စစ်ကောင်စီမှ(၇)ဦးသေ KNU မှ (၂)ဦးသေဆုံးခဲ့တဲ့ တိုက်ပွဲ(ရုပ်သံ)

မနေ့က စခန်းသိမ်းတိုက်ပွဲမှာ မြစ်ကမ်း

ဘေးကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားများကို KNU မှ လိုက်ရှင်းလင်းစဉ်

စစ်ကောင်စီဘက်က ၇ ဦး ပွဲချင်းပြီးသေ

KNU မှ နှစ်ဦးကျဆုံးတဲ့ ဖြစ်စဉ်အမှန်….

ဖြစ်ရတဲ့အကြောင်းအရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်…။

video ဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။

ထိုင်း-မြန်မာနယ်စပ် သောလယ်ထာ့ (မဲ့စန်လက်) စစ်ကောင်စီ၏ တပ်စခန်းကို ယနေ့ နံနက် ၆ နာရီကျော်အ ချိန်တွင် ကေအဲန်ယူ -ကရင်အမျိုးသားစည်းအရုံး ၏

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ ) တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့သည်ဟု သောလယ်ထာ့ဒေသခံများက ပြောသည်။

“ဒီမနက် ၅ နာရီ လောက်မှာ စတက်တာ၊ ၆ နာရီကျော်ကျော်လောက်မှာ စခန်း တ က် သိမ်းနိုင်တယ်လို့ သိရတယ်။ အသံတွေ ဆူညံနေရောပဲ။ စခန်းတွေကို

မီ း ရှို့ လိုက်ပြီ။ အခု ကျနော်ပြောနေတဲ့အချိန်မှာပဲ ကမ်းနံဖူးမှာ ဗမာစစ်သား ၇ ယောက် ထွက်ပြေးနေတာ လှမ်းမြင်ရတယ်။သ န တ် တွေ ပါသေးတယ်။”ဟု

ထိုင်းဘက်ခြမ်းရှိ ဒေသခံရွာသားတစ်ဦးက ယနေ့ နံနက် ၇နာရီအချိန်တွင် ကေအိုင်စီသို့ပြောသည်။ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာ

နယ်စပ်ရှိ သီးမူထာ့ စစ်ကောင်စီ စခန်း တစ်ခုကိုလည်း ကေအဲန်အဲလ်အေ တပ်မဟာ ၅က တက်ရောက်သိမ်းယူခဲ့ပြီဖြစ်သည်။

ဇော်ဂျီဖောင့်ဖြင့် ဖတ်ရန်

သောလယ်ထာ့ရှိ စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်ရောက်သိမ်းယူ