီး အဓိဌာန်ကာ ရွတ်ပွါးပူဇော်ပါ

ပံ့ သကူ ပစ်ပါ ပိုက်ဆံ ဆေးဝါး အဝတ်အထည် စားစရာ စသဖြင့် (မည်သည့်ပုဂ္ဂိုလ် ကိုမှ မရည်ရွယ်ဘဲ ၊မမျော်လင့်ဘဲ ၊မိမိတတ်နိုင်သော ဒါန ပြုလုပ်ပါ။ အကျိုးကျေးဇူးလည်းများပါတယ်နော် )

သစ်တံခါး ဆရာတော်ကြီးမှ ၊ တစ်ကမ္ဘာလုံး မှာ ရှိကြကုန်သော (၃၁) ဘုံသားများ အားလုံး မုန်တိုင်းဘေး၊ ငလျှင်ဘေးများမှ လွတ်မြောက်ကာ စီးပွားရေးကပ်၊ ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးများမှ ကျော်လွန်၍

ကောင်းသော လာဘ်လာဘ၊ ကောင်းသောကံတွေပွင့် ၊ ကံတွေမြင့်ပြီး ကောင်းသော အတိတ်နမိတ်တွေ အလုံးစုံလက်ဝယ်ပိုင်ပိုင်ရရှိစေရန် မေတ္တာရှေ့ထားကာ မိန့်ကြားတော်မူသည့်အတိုင်း ပြန်လည်မျှဝေ ကုသိုလ်ပြုပါတယ်ရှင်

ကောင်းကျိုး ကိုယ်၌ တည်ကြပါစေသော်….

ကောင်းသတင်း ပေါ်၍ ကျော်ကြပါစေသော်…..

တောင်းတိုင်း တတိုင်း ပြည့်ကြပါစေသော်..

လူ့ဘဝရလာ ခဏတာလေးမှာ မနာလို ဝန်တို မုန်းရန် ရှင်း၍ ၊ မေတ္တာများများထားနိုင်သူ များဖြစ်ကြပါစေရှင်

အလင်းစေတမာန်ဆု

Zawgyi

ေက်းဇူးေတာ္ရွင္ သစ္တံခါးဆရာေတာ္ ဘဒၵႏၲမဏိေဇာတ(ေယာ)မွ မွ်ဝေသာ သီတင္းကြၽတ္လျပည့္ေန႔ အဓိဌာန္

အဓိဌာန္ ျပဳလုပ္ရမည့္ေန႔ ၃၁.၁၀.၂၀၂၀ (သီတင္းကြၽတ္လျပည့္ေန႔ အဘိဓမၼာအခါေတာ္ေန႔)

အ႐ုဏ္တက္ခ်ိန္ နံနက္ခင္း (၄:၀၆) နာရီ အခ်ိန္ မွ စၿပီး မနက္ (၁၀:၁၀) နာရီ အခ်ိန္ အတြင္း ေပါင္းျခင္း (၁၀) ရသည့္

မည္သည့္အခ်ိန္မဆို ျမတ္စြာဘုရား အား ရည္မွန္း ကပ္လႉၾကပါရန္ ( ဆယ္ဂဏန္း ေအာင္ အတိတ္နိမိတ္မို႔ပါရွင္ )

၁။ ေသာက္ေတာ္ေရ (၂၄) ခြက္

၂။ ဆီမီး (၂၄ )တိုင္

၃။ ပန္း (၂၄ )ပြင့္

၄။ ဆြမ္း (၂၄) ပြဲ

၅။ ေပါက္ဆီ (၁၀) လုံး

၆။ ေကာက္ညႇင္းေပါင္းတစ္ ပြဲေပၚတြင္အေၾကာ္ (၁၀) ခု တင္ လႉပါ

၇။ သစ္သီး (၂၄) လုံး(သစ္သီးတမ်ိဳးတည္း ၂၄ လုံးဆို လည္းရပါတယ္ေနာ္)

အခုခ်ိန္ ပူေဇာ္စရာေတြ လြယ္လြယ္ ဝယ္မရတာ ဆု နဲ႔မဆိုင္ပါေနာ္ သစ္သီး ေတြအေၾကာ္နဲ႔ ေပါက္စီေတြ ဝယ္မရတာ ဘယ္လိုလုပ္ရမလဲ လာမေမးၾကပါနဲ႔ရွင္ သဒၶါစိတ္နဲ႔ သာအဓိဌာန္ ျဖစ္ေအာင္ပူေဇာ္ၾကပါရွင့္}

ပူေဇာ္နည္း

ပဌာန္း ၂၄ပစၥည္းကို အာ႐ုံျပဳ၍ သပ္ရပ္စြာေနရာခ်ၿပီး (၅) ပါးသီလခံယူ ေဆာက္တည္ကာ မိဘႏွစ္ပါး အား ဦးစြာ ဝန္ခ်ေတာင္းပန္ကန္ေတာ့ပါရွင္

( အဘိဓမၼာတရားေတာ္ကိုအမိနတ္သား အား ေက်းဇူးဆပ္ ေသာ အေနျဖင့္၊ ေက်းဇူး ဆပ္တရားကိုေဟာ ခဲ့တာေၾကာင့္၊ အဘိဓမၼာအခါေတာ္ေန႔လို႔ သတ္မွတ္ခဲ့ တာ ပါ ရွင္ )

ဤဘဒၵကမာၻမွာ ပြင့္ေတာ္မူၿပီးကုန္ေသာ ဘုရား ( ၄ ) ဆူအား အာ႐ုံျပဳ ကပ္လႉပူေဇာ္ပါ။ ပူေဇာ္ၿပီးပါက ပဌာန္း (၂၄) ပစၥည္းကို (၂၄ေခါက္) သို႔မဟုတ္ ပဌာန္းအက်ယ္ (၂၄ေခါက္) တစ္ထိုင္တည္းအၿပီး အဓိဌာန္ကာ ႐ြတ္ပြါးပူေဇာ္ပါ

ပံ့ သကူ ပစ္ပါ ပိုက္ဆံ ေဆးဝါး အဝတ္အထည္ စားစရာ စသျဖင့္ (မည္သည့္ပုဂၢိဳလ္ ကိုမွ မရည္႐ြယ္ဘဲ ၊မေမ်ာ္လင့္ဘဲ ၊မိမိတတ္ႏိုင္ေသာ ဒါန ျပဳလုပ္ပါ။ အက်ိဳးေက်းဇူးလည္းမ်ားပါတယ္ေနာ္ )

သစ္တံခါး ဆရာေတာ္ႀကီးမွ ၊ တစ္ကမာၻလုံး မွာ ရွိၾကကုန္ေသာ (၃၁) ဘုံသားမ်ား အားလုံး မုန္တိုင္းေဘး၊ ငလွ်င္ေဘးမ်ားမွ လြတ္ေျမာက္ကာ စီးပြားေရးကပ္၊ ေဘးဆိုး ရန္ဆိုး အႏၲရာယ္ဆိုးမ်ားမွ ေက်ာ္လြန္၍

ေကာင္းေသာ လာဘ္လာဘ၊ ေကာင္းေသာကံေတြပြင့္ ၊ ကံေတြျမင့္ၿပီး ေကာင္းေသာ အတိတ္နမိတ္ေတြ အလုံးစုံလက္ဝယ္ပိုင္ပိုင္ရရွိေစရန္ ေမတၱာေရွ႕ထားကာ မိန႔္ၾကားေတာ္မူသည့္အတိုင္း ျပန္လည္မွ်ေဝ ကုသိုလ္ျပဳပါတယ္ရွင္

ေကာင္းက်ိဳး ကိုယ္၌ တည္ၾကပါေစေသာ္….

ေကာင္းသတင္း ေပၚ၍ ေက်ာ္ၾကပါေစေသာ္…..

ေတာင္းတိုင္း တတိုင္း ျပည့္ၾကပါေစေသာ္..

လူ႔ဘဝရလာ ခဏတာေလးမွာ မနာလို ဝန္တို မုန္းရန္ ရွင္း၍ ၊ ေမတၱာမ်ားမ်ားထားႏိုင္သူ မ်ားျဖစ္ၾကပါေစရွင္

အလင္းေစတမာန္ဆု