ေရွ႕ေနအဖြဲ႕ကို အသိေပးေျပာၾကားလိုက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္

အဂတိအမႈ ေလးခုအတြက္ တရားလိုစစ္ေကာင္စီဘက္က တရား႐ုံးမွာ ထြက္ဆိုခ်က္ေတြဟာ ေရွ႕ေနာက္မညီဘူးလို႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ့ေရွ႕ေနအဖြဲ႕ကို အသိေပး ေျပာၾကားလိုက္ပါတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အပါအဝင္ ေဒါက္တာမ်ိဳးေအာင္နဲ႔ ဦးရဲမင္းဦးတို႔ သုံးဦးကို စစ္ေကာင္စီက မႏၲေလးတိုင္း တရားလႊတ္ေတာ္မွာစြဲခဲ့တဲ့ အဂတိအမႈ ေလးခုကို ေနျပည္ေတာ္မွာ ေအာက္တိုဘာ ၂၂ ရက္ေန႔က ဆက္လက္စစ္ေဆးခဲ့ပါတယ္။ မေန႔က ႐ုံးခ်ိန္းမွာ တရားလိုဘက္က သက္ေသတင္သြင္းတာကို လက္ခံေၾကာင္း တရား႐ုံးက ၾကားျဖတ္အမိန႔္ခ်ခဲ့ပါတယ္။

အမိန႔္ခ်အၿပီးမွာ ေရွ႕ေန ေဒၚစန္းမာလာညြန႔္က ေဒၚေအာင္ဆန္းစုၾကည္အတြက္၊ ေရွ႕ေန ဦးသန္းလွိုင္က ေဒါက္တာမ်ိဳးေအာင္အတြက္၊ ဦးေက်ာ္စိန္လြင္က ဦးရဲမင္းဦးအတြက္ တရားလိုကို အျပန္အလွန္ ေမးခြန္းေမးခဲ့ပါတယ္။

အဂတိအမႈ ေလးခုစလုံးကို စစ္ေကာင္စီကိုယ္စား ဦးရဲထက္ တစ္ေယာက္တည္းက တရားလိုအျဖစ္ စြဲထားတာျဖစ္ၿပီး မေန႔က ႐ုံးခ်ိန္းမွာ ဦးရဲထက္ကို နိုင္ငံ့ေခါင္းေဆာင္ေတြရဲ့ ေရွ႕ေနအဖြဲ႕က အျပန္အလွန္ေမးခြန္းေတြ ေမးခဲ့တာျဖစ္ပါတယ္။

ဦးရဲထက္ဟာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ၿပီး တရားခြင္မွာ ထြက္ဆိုခ်က္ေတြဟာ ေရွ႕ေနာက္မညီဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေရွ႕ေနအဖြဲ႕ကို အသိေပးေျပာဆိုပါတယ္။

ေရွ႕ေနဦးသန္းလွိုင္က “ဦးေက်ာ္စိန္လြင္ကို ေခၚေျပာလိုက္တာဗ်။ က်ေနာ္က တဆင့္ၾကားေပါ့။ တရားလိုကို ေဒၚစန္းမာလာညြန႔္ ေမးတယ္။ က်ေနာ္ ေမးတယ္။ ၿပီးေတာ့ ဦးေက်ာ္စိန္လြင္ ေမးတယ္။

ေမးတဲ့အခါမွာ ေရွ႕က ထြက္ခ်က္ေတြနဲ႔ ေနာက္ထြက္ခ်က္ေတြက တခ်ိဳ႕ဟာေတြက နည္းနည္းေလးကြဲလြဲတဲ့သေဘာ ျဖစ္ေနတယ္။ အဲဒါကို အန္တီ(ေဒၚေအာင္ဆန္းစုၾကည္) က ေျပာတာလို႔ က်ေနာ္ သိလိုက္တယ္။ ေရွ႕ကေမးခြန္းတုန္းက ထြက္တဲ့ဟာနဲ႔ ဦးေက်ာ္စိန္လြင္ ေမးတဲ့ေမးခြန္းကို ေျဖတဲ့အခါမွာ နည္းနည္းကြဲလြဲတဲ့သေဘာ ျဖစ္ေနတယ္” လို႔ ေျပာပါတယ္။

တရားလိုရဲ့ ထြက္ဆိုခ်က္မွာ ဘာေတြကြဲလြဲေနတယ္ဆိုတာကိုေတာ့ အေသးစိတ္ မသိရပါဘူး။

တရားလို ဦးရဲထက္ကေတာ့ တရားခြင္မွာ စာအုပ္ကို အျမဲတမ္းၾကည့္ၿပီး အစအဆုံးထြက္ဆိုတာဟာ သက္ေသခံပုဒ္မ ၁၅၉ နဲ႔ ညီညြတ္မႈမရွိသလို သက္ေသခံက်င့္ထုံးပုဒ္မ ၁၅၄ နဲ႔လည္း ညီညြတ္မႈမရွိဘူးလို႔ ေရွ႕ေနေတြက ေျပာပါတယ္။

ေရွ႕ေန ဦးသန္းလွိုင္နဲ႔ ေရွ႕ေနဦးေက်ာ္စိန္လြင္တို႔ဟာ ေအာက္တိုဘာ ၂၂ ရက္ေန႔ကစၿပီး နိုင္ငံ့ေခါင္းေဆာင္ေတြအတြက္ ပါဝါတင္ၿပီး ေရွ႕ေနလိုက္ေပးသူေတြ ျဖစ္ပါတယ္။

ေရွ႕ေနဦးသန္းလွိုင္ “အရင္တုန္းက ေဒၚေအာင္ဆန္းစုၾကည္အတြက္ လိုက္ပါေဆာင္ရြက္ေပးတဲ့ ေရွ႕ေနက ဆရာဦးခင္ေမာင္ေဇာ္၊ ဆရာဦးၾကည္ဝင္း၊ ေဒၚစန္းမာလာညြန႔္၊ ဦးသဲေမာင္ေမာင္၊ ေဒၚမင္းမင္းစိုး စုစုေပါင္း ၅ ေယာက္ ရွိတာေပါ့။

က်ေနာ္တို႔က မေန႔က အန္တီ့(ေဒၚေအာင္ဆန္းစုၾကည္)ဆီက ခြင့္ျပဳခ်က္ေတာင္းၿပီးေတာ့ က်ေနာ္နဲ႔ ဦးေက်ာ္စိန္လြင္ ေရွ႕ေန ၂ ေယာက္ကို ပါဝါထပ္တင္တာေပါ့။ မေန႔က အဲ့ဒါကို ပထမဆုံးေဆာင္ရြက္တာ” လို႔ ေျပာပါတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ၅၅ နဲ႔ အမႈ ၄ မႈ ဖြင့္ခံထားရၿပီး အမႈတမႈစီအတြက္ အျမင့္ဆုံးေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်မွတ္ခံရနိုင္ပါတယ္။

အမႈ ၄ မႈထဲမွာ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဆီက အေမရိကန္ေဒၚလာ ၆ သိန္းနဲ႔ အကယ္ဒမီအေခါက္ေရႊ ၇ ပိႆာကို သုံးႀကိမ္ခြဲယူတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တစ္မႈျဖစ္ၿပီး က်န္တဲ့အမႈ ၃ မႈကေတာ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ပတ္သက္ၿပီး စြဲဆိုထားတာ ျဖစ္ပါတယ္။

အဂတိအမႈ ေလးမႈ အပါအဝင္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြဲဆိုထားတဲ့ အမႈစုစုေပါင္း ၁၁ မႈအထိ ရွိေနပါတယ္။

unicode

အဂတိအမှု လေးခုအတွက် တရားလိုစစ်ကောင်စီဘက်က တရားရုံးမှာ ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေအဖွဲ့ကို အသိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ သုံးဦးကို စစ်ကောင်စီက မန္တလေးတိုင်း တရားလွှတ်တော်မှာစွဲခဲ့တဲ့ အဂတိအမှု လေးခုကို နေပြည်တော်မှာ အောက်တိုဘာ ၂၂ ရက်နေ့က ဆက်လက်စစ်ဆေးခဲ့ပါတယ်။ မနေ့က ရုံးချိန်းမှာ တရားလိုဘက်က သက်သေတင်သွင်းတာကို လက်ခံကြောင်း တရားရုံးက ကြားဖြတ်အမိန့်ချခဲ့ပါတယ်။

အမိန့်ချအပြီးမှာ ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ရှေ့နေ ဦးသန်းလှိုင်က ဒေါက်တာမျိုးအောင်အတွက်၊ ဦးကျော်စိန်လွင်က ဦးရဲမင်းဦးအတွက် တရားလိုကို အပြန်အလှန် မေးခွန်းမေးခဲ့ပါတယ်။

အဂတိအမှု လေးခုစလုံးကို စစ်ကောင်စီကိုယ်စား ဦးရဲထက် တစ်ယောက်တည်းက တရားလိုအဖြစ် စွဲထားတာဖြစ်ပြီး မနေ့က ရုံးချိန်းမှာ ဦးရဲထက်ကို နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့က အပြန်အလှန်မေးခွန်းတွေ မေးခဲ့တာဖြစ်ပါတယ်။

ဦးရဲထက်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး တရားခွင်မှာ ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့ကို အသိပေးပြောဆိုပါတယ်။

ရှေ့နေဦးသန်းလှိုင်က “ဦးကျော်စိန်လွင်ကို ခေါ်ပြောလိုက်တာဗျ။ ကျနော်က တဆင့်ကြားပေါ့။ တရားလိုကို ဒေါ်စန်းမာလာညွန့် မေးတယ်။ ကျနော် မေးတယ်။ ပြီးတော့ ဦးကျော်စိန်လွင် မေးတယ်။

မေးတဲ့အခါမှာ ရှေ့က ထွက်ချက်တွေနဲ့ နောက်ထွက်ချက်တွေက တချို့ဟာတွေက နည်းနည်းလေးကွဲလွဲတဲ့သဘော ဖြစ်နေတယ်။ အဲဒါကို အန်တီ(ဒေါ်အောင်ဆန်းစုကြည်) က ပြောတာလို့ ကျနော် သိလိုက်တယ်။ ရှေ့ကမေးခွန်းတုန်းက ထွက်တဲ့ဟာနဲ့ ဦးကျော်စိန်လွင် မေးတဲ့မေးခွန်းကို ဖြေတဲ့အခါမှာ နည်းနည်းကွဲလွဲတဲ့သဘော ဖြစ်နေတယ်” လို့ ပြောပါတယ်။

တရားလိုရဲ့ ထွက်ဆိုချက်မှာ ဘာတွေကွဲလွဲနေတယ်ဆိုတာကိုတော့ အသေးစိတ် မသိရပါဘူး။

တရားလို ဦးရဲထက်ကတော့ တရားခွင်မှာ စာအုပ်ကို အမြဲတမ်းကြည့်ပြီး အစအဆုံးထွက်ဆိုတာဟာ သက်သေခံပုဒ်မ ၁၅၉ နဲ့ ညီညွတ်မှုမရှိသလို သက်သေခံကျင့်ထုံးပုဒ်မ ၁၅၄ နဲ့လည်း ညီညွတ်မှုမရှိဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

ရှေ့နေ ဦးသန်းလှိုင်နဲ့ ရှေ့နေဦးကျော်စိန်လွင်တို့ဟာ အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး နိုင်ငံ့ခေါင်းဆောင်တွေအတွက် ပါဝါတင်ပြီး ရှေ့နေလိုက်ပေးသူတွေ ဖြစ်ပါတယ်။

ရှေ့နေဦးသန်းလှိုင် “အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေက ဆရာဦးခင်မောင်ဇော်၊ ဆရာဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဦးသဲမောင်မောင်၊ ဒေါ်မင်းမင်းစိုး စုစုပေါင်း ၅ ယောက် ရှိတာပေါ့။

ကျနော်တို့က မနေ့က အန်တီ့(ဒေါ်အောင်ဆန်းစုကြည်)ဆီက ခွင့်ပြုချက်တောင်းပြီးတော့ ကျနော်နဲ့ ဦးကျော်စိန်လွင် ရှေ့နေ ၂ ယောက်ကို ပါဝါထပ်တင်တာပေါ့။ မနေ့က အဲ့ဒါကို ပထမဆုံးဆောင်ရွက်တာ” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၅ နဲ့ အမှု ၄ မှု ဖွင့်ခံထားရပြီး အမှုတမှုစီအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

အမှု ၄ မှုထဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တစ်မှုဖြစ်ပြီး ကျန်တဲ့အမှု ၃ မှုကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတာ ဖြစ်ပါတယ်။

အဂတိအမှု လေးမှု အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုစုစုပေါင်း ၁၁ မှုအထိ ရှိနေပါတယ်။