ဒီေန႕မနက္ မီးပ်က္မႈေၾကာင့္ ကံေကာင္းလို႕မေသခဲ့တဲ့ စံုတြဲ

ဒီေန႕မနက္ မီးပ်က္မႈေၾကာင့္ ကံေကာင္းလို႕မေသခဲ့တဲ့ စံုတြဲ

ဒီကေန႔ မနက္ (၉)နာရီေက်ာ္ေလာက္က ႐ုတ္တရက္လၽွပ္စစ္ဓာတ္အားျပတ္ေတာက္ခဲ့မႈေၾကာင့္

တာေမြၿမိဳ႕နယ္မွာ ဓာတ္ေလွကားအတြင္း လူပိတ္မိေနမႈျဖစ္ပြါးခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ၊ တာေမြၿမိဳ႕နယ္ ေမတၱာညြန္႔ရပ္ကြက္၊ စက္မႈရတနာလမ္းရွိ တိုက္အမွတ္ (၁၁၃) အခန္း (၈)ထပ္ရွိတဲ့ တိုက္ရဲ့ ၁လႊာနဲ႔ ၃လႊာၾကားမွာ ပိတ္မိေနခဲ့တာပါ။

ဓာတ္ေလွကားထဲမွာ အမ်ိဳးသား(၁)ဦးနဲ႔ အမ်ိဳးသမီး (၁)ဦးပိတ္မိေနခဲ့တာျဖစ္ၿပီး တာေမြမီးသတ္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွ အခ်ိန္မီကယ္တင္နိုင္ခဲ့ပါတယ္။

“ သတင္းရတာက ၉:၂၀ မိနစ္မွာရၿပီး ရွာေဖြကယ္ဆယ္ေရးယာဥ္နဲ႔ သြားေရာက္ၿပီး ကယ္ဆယ္ေရးလုပ္ေပးခဲ့တယ္။

အခ်ိန္က သိပ္မၾကာပါဘူး ၉:၃၈ မိနစ္အခ်ိန္မွာကယ္ထုတ္နိုင္ခဲ့ပါတယ္။

အထဲမွာ ႏွစ္ေယာက္ပါ။ ႏွစ္ေယာက္လုံး အသက္ရႈၾကပ္တာဘာညာမရွိဘူး။

က်န္းမာေရးေကာင္းပါတယ္” လို႔ တာေမြမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက Duwun ကိုေျပာပါတယ္။

အဆိုပါတိုက္ခန္းေနထိုင္သူေတြအေနနဲ႔ ဓာတ္ေလွကားအသုံးျပဳၿပီး အတက္အဆင္းလုပ္တဲ့အခ်ိန္မွာ လၽွပ္စစ္မီးျပတ္ေတာက္သြားျခင္းေၾကာင့္

အခုလိုပိတ္မိေနခဲ့တာျဖစ္ပါတယ္။

unicode

ဒီနေ့မနက် မီးပျက်မှုကြောင့် ကံကောင်းလို့မသေခဲ့တဲ့ စုံတွဲ

ဒီကနေ့ မနက် (၉)နာရီကျော်လောက်က ရုတ်တရက်လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့မှုကြောင့်

တာမွေမြို့နယ်မှာ ဓာတ်လှေကားအတွင်း လူပိတ်မိနေမှုဖြစ်ပွါးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်၊ စက်မှုရတနာလမ်းရှိ တိုက်အမှတ် (၁၁၃) အခန်း (၈)ထပ်ရှိတဲ့ တိုက်ရဲ့ ၁လွှာနဲ့ ၃လွှာကြားမှာ ပိတ်မိနေခဲ့တာပါ။

ဓာတ်လှေကားထဲမှာ အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၁)ဦးပိတ်မိနေခဲ့တာဖြစ်ပြီး တာမွေမီးသတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ အချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။

“ သတင်းရတာက ၉:၂၀ မိနစ်မှာရပြီး ရှာဖွေကယ်ဆယ်ရေးယာဉ်နဲ့ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ပေးခဲ့တယ်။

အချိန်က သိပ်မကြာပါဘူး ၉:၃၈ မိနစ်အချိန်မှာကယ်ထုတ်နိုင်ခဲ့ပါတယ်။

အထဲမှာ နှစ်ယောက်ပါ။ နှစ်ယောက်လုံး အသက်ရှုကြပ်တာဘာညာမရှိဘူး။

ကျန်းမာရေးကောင်းပါတယ်” လို့ တာမွေမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

အဆိုပါတိုက်ခန်းနေထိုင်သူတွေအနေနဲ့ ဓာတ်လှေကားအသုံးပြုပြီး အတက်အဆင်းလုပ်တဲ့အချိန်မှာ လျှပ်စစ်မီးပြတ်တောက်သွားခြင်းကြောင့်

အခုလိုပိတ်မိနေခဲ့တာဖြစ်ပါတယ်။