ခံတြင္း အနံ့ဆိုး အတြက္ သံပုရာသီး (အာပုတ္ေစာ္ နံတာ အျမန္ဆုံးေပ်ာက္တဲ့ လက္ေတြ႕နည္းလမ္း)

ခံတြင္း အနံ့ဆိုး အတြက္ သံပုရာသီး (အာပုတ္ေစာ္ နံတာ အျမန္ဆုံးေပ်ာက္တဲ့ လက္ေတြ႕နည္းလမ္း)

ခံတြင္း ပုတ္အနံ့ ခံတြင္းပုတ္အနံ့သည္ လူတေယာက္အတြက္ မိမိကိုယ္ကို ယုံၾကည္မူ မဲ့ေစပါသည္။

ခံတြင္းအနံ့ မေကာင္းသူမ်ားသည္ လူအမ်ားၾကားတြင္ စကားေျပာဆိုရာတြင္ မိမိ၏ ပါးစပ္မွ အနံ့ေၾကာင့္သူတပါးအား အေႏွာင့္အယွက္ ျဖစ္ေစသလို မိမိကိုယ္တိုင္လည္း သိမ္ငယ္ရပါသည္ ။

ကၽြန္ေတာ္ တာဝန္ထမ္းေဆာင္ရာအရပ္တပါး၌ ေတာရေက်ာင္းတခုတြင္ သီတင္းသုံး ေနထိုင္ေသာ ရဟန္းတပါးအား အခါ အခြင့္သင့္၍သြားေရာက္ ဖူးခဲ့ပါသည္။

ထိုရဟန္းသည္ စကားေျပာေသာအခါတြင္ ပါးစပ္အား လက္ဝါးႏွင့္ကာ၍ စကားေျပာေနပါသည္ ထို႔ေၾကာင့္ အနီးသို႔သြားေရာက္ ေလၽွာက္ထားေသာအခါ ရဟန္းမွ မိမိ ၏ ခံတြင္းနံ့ မွာ အလြန္ဆိုးဝါးစြာ ထြက္ေနေသာေၾကာင့္ လက္ျဖင့္ကာ၍စကားေျပာသည္ဟု မိန႔္ပါသည္။

အဘယ္ေၾကာင့္ ျဖစ္ပါသလဲ ဟုေလ်ာက္ေသာအခါ အရင္က သူမ်ားအတင္းေျပာေသာေၾကာင့္ ျဖစ္မွာေပါ့ဟု ရဟန္းမွ ရယ္စရာအျဖစ္ မိန႔္ပါသည္ ။

ကၽြန္ေတာ္ကိုယ္တိုင္လည္း အနီးတြင္ ေရာက္ေနေသာေၾကာင့္ ခံတြင္းပုတ္နံအား အနံ့ ရေနပါသည္။

ထိုေၾကာင့္သံပုရာသီး ေက်ာင္း၌ ရွိေနပါသလားဟု ေလ်ာက္သည့္အခါ တကာတဦးအားေခၚယူ၍ သံပုရာသီး ႏွစ္လုံး ယူခဲ့ေစပါသည္ ။ေဖာ္စပ္နည္းမွာ…

၁=သံပုရာသီးအား ခါးလယ္မွ ပိုင္းရပါမည္။

၂=ပိုင္းထားေသာ သံပုရာသီးအား အရည္ညႇစ္ရပါမည္ – ဖန္ခြက္တြင္ထည့္ထားပါ။

၃=အရည္ညႇစ္ထားေသာ သံပုရာခြံအား ျပန္ေဖာင္းကာ အိမ္သုံး ဆားအားသိပ္ထည့္ရပါမည္။

၄=ဆားသိပ္ထားေသာ သံပုရာ ႏွစ္ျခမ္းအား ျပန္မ်က္ႏွာခ်င္းဆိုင္ ဆက္ေစပါသည္။

၅=ထိုေနာက္ ဆားသိပ္ထားေသာ သံပုရာျခမ္းအား မီးက်ီးခဲရဲရဲတြင္မီးဖုတ္ရပါမည္။

၆=သံပုရာသီး အေရာင္မွာ မီးက်ီခဲေရာင္ကဲ့သို႔နီရဲလာပါက ဆားက်က္၍ ညႇပ္ျဖင့္ဆယ္ယူကာအေအးခံထားပါ။မီးေသြးခဲကဲ့သို႔ျဖစ္ပါသည္။

၇=၎သံပုရာ ဆားမီးဖုတ္အား စကၠဴ အထူ တရြက္အတြင္းထည့္ကာ ပုလင္းျဖင့္ ႀကိတ္ထားရပါမည္။

၈=အမႈန႔္ ျဖစ္သြားေသာ သံပုရာ ဆားမီးဖုတ္အား သံပုရာေရတြင္ ေရာေမႊ၍သမထားပါ။

မနက္တႀကိမ္ေန႔လည္တႀကိမ္ ညေနတႀကိမ္ လကၻရည္ဇြန္း တဇြန္းစီ တေန႔သုံးႀကိမ္ စားရန္ မွာခဲ့ပါသည္ တပတ္ေက်ာ္လ်င္အနံ့ ေပ်ာက္မည္ဟု ေလ်ာက္ခဲ့ပါသည္။

ေနာက္၁၀ ရက္ခန႔္ ေက်ာင္းသို႔ တေခါက္ျပန္ ေရာက္ေသာအခါ ေပ်ာ္ရႊင္ ယုံၾကည္စြာ စကားေျပာဆိုေနေသာရဟန္းႏွင့္ဆုံရပါေတာ့သည္။ သင္ဆိုလၽွင္လည္း ကိုယ္တိုင္ ကုသႏွိုင္ပါသည္။

Credit မိုးနတ္သား

unicode

ခံတွင်း အနံ့ဆိုး အတွက် သံပုရာသီး (အာပုတ်စော် နံတာ အမြန်ဆုံးပျောက်တဲ့ လက်တွေ့နည်းလမ်း)

ခံတွင်း ပုတ်အနံ့ ခံတွင်းပုတ်အနံ့သည် လူတယောက်အတွက် မိမိကိုယ်ကို ယုံကြည်မူ မဲ့စေပါသည်။

ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ၏ ပါးစပ်မှ အနံ့ကြောင့်သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။

ကျွန်တော် တာဝန်ထမ်းဆောင်ရာအရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍သွားရောက် ဖူးခဲ့ပါသည်။

ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည် ထို့ကြောင့် အနီးသို့သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍စကားပြောသည်ဟု မိန့်ပါသည်။

အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်းပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာအဖြစ် မိန့်ပါသည် ။

ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံအား အနံ့ ရနေပါသည်။

ထိုကြောင့်သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။ဖော်စပ်နည်းမှာ…

၁=သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်။

၂=ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ။

၃=အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအားသိပ်ထည့်ရပါမည်။

၄=ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန်မျက်နှာချင်းဆိုင် ဆက်စေပါသည်။

၅=ထိုနောက် ဆားသိပ်ထားသော သံပုရာခြမ်းအား မီးကျီးခဲရဲရဲတွင်မီးဖုတ်ရပါမည်။

၆=သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာအအေးခံထားပါ။မီးသွေးခဲကဲ့သို့ဖြစ်ပါသည်။

၇=၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက်အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ထားရပါမည်။

၈=အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ၍သမထားပါ။

မနက်တကြိမ်နေ့လည်တကြိမ် ညနေတကြိမ် လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ပါသည် တပတ်ကျော်လျင်အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်။

နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသောရဟန်းနှင့်ဆုံရပါတော့သည်။ သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်။

Credit မိုးနတ်သား