












unicode

ဇာတ်ပို့သရုပ်ဆောင် ဆင်မ၏ စိတ်မကောင်းဖွယ်ရာ သတင်း

သရုပ်ဆောင် ဆင်မဟာ လိုင်းပေါ်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ စာသားတွေကို

ပြောင်ပြောင်မြောက်မြောက် ရေးသားခဲ့တဲ့အတွက်

ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်…။

အခုဆိုရင် ဖမ်းဆီးခံခဲ့ရတာ နှစ်လနီးပါး ရှိခဲ့ပေမယ့်လဲ

ဘာသတင်း အစအနမှ မကြားရတာ ပရိတ်သတ်တွေ အသိပဲဖြစ်မှာပါ… ။

ကြားသိရတဲ့ သတင်းများအရတော့ သရုပ်ဆောင်ဆင်မကို ရုံးထုတ်စစ်ဆေးခြင်းမရှိပဲ

မတရားသဖြင့် ထောင်ထဲမှာပဲ ထားရှိတယ်လို့ သိရပါတယ်…။

ကျန်းမားရေးရောကောင်းလား? အသက်မှ ရှိသေးလားလို့တောင် မသိရသေးတဲ့ ဘဝတွေပါ…။

ဘာအပြစ်မှ မရှိပဲ မတရားဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်ဆင်မအတွက် speak out လေးလုပ်ပေးကြပါအူး

ပြည်သူ့အချစ်တော် ဆင်မတစ်ယောက် အချုပ်အနှောင်ကနေ

အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…။