မႏၱေလးႏွင့္ ယင္းမာပင္မွာ ပြဲၾကမ္းခံရတဲ့ စစ္ေကာင္စီတပ္သားမ်ား

မႏၲေလးတြင္ စစ္ေကာင္စီတပ္စြဲထားေသာ ေဘာလုံးကြင္းကို ဗုံးျဖင့္ တိုက္ခိုက္၊

စစ္ေကာင္စီတပ္သား ၂ ဦးဒဏ္ရာအျပင္းအထန္ရ၊ ယင္းမာပင္မွာလည္း စစ္ေကာင္စီစစ္ေၾကာင္း မိုင္းဆြဲခံရ၍ စစ္သား ၅ ဦးေသ

ရန္ကုန္၊ ေအာက္တိုဘာ ၂၃

မႏၲေလးၿမိဳ႕တြင္ ယေန႔ ေအာက္တိုဘာလ ၂၃ ရက္ေန႔ နံနက္ ၉ နာရီဝန္းက်င္အ ခ်ိန္ စစ္ေကာင္စီတပ္မ်ား တပ္စြဲထားေသာ ေဘာလုံးကြင္းတစ္ခုကို

ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္က ဗုံးေဖာက္ခြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၂ ဦး အျပင္းအထန္ဒဏ္ရာရရွိသြားေၾကာင္း ေဒသခံ ကာကြယ္ေရး တပ္က သတင္းထုတ္ျပန္သည္။

မႏၲေလးၿမိဳ႕မွ GZP (Mandalay) အဖြဲ႕သည္ ယေန႔ ေအာက္တိုဘာ ၂၃ ရက္ေန႔ နံနက္ ၉ နာရီ ဝန္းက်င္ခန႔္အခ်ိန္ ၄၈ × ၄၉ လမ္း၊ ၁၁၇ × ၁၁၈ လမ္းရွိ

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား တပ္စြဲစခန္းခ်ထားေသာ ေဘာလုံးကြင္းအား ေဖာက္ခြဲခဲ့ရာ

အၾကမ္းဖက္စစ္ေကာင္စီ တပ္သား ၂ ဦး ဒဏ္ရာရရွိၿပီး ေနာက္ဆက္တြဲသတင္းအေနျဖင့္ ၁ ဦးမွာ စိုးရိမ္ဒဏ္ရာရရွိေၾကာင္းသတင္း ထုတ္‌ျပန္အဆိုပါအဖြဲ႕က သတင္းထုတ္ျပန္သည္။

အလားတူ ေအာက္တိုဘာလ ၂၁ ရက္ေန႔ ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္ ၊ ဘန႔္ေဘြးေက်းရြာအုပ္စု လက္ပံရြာ သခ်ိဳင္းအနီးရွိ စစ္အင္အား ၇၀ ခန႔္ပါေသာ စစ္ေၾကာင္းကို

ယင္းမာပင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္က မိုင္း ၂ လုံးခြဲတိုက္ခိုက္ရာ

စစ္ေကာင္စီ ၅ ဦးေသဆုံးၿပီး ၇ ဦး ဒဏ္ရာရရွိသြားေၾကာင္း အဆိုပါ ေဒသခံတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

Photo Credit – Anadolu Agency

source khitthitmedia

unicode

မန္တလေးတွင် စစ်ကောင်စီတပ်စွဲထားသော ဘောလုံးကွင်းကို ဗုံးဖြင့် တိုက်ခိုက်၊

စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာအပြင်းအထန်ရ၊ ယင်းမာပင်မှာလည်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၍ စစ်သား ၅ ဦးသေ

ရန်ကုန်၊ အောက်တိုဘာ ၂၃

မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အ ချိန် စစ်ကောင်စီတပ်များ တပ်စွဲထားသော ဘောလုံးကွင်းတစ်ခုကို

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံ ကာကွယ်ရေး တပ်က သတင်းထုတ်ပြန်သည်။

မန္တလေးမြို့မှ GZP (Mandalay) အဖွဲ့သည် ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်အချိန် ၄၈ × ၄၉ လမ်း၊ ၁၁၇ × ၁၁၈ လမ်းရှိ

အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲစခန်းချထားသော ဘောလုံးကွင်းအား ဖောက်ခွဲခဲ့ရာ

အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိပြီး နောက်ဆက်တွဲသတင်းအနေဖြင့် ၁ ဦးမှာ စိုးရိမ်ဒဏ်ရာရရှိကြောင်းသတင်း ထုတ်‌ပြန်အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးကျေးရွာအုပ်စု လက်ပံရွာ သချိုင်းအနီးရှိ စစ်အင်အား ၇၀ ခန့်ပါသော စစ်ကြောင်းကို

ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မိုင်း ၂ လုံးခွဲတိုက်ခိုက်ရာ

စစ်ကောင်စီ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း အဆိုပါ ဒေသခံတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Photo Credit – Anadolu Agency

source khitthitmedia