ရႈံးေႂကြးဆပ္ရမယ့္ပြဲ (ေအာင္လကို အားေပးၾကမယ္မို႕လား)

ရႈံးေႂကြးဆပ္ရမယ့္ပြဲ(ေအာင္လကို အားေပးၾကမယ္မို႕လား)

ေျခာက္လခန႔္ ၾကာၿပီးေနာက္ ကာလအတန္ၾကာေစာင့္စားခဲ့ရသည့္ ကခ်င္ႏြယ္ဖြား ျမန္မာ့ဂုဏ္ေဆာင္ ေအာင္လအင္န္ဆန္း၏ MMA ပြဲစဥ္ကေတာ့ ပရိသတ္ေရွ႕ေမွာက္ တစ္ေက်ာ့ပန္လည္လို႔ ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။

ျမန္မာ့စပါးအုံးေႁမြတစ္ေယာက္ ၿပီးခဲ့သည့္ ၂၀၂၀ျပည့္ႏွစ္ ေအာက္တိုဘာ ၃၀ ရက္ ညခ်မ္းမွာ နယ္သာလန္ဖိုက္တာ ရိုင္နီယာဒီရစ္ဒါ( Reinier De Ridder)ထံ မစ္ဒယ္ဝိတ္ကမၻာ့ခန္ပီယံခါးပတ္ကို လႊဲေပးခဲ့ရၿပီး ျမန္မာျပည္ႏွင့္ ကမၻာတစ္ဝန္းမွ ပရိသတ္အသည္းထဲ ဝမ္းနည္းဆို႔နင့္ေစခဲ့တဲ့ညကို မွတ္မိၾကဦးမည္ထင္ပါသည္။

ရိုင္နီယာထံ လႊဲေပးခဲ့ရသည့္ မစ္ဒယ္ဝိတ္ခ်န္ပီယံခါးပတ္ကိုျပန္ယူၿပီး ရႈံးေႂကြးကိုျပန္ဆပ္နိုင္မည့္တစ္ေက်ာ့ျပန္ မေက်ပြဲကို ေမၽွာ္လင့္ေတာင့္တေနသည့္ ပရိသတ္အတြက္ေရာ ေအာင္လအင္န္ဆန္းအတြက္ပါ မေမၽွာ္လင့္ဘဲ ဝမ္းခ်န္ပီယံရွစ(One Championship) က စီစဥ္ေပးလိုက္နိုင္ခဲ့ၿပီျဖစ္သည္။

တစ္ေက်ာ့ျပန္ မေက်ပြဲဟုဆိုနိုင္ေသာ္လည္း ဧၿပီ ၂၉ ရက္ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၇ နာရီတြင္ စင္ကာပူနိုင္ငံ Indoor Stadium တြင္ ထိုးသတ္မည့္ ေအာင္လအင္န္ဆန္းႏွင့္ ရိုင္နီယဒီရစ္ဒါတို႔ပြဲစဥ္သည္ ေအာင္လအင္န္ဆန္းမွ ရိုင္နီယာထံ လႊဲေျပာင္းေပးခဲ့ရသည့္ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံေခါင္းစဥ္ေအာက္မွာထိုး သတ္ၾကမည္မဟုတ္ဘဲ လိုက္ဟဲဗီးဝိတ္ကမၻာ့ခ်န္ပီယံခါးတ္လုပြဲအတြက္ ထိုးသတ္ၾကမည့္ပြဲစဥ္ျဖစ္လာခဲ့သည္။

ဝမ္းခ်န္ပီယံရွစ္၏ လက္ရွိ လိုက္ဟဲဗီးဝိတ္ ကမၻာ့ခ်န္ပီယံ ေအာင္လအင္န္ဆန္းအေနျဖင့္ ခ်န္ပီယံခါးပတ္ ကာကြယ္ပြဲအတြက္ မူလကၿပိဳင္ဘက္အျဖစ္ ခ်န္ပီယံေဟာင္း ႐ုရွားဖိုက္တာ ဗစ္တလီ မစ္ဒက္ရွ္ (Vitaly Bigdash) ႏွင့္ထိုးသတ္ရန္ စီစဥ္ခဲ့ေသာ္လည္း ဗစ္ဒက္ရွ္တြင္ ကိုဗစ္ (၁၉) ပိုးစစ္ေဆးေတြ႕ရွိမႈေၾကာင့္ ၿပိဳင္ပြဲက်င္းပခါနီးမွ ၿပိဳင္ဘက္အေျပာင္းအလဲ ျဖစ္ေပၚခဲ့ျခင္း ျဖစ္သည္။လိုက္ဟဲဗီးဝိတ္ကမၻာ့ခ်န္ပီယံကာကြယ္ပြဲတြင္ ၿပိဳင္ဘက္အေျပာင္းအလဲျဖစ္ခဲ့ၿပီးေနာက္ ဝမ္းခ်န္ပီယံရွစ္မွ ပရိသတ္စိတ္ဝင္စားမႈ ျမင့္မားသည့္ ပြဲစဥ္ျဖစ္ေစေရး နယ္သာလန္ဖိုက္တာ ရိုင္နီယာဒီစ္ဒါႏွင့္ ပြဲတည္ေပးခဲ့သည္။

မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံခါးပတ္အတြက္ မေက်ပြဲပုံစံမ်ိဳး စီစဥ္ေပးခဲ့ျခင္းမဟုတ္ဘဲ တစ္ဖက္တြင္လည္း မစ္ဒယ္ဝိတ္ခ်န္ပီယံကာကြယ္ပြဲအျဖစ္ ထိုးသတ္ရမည့္ ရိုင္နီယာဒီရစ္ဒါ၏ၿပိဳင္ဘက္တြင္လည္း ကိုဗစ္ (၁၉) ေရာဂါပိုး စစ္ေဆးေတြ႕ရွိမႈေၾကာင့္ ပြဲပ်က္ခဲ့ၿပီး လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္လုပြဲအျဖစ္ ေအာင္လအင္န္ဆန္းႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္သြားရန္ အေၾကာငးဖန္လာခဲ့ျခင္း ျဖစ္သည္။

Stand Fight ကစားသည့္ ကစားသမားျဖင့္ ယွဥ္ၿပိဳင္မည့္ပြဲစဥ္အတြက္ လေပါင္းမ်ားစြာ အခ်ိန္ယူကစားပုံအစီအစဥ္ခ်ထားကာ ပြဲႀကိဳျပင္ဆင္မႈမ်ားစြာ လုပ္ထားရသည့္ လက္ရွိခ်န္ပီယံေအာင္လအင္န္ဆန္းအတြက္ ၿပိဳင္ပြဲက်င္းပခါနီးမွ On Ground ေျမျပင္တြင္ ခ်ဳပ္ကြက္ျဖင့္ အားသာသည့္ ရိုင္နီယာဒီရစ္ဒါႏွင့္ ၿပိဳင္ဘက္ ေျပာင္းလဲခဲ့မႈကေတာ့ လက္ရွိ ခ်န္ပီယံေအင္လအင္န္ဆန္းအတြက္ နစ္နာမႈမ်ားရွိေနမည္မွာ ေသခ်ာလ်က္ရွိေနသည္။

ရိုင္နီယာ ဒီရစ္ဒါ( Reinier De Ridder)

ေျမျပင္ခ်ဳပ္ကြက္ကို အားသာသည့္ နယ္သာလန္ဖိုက္တာ ရိုင္နီယာ ဒီရစ္ဒါသည္ အသက္ ၃၀ ခန႔္ရွိၿပီး ေအာင္လအင္န္ဆန္းထက္ ငယ္ရြယ္ကာ အရပ္ေျခာက္ေပသုံးလက္မခန႔္ရွိ ဖိက္တာတစ္ဦးျဖစ္သည္။ ခ်ဳပ္ကြက္သုံးရသည္ကို သေဘာက်ေလ့ရွိၿပီး ပြဲစဥ္တိုင္းလိုလို ခ်ဳပ္ကြက္ျဖင့္ အနိုင္ယူေလ့ရွိသည္။

ေနာက္ဆုံးပြဲစဥ္အျဖစ္ ကစားခဲ့သည့္ မစ္ဒယ္ဝိတ္ခ်န္ပီယံခါးပတ္လုပြဲတြင္ ခ်န္ပီယံ ေအာင္လအင္န္ဆန္းကို ပထမအခ်ီမွာတင္ ခ်ဳပ္ကြက္ျဖင့္ အနိုင္ယူထားသူလည္းျဖစ္သည္။

MMA ပြဲတစ္ေလၽွာက္ ရႈံးပြဲလုံး၀မရွိေသးသလို ဝမ္းခ်န္ပီယံရွစ္(One Championship)ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးေနာက္ ဝမ္းခ်န္ပီယံရွစ္၏ ပထမဦးဆုံးပြဲကို တ႐ုတ္ MMA ဖိုက္တာႏွင့္ယွဥ္ၿပိဳင္ခဲ့ၿပီး ပထမအခ်ီမွာတင္ သူအားသန္သည့္ ခ်ဳပ္ကြက္ျဖင့္ အနိုင္ယူခဲ့ၿပီးသည္။ ယင္းေနာက္ ဘရာဇီးဖိုက္တာ ႏွစ္ဦးျဖစ္သည့္ ဂီလ္ဘာတိုႏွင့္ လီအန္ဒရိုကို အနိုင္ယူျပကာ ဝမ္းခ်န္ပီယရွစ္တြင္ ထိုးသတ္ခဲ့သည့္ ပြဲစဥ္တိုင္း အနိုင္ရရွိထားသည္။

ရိုင္နီယာအေနျဖင့္ ဝမ္းခ်န္ပီယံရွစ္တြင္ ဖိုက္တာအမ်ားစုကို အနိုင္ယူနိုင္ခဲ့ၿပီး ေအာင္လအင္န္ဆန္းလို အရည္ေသြးျမင့္ ကမၻာ့အဆင့္ဖိုက္တာကို ပထမအခ်ီတြင္ ခ်ဳပ္ကြက္ျဖင့္ အနိုင္ယူခဲ့ေသာ္လည္းနိုင္ပြဲဆာေလာင္ေနသည့္ လက္ရွိခ်န္ပီယံ ေအာင္လအင္န္ဆန္းကို လိုက္ဟဲဗီးဝိတ္တန္းတြင္ အနိုင္ယူျပနိုင္ေရးသည္ ရိုင္နီယာဒီရစ္ဒါအတြက္ အခက္အခဲဆုံးပြဲစဥ္တစ္ပြဲ ျဖစ္လာမည္ျစ္သည္။အေသအေက်တိုက္ခိုက္ ပြဲသိမ္းထိုးခ်က္၊ ကန္ခ်က္မ်ား အားသာသည့္ လက္ရွိခ်န္ပီယံ ေအာင္လအင္န္ဆန္းကို အခြင့္အေရးမေပးမိေအာင္ နည္းဗ်ဴဟာက်က်ျဖင့္ ခ်ဥ္းကပ္ေလ့ရွိၿပီး ခ်ဳပ္ကြက္ျဖင့္ ပြသိမ္းနိုင္ေရး အခြင့္ အခါေကာင္းကို ေစာင့္ဆိုင္းထိုးသတ္တတ္သူလည္းျဖစ္သည္။

ေအာင္လအင္န္ဆန္း(Aung La Nsang)

ေအာင္လအင္န္ဆန္းအေနျဖင့္ ၂၀၁၉ ေအာက္တိုဘာ ၁၃ ရက္က လိုက္ဟဲဗီးဝိတ္တန္းကမၻာ့ခ်န္ပီယံ ကာကြယ္ပြဲအျဖစ္ ဖိလစ္ပိုင္နိုင္ငံသား ဘရန္ဒန္ဗီရာကို ထိုးသတ္အနိုင္ရရွိခဲ့ၿပီးေနာက္ ၂၀၂၁ခုႏွစ္တြင္ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္ကို ဆက္လက္ကာ ကြယ္ရမယ့္ ပြဲစဥ္တြင္ မစ္ဒယ္ဝိတ္တန္းပြဲစဥ္ကဲ့သို႔ ရိုင္နီယာဒီရစ္ဒါ၏ခ်ဳပ္ကြက္မမိေအာင္ ေအာင္လအင္န္ဆန္း အေနျဖင့္ သတိကီးႀကီးျဖင့္ ထိုးသတ္ရမွာ အေသအခ်ာပင္ျဖစ္သည္။

“ကၽြန္ေတာ္ရဲ့ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္ကာကြယ္ပြဲအတြက္ ၿပိဳင္ပြဲက်င္းပမယ့္စင္ကာပူနိုင္ငံကို ေရာက္ရွိေနပါတယ္။အားလုံးကိုခါးပတ္ကာကြယ္ပြဲ ၿပိဳင္ဘက္အေျပာင္းအလဲ ျဖစ္သြားတဲအေၾကာင္း ေျပာခ်င္ပါတယ္။ မူလကၿပိဳင္ဘက္ ႐ုရွားနိုင္ငံသား ဗစ္တာလီ ဘစ္ဒက္ရွ္နဲ႔ယွဥ္ၿပိဳင္ထိုးသတ္ဖို႔ စီစဥ္ထားေပမယ့္ ၿပိဳင္ဘက္ဘစ္ဒက္ရွ္ ကိုဗစ္ (၁၉) စစ္ေဆးရာမွာ ေရာဂါပိုးစစ္ဆးေတြ႕ရွိတဲ့အတြက္ ၿပိဳင္ဘက္အသစ္ ရိုင္နီယာဒီရစ္ဒါနဲ႔ ေျပာင္းလဲထိုးသတ္သြားမွာျဖစ္ပါတယ္။ အားလုံးဂုဏ္ယူရဖို႔အတြက္ ကၽြန္ေတာ္အေကာင္းဆုံး ႀကိဳးစားယွဥ္ၿပိဳင္သြားမွာပါ”ဟု ေအာင္အင္န္ဆန္းက ၎၏လူမႈကြန္ရက္မွတစ္ဆင့္ ေျပာဆိုခဲ့သည္။

လိုက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယဘြဲ႕ကို ကာကြယ္နိုင္ခဲ့ပါက ေအာင္လအင္န္ဆန္းအေနျဖင့္ လက္လႊတ္ခဲ့ရသည့္ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံခါးပတ္ကိုပါ ျပန္လည္စိန္ေခၚနိုင္မည္ျဖစ္သလိုရႈံးနိမ့္ခဲ့ပါက ကစားသမားတစ္ဦးတည္းထံ ခ်န္ပီယံခါးပတ္ႏွစ္ခုစလုံး လႊဲေျပာင္းေပးရမည့္အေရးေၾကာင့္ ေအာင္လအင္န္ဆန္းအတြက္ လုံး၀အမွားခံလို႔မရသလို ဂုဏ္သိကၡာအတြက္ ႀကိဳးစား႐ုန္းန္သြားဖြယ္ရွိေနသည္။

ၿပိဳင္ပြဲက်င္းပခါနီးမွ ၿပိဳင္ဘက္ေျပာင္းလဲခဲ့သည္ ဆိုေသာ္ျငား မစ္ဒယ္ဝိတ္ခ်န္ပီယံခါးပတ္ကို လက္လႊတ္ခဲ့ရၿပီးေနာက္ မေက်ပြဲကို ခ်က္ခ်င္း ျပန္ထိုးခ်င္ေၾကာင္း ေျပာဆိုခဲ့ဖူးသည့္ ေအာင္လင္န္ဆန္းအတြက္ အခြင့္အေရးဟုယူဆကာ ရိုင္နီယာဒီရစ္ဒါႏွင့္ ရင္ဆိုင္လိုစိတ္ရွိေနျခင္းေၾကာင့္ ၿပိဳင္ဘက္ေျပာင္းလဲေသာ္လည္းထိုးသတ္ရန္ လက္ခံခဲ့ျခင္းျဖစ္သည္ဟုဆိုနိုင္ပါသည္။

ျမန္ႏႈန္းျမင့္ ေျခကန္ခ်က္၊ အသတ္အပုတ္မ်ားကို ကၽြမ္းကၽြမ္းက်င္က်င္ ပိုင္ဆိုင္သည့္ လက္ရွိ ခ်န္ပီယံအေနျဖင့္ အရပ္ ေျခာက္ေပတစ္လက္မရွိၿပီး ပြဲစဥ္အမ်ားစုတြင္ အေသအေက်တိုက္ခိုက္ပြဲသိမ္းထိုးခ်က္ျဖင့္ ၿပိဳင္ဘက္ကို အနိုင္ယူေလ့ရွိသူ တစ္ဦးလည္း ျဖစ္သည္။

၀မ္းခ်န္ပီယံရွစ္ (One Championship)က စီစဥ္က်င္းပမည့္ ေအာင္လအင္န္ဆန္းႏွင့္ ရိုင္နီယာဒီရစ္ဒါတို႔၏ လိုက္ဟဲဗီးဝိတ္ ကမၻာ့ခ်န္ပီယံပြဲအျပင္ Lightweight Mixed Martial Artsခါးပတ္လုပြဲအျဖစ္ အဲဗာရက္ (Alvarez) ႏွင့္ Dk ၊ ဟဲဗီးဝိတ္ Heavy weight Mixed Martial Arts ခါးပတ္လုပြဲအျဖစ္ Reug Reug ႏွင့္ Grishenko တို႔ အႀကိတ္အနယ္ ယွဥ္ပိဳင္ထိုးသတ္သြားၾကမည္ျဖစ္သည္။

ဂုဏ္သိကၡာအတြက္ေရာ ခ်န္ပီယံခါးပတ္ကာကြယ္ေရးအတြက္ပါ အသက္တမၽွ အေရးပါေနသည့္ ပြဲစဥ္အတြက္ အရႈံးကေန သင္ခန္းစာယူၿပီး ေအာင္လအင္န္ဆန္းတစ္ ေယာက္ ျပန္လာနိုင္မလာဆိုတာ ျမန္မာအပါအဝင္ကမၻာတစ္ဝန္းလုံးက ေစာင့္ေမၽွာ္လ်က္ရွိေနသည္။

လိုက္ဟဲဗီးဝိတ္ကမၻာ့ခ်န္ပီယံခါးပတ္အတြက္ စင္ကာပူေျမမွာ ရိုင္နီယာဒီရစ္ဒါ(Reinier De Ridder)ကပဲ သူအားသန္သည့္ခ်ဳပ္ကြက္ျဖင့္ ေအာင္လအင္န္ဆန္းဆီက လိုက္ဟဲဗီးဝိတ္ခ်န္ပယံခါးပတ္ပါ ထပ္ယူနိုင္မလား။ လက္ရွိခ်န္ပီယံ ေအာင္လအင္န္ဆန္း(Aung La Nsang)ကပဲ ရႈံးေႂကြးဆပ္ၿပီး ဂုဏ္သိကၡာ ျပန္ဆယ္နိုင္မလားဆို တာကေတာ့ – – – ။

တိုးေအာင္ (ျမန္မာ့ေျမ) credit

unicode

ရှုံးကြွေးဆပ်ရမယ့်ပွဲ(အောင်လကို အားပေးကြမယ်မို့လား)

ခြောက်လခန့် ကြာပြီးနောက် ကာလအတန်ကြာစောင့်စားခဲ့ရသည့် ကချင်နွယ်ဖွား မြန်မာ့ဂုဏ်ဆောင် အောင်လအင်န်ဆန်း၏ MMA ပွဲစဉ်ကတော့ ပရိသတ်ရှေ့မှောက် တစ်ကျော့ပန်လည်လို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မြန်မာ့စပါးအုံးမြွေတစ်ယောက် ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ် အောက်တိုဘာ ၃၀ ရက် ညချမ်းမှာ နယ်သာလန်ဖိုက်တာ ရိုင်နီယာဒီရစ်ဒါ( Reinier De Ridder)ထံ မစ်ဒယ်ဝိတ်ကမ္ဘာ့ခန်ပီယံခါးပတ်ကို လွှဲပေးခဲ့ရပြီး မြန်မာပြည်နှင့် ကမ္ဘာတစ်ဝန်းမှ ပရိသတ်အသည်းထဲ ဝမ်းနည်းဆို့နင့်စေခဲ့တဲ့ညကို မှတ်မိကြဦးမည်ထင်ပါသည်။

ရိုင်နီယာထံ လွှဲပေးခဲ့ရသည့် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကိုပြန်ယူပြီး ရှုံးကြွေးကိုပြန်ဆပ်နိုင်မည့်တစ်ကျော့ပြန် မကျေပွဲကို မျှော်လင့်တောင့်တနေသည့် ပရိသတ်အတွက်ရော အောင်လအင်န်ဆန်းအတွက်ပါ မမျှော်လင့်ဘဲ ဝမ်းချန်ပီယံရှစ(One Championship) က စီစဉ်ပေးလိုက်နိုင်ခဲ့ပြီဖြစ်သည်။

တစ်ကျော့ပြန် မကျေပွဲဟုဆိုနိုင်သော်လည်း ဧပြီ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီတွင် စင်ကာပူနိုင်ငံ Indoor Stadium တွင် ထိုးသတ်မည့် အောင်လအင်န်ဆန်းနှင့် ရိုင်နီယဒီရစ်ဒါတို့ပွဲစဉ်သည် အောင်လအင်န်ဆန်းမှ ရိုင်နီယာထံ လွှဲပြောင်းပေးခဲ့ရသည့် မစ်ဒယ်ဝိတ်တန်းချန်ပီယံခေါင်းစဉ်အောက်မှာထိုး သတ်ကြမည်မဟုတ်ဘဲ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးတ်လုပွဲအတွက် ထိုးသတ်ကြမည့်ပွဲစဉ်ဖြစ်လာခဲ့သည်။

ဝမ်းချန်ပီယံရှစ်၏ လက်ရှိ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအင်န်ဆန်းအနေဖြင့် ချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် မူလကပြိုင်ဘက်အဖြစ် ချန်ပီယံဟောင်း ရုရှားဖိုက်တာ ဗစ်တလီ မစ်ဒက်ရှ် (Vitaly Bigdash) နှင့်ထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း ဗစ်ဒက်ရှ်တွင် ကိုဗစ် (၁၉) ပိုးစစ်ဆေးတွေ့ရှိမှုကြောင့် ပြိုင်ပွဲကျင်းပခါနီးမှ ပြိုင်ဘက်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ပြိုင်ဘက်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် ဝမ်းချန်ပီယံရှစ်မှ ပရိသတ်စိတ်ဝင်စားမှု မြင့်မားသည့် ပွဲစဉ်ဖြစ်စေရေး နယ်သာလန်ဖိုက်တာ ရိုင်နီယာဒီစ်ဒါနှင့် ပွဲတည်ပေးခဲ့သည်။

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်အတွက် မကျေပွဲပုံစံမျိုး စီစဉ်ပေးခဲ့ခြင်းမဟုတ်ဘဲ တစ်ဖက်တွင်လည်း မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်ရမည့် ရိုင်နီယာဒီရစ်ဒါ၏ပြိုင်ဘက်တွင်လည်း ကိုဗစ် (၁၉) ရောဂါပိုး စစ်ဆေးတွေ့ရှိမှုကြောင့် ပွဲပျက်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲအဖြစ် အောင်လအင်န်ဆန်းနှင့် ယှဉ်ပြိုင်ထိုးသတ်သွားရန် အကြောငးဖန်လာခဲ့ခြင်း ဖြစ်သည်။

Stand Fight ကစားသည့် ကစားသမားဖြင့် ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက် လပေါင်းများစွာ အချိန်ယူကစားပုံအစီအစဉ်ချထားကာ ပွဲကြိုပြင်ဆင်မှုများစွာ လုပ်ထားရသည့် လက်ရှိချန်ပီယံအောင်လအင်န်ဆန်းအတွက် ပြိုင်ပွဲကျင်းပခါနီးမှ On Ground မြေပြင်တွင် ချုပ်ကွက်ဖြင့် အားသာသည့် ရိုင်နီယာဒီရစ်ဒါနှင့် ပြိုင်ဘက် ပြောင်းလဲခဲ့မှုကတော့ လက်ရှိ ချန်ပီယံအေင်လအင်န်ဆန်းအတွက် နစ်နာမှုများရှိနေမည်မှာ သေချာလျက်ရှိနေသည်။

ရိုင်နီယာ ဒီရစ်ဒါ( Reinier De Ridder)

မြေပြင်ချုပ်ကွက်ကို အားသာသည့် နယ်သာလန်ဖိုက်တာ ရိုင်နီယာ ဒီရစ်ဒါသည် အသက် ၃၀ ခန့်ရှိပြီး အောင်လအင်န်ဆန်းထက် ငယ်ရွယ်ကာ အရပ်ခြောက်ပေသုံးလက်မခန့်ရှိ ဖိက်တာတစ်ဦးဖြစ်သည်။ ချုပ်ကွက်သုံးရသည်ကို သဘောကျလေ့ရှိပြီး ပွဲစဉ်တိုင်းလိုလို ချုပ်ကွက်ဖြင့် အနိုင်ယူလေ့ရှိသည်။

နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့သည့် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုပွဲတွင် ချန်ပီယံ အောင်လအင်န်ဆန်းကို ပထမအချီမှာတင် ချုပ်ကွက်ဖြင့် အနိုင်ယူထားသူလည်းဖြစ်သည်။

MMA ပွဲတစ်လျှောက် ရှုံးပွဲလုံးဝမရှိသေးသလို ဝမ်းချန်ပီယံရှစ်(One Championship)နှင့် စာချုပ်ချုပ်ဆိုထားပြီးနောက် ဝမ်းချန်ပီယံရှစ်၏ ပထမဦးဆုံးပွဲကို တရုတ် MMA ဖိုက်တာနှင့်ယှဉ်ပြိုင်ခဲ့ပြီး ပထမအချီမှာတင် သူအားသန်သည့် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပြီးသည်။ ယင်းနောက် ဘရာဇီးဖိုက်တာ နှစ်ဦးဖြစ်သည့် ဂီလ်ဘာတိုနှင့် လီအန်ဒရိုကို အနိုင်ယူပြကာ ဝမ်းချန်ပီယရှစ်တွင် ထိုးသတ်ခဲ့သည့် ပွဲစဉ်တိုင်း အနိုင်ရရှိထားသည်။

ရိုင်နီယာအနေဖြင့် ဝမ်းချန်ပီယံရှစ်တွင် ဖိုက်တာအများစုကို အနိုင်ယူနိုင်ခဲ့ပြီး အောင်လအင်န်ဆန်းလို အရည်သွေးမြင့် ကမ္ဘာ့အဆင့်ဖိုက်တာကို ပထမအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သော်လည်းနိုင်ပွဲဆာလောင်နေသည့် လက်ရှိချန်ပီယံ အောင်လအင်န်ဆန်းကို လိုက်ဟဲဗီးဝိတ်တန်းတွင် အနိုင်ယူပြနိုင်ရေးသည် ရိုင်နီယာဒီရစ်ဒါအတွက် အခက်အခဲဆုံးပွဲစဉ်တစ်ပွဲ ဖြစ်လာမည်စြ်သည်။အသေအကျေတိုက်ခိုက် ပွဲသိမ်းထိုးချက်၊ ကန်ချက်များ အားသာသည့် လက်ရှိချန်ပီယံ အောင်လအင်န်ဆန်းကို အခွင့်အရေးမပေးမိအောင် နည်းဗျူဟာကျကျဖြင့် ချဉ်းကပ်လေ့ရှိပြီး ချုပ်ကွက်ဖြင့် ပွသိမ်းနိုင်ရေး အခွင့် အခါကောင်းကို စောင့်ဆိုင်းထိုးသတ်တတ်သူလည်းဖြစ်သည်။

အောင်လအင်န်ဆန်း(Aung La Nsang)

အောင်လအင်န်ဆန်းအနေဖြင့် ၂၀၁၉ အောက်တိုဘာ ၁၃ ရက်က လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို ထိုးသတ်အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၁ခုနှစ်တွင် လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ဆက်လက်ကာ ကွယ်ရမယ့် ပွဲစဉ်တွင် မစ်ဒယ်ဝိတ်တန်းပွဲစဉ်ကဲ့သို့ ရိုင်နီယာဒီရစ်ဒါ၏ချုပ်ကွက်မမိအောင် အောင်လအင်န်ဆန်း အနေဖြင့် သတိကီးကြီးဖြင့် ထိုးသတ်ရမှာ အသေအချာပင်ဖြစ်သည်။

“ကျွန်တော်ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် ပြိုင်ပွဲကျင်းပမယ့်စင်ကာပူနိုင်ငံကို ရောက်ရှိနေပါတယ်။အားလုံးကိုခါးပတ်ကာကွယ်ပွဲ ပြိုင်ဘက်အပြောင်းအလဲ ဖြစ်သွားတဲအကြောင်း ပြောချင်ပါတယ်။ မူလကပြိုင်ဘက် ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားပေမယ့် ပြိုင်ဘက်ဘစ်ဒက်ရှ် ကိုဗစ် (၁၉) စစ်ဆေးရာမှာ ရောဂါပိုးစစ်ဆးတွေ့ရှိတဲ့အတွက် ပြိုင်ဘက်အသစ် ရိုင်နီယာဒီရစ်ဒါနဲ့ ပြောင်းလဲထိုးသတ်သွားမှာဖြစ်ပါတယ်။ အားလုံးဂုဏ်ယူရဖို့အတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ”ဟု အောင်အင်န်ဆန်းက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုခဲ့သည်။

လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါက အောင်လအင်န်ဆန်းအနေဖြင့် လက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုပါ ပြန်လည်စိန်ခေါ်နိုင်မည်ဖြစ်သလိုရှုံးနိမ့်ခဲ့ပါက ကစားသမားတစ်ဦးတည်းထံ ချန်ပီယံခါးပတ်နှစ်ခုစလုံး လွှဲပြောင်းပေးရမည့်အရေးကြောင့် အောင်လအင်န်ဆန်းအတွက် လုံးဝအမှားခံလို့မရသလို ဂုဏ်သိက္ခာအတွက် ကြိုးစားရုန်းန်သွားဖွယ်ရှိနေသည်။

ပြိုင်ပွဲကျင်းပခါနီးမှ ပြိုင်ဘက်ပြောင်းလဲခဲ့သည် ဆိုသော်ငြား မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီးနောက် မကျေပွဲကို ချက်ချင်း ပြန်ထိုးချင်ကြောင်း ပြောဆိုခဲ့ဖူးသည့် အောင်လင်န်ဆန်းအတွက် အခွင့်အရေးဟုယူဆကာ ရိုင်နီယာဒီရစ်ဒါနှင့် ရင်ဆိုင်လိုစိတ်ရှိနေခြင်းကြောင့် ပြိုင်ဘက်ပြောင်းလဲသော်လည်းထိုးသတ်ရန် လက်ခံခဲ့ခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည်။

မြန်နှုန်းမြင့် ခြေကန်ချက်၊ အသတ်အပုတ်များကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ဆိုင်သည့် လက်ရှိ ချန်ပီယံအနေဖြင့် အရပ် ခြောက်ပေတစ်လက်မရှိပြီး ပွဲစဉ်အများစုတွင် အသေအကျေတိုက်ခိုက်ပွဲသိမ်းထိုးချက်ဖြင့် ပြိုင်ဘက်ကို အနိုင်ယူလေ့ရှိသူ တစ်ဦးလည်း ဖြစ်သည်။

ဝမ်းချန်ပီယံရှစ် (One Championship)က စီစဉ်ကျင်းပမည့် အောင်လအင်န်ဆန်းနှင့် ရိုင်နီယာဒီရစ်ဒါတို့၏ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံပွဲအပြင် Lightweight Mixed Martial Artsခါးပတ်လုပွဲအဖြစ် အဲဗာရက် (Alvarez) နှင့် Dk ၊ ဟဲဗီးဝိတ် Heavy weight Mixed Martial Arts ခါးပတ်လုပွဲအဖြစ် Reug Reug နှင့် Grishenko တို့ အကြိတ်အနယ် ယှဉ်ပိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။

ဂုဏ်သိက္ခာအတွက်ရော ချန်ပီယံခါးပတ်ကာကွယ်ရေးအတွက်ပါ အသက်တမျှ အရေးပါနေသည့် ပွဲစဉ်အတွက် အရှုံးကနေ သင်ခန်းစာယူပြီး အောင်လအင်န်ဆန်းတစ် ယောက် ပြန်လာနိုင်မလာဆိုတာ မြန်မာအပါအဝင်ကမ္ဘာတစ်ဝန်းလုံးက စောင့်မျှော်လျက်ရှိနေသည်။

လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် စင်ကာပူမြေမှာ ရိုင်နီယာဒီရစ်ဒါ(Reinier De Ridder)ကပဲ သူအားသန်သည့်ချုပ်ကွက်ဖြင့် အောင်လအင်န်ဆန်းဆီက လိုက်ဟဲဗီးဝိတ်ချန်ပယံခါးပတ်ပါ ထပ်ယူနိုင်မလား။ လက်ရှိချန်ပီယံ အောင်လအင်န်ဆန်း(Aung La Nsang)ကပဲ ရှုံးကြွေးဆပ်ပြီး ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်မလားဆို တာကတော့ – – – ။

တိုးအောင် (မြန်မာ့မြေ) credit