ဗားကရာချောက်အတွင်းရှိ ယာဉ်ထိန်းရဲကင်း ပစ်ခတ်ခံရမှု (ရုပ်/သံ)

စစ်သားတစ်ဦးသေဆုံးပြီး အခြားစစ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရသော စမ်းချောင်း၊ ဗားကရာချောက်အတွင်းရှိ ယာဉ်ထိန်းရဲကင်း ပစ်ခတ်ခံရမှု (ရုပ်/သံ) ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။ ရန်ကုန်၊ အောက်တိုဘာ ၂၃ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာချောက်အတွင်းရှိ ယာဉ်ထိန်းရဲကင်းကို ယနေ့ မွန်းလွဲ ၂ နာရီ ၃၆ မိနစ်အချိန် အမည်မသိ လက်နက်ကိုင်တချို့က ဝင် ရောက် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးသွားပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ အဆိုပါ စမ်းချောင်း ဗားကရာ ချောက်အတွင်းရှိ ယာဉ်ထိန်းရဲကင်းကို ပစ်ခတ်သော ဗီဒီ ယိုဖိုင်မှာလည်း လူမှုကွန်ရက်များတွင် ပြန့်နှံ့လာနေသဖြင့် ရန်ကုန်ခေတ်သစ်က ပြန်လည် ဖော်ပြလိုက်ပါသည်။ source khitthit unicode စစ်သားတစ်ဦးသေဆုံးပြီး အခြားစစ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရသော စမ်းချောင်း၊ … Read more

မန္တလေးတွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက်

မန္တလေးတွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက် ဒန်နီ လာမည့် နိုဝင်ဘာ ၁၈ရက်တွင် မန္တလေးဒေသကြီး နန်းမြို့ရိုးရှေ့တည့်တည့်တွင်ပြုလုပ်ရန်စီစဉ်ထားသော အာဏာသိမ်းစစ်ကောင်စီတပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု အမျိုးသားရေးဝါဒီဟုသူ့ကိုယ်သူကင်ပွန်းတပ်သော မိုက်ကယ်ကျော်မြင့်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။ “ ဒီပွဲကို နှောက်ယှက်လာမယ့် PDF အကြမ်းဖက်မှန်သမျှ တစ်ယောက်မှ အသက်မရှင်စေရပါဘူး။ကတိပါ အမျိုးတို့ “ ဟု အကျဉ်းထောင်တွင်းမှ တရားစွဲခံရရင်ဆိုင်နေရင်းက အာဏာသိမ်းစစ်ကောင်စီကလွှတ်ပေးခံခဲ့ရသော မိုက်ကယ်ကျော်မြင့်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။ ယင်းနေ့တွင် တပ်ထောက်ခံပွဲလုပ်ဆောင်နိုင်ရန် ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်ကြောင်းနှင့် တပ်မတော်ချစ်သူအင်အား မည်မျှရှိကြောင်းကို ကမ္ဘာကို ချပြနိုင်ရန် လာရောက်ကြစေလိုသည်ဟုမိုက်ကယ်ကျော်မြင့်က ပြောထားသည်။ အဆိုပါပွဲဖြစ်မြောက်ရေးအတွက် မည်သူ့ဆီကမှ ငွေယူတာ ထောက်ပံ့ကြေးယူတာမရှိဘဲ ကိုယ့်ခံယူချက် … Read more

ခံတွင်း အနံ့ဆိုး အတွက် သံပုရာသီး (အာပုတ်စော် နံတာ အမြန်ဆုံးပျောက်တဲ့ လက်တွေ့နည်းလမ်း)

ခံတွင်း အနံ့ဆိုး အတွက် သံပုရာသီး (အာပုတ်စော် နံတာ အမြန်ဆုံးပျောက်တဲ့ လက်တွေ့နည်းလမ်း) ခံတွင်း ပုတ်အနံ့ ခံတွင်းပုတ်အနံ့သည် လူတယောက်အတွက် မိမိကိုယ်ကို ယုံကြည်မူ မဲ့စေပါသည်။ ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ၏ ပါးစပ်မှ အနံ့ကြောင့်သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာအရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည် ထို့ကြောင့် အနီးသို့သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍စကားပြောသည်ဟု မိန့်ပါသည်။ အဘယ်ကြောင့် ဖြစ်ပါသလဲ … Read more

ရှေ့နေအဖွဲ့ကို အသိပေးပြောကြားလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

အဂတိအမှု လေးခုအတွက် တရားလိုစစ်ကောင်စီဘက်က တရားရုံးမှာ ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေအဖွဲ့ကို အသိပေး ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ သုံးဦးကို စစ်ကောင်စီက မန္တလေးတိုင်း တရားလွှတ်တော်မှာစွဲခဲ့တဲ့ အဂတိအမှု လေးခုကို နေပြည်တော်မှာ အောက်တိုဘာ ၂၂ ရက်နေ့က ဆက်လက်စစ်ဆေးခဲ့ပါတယ်။ မနေ့က ရုံးချိန်းမှာ တရားလိုဘက်က သက်သေတင်သွင်းတာကို လက်ခံကြောင်း တရားရုံးက ကြားဖြတ်အမိန့်ချခဲ့ပါတယ်။ အမိန့်ချအပြီးမှာ ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ရှေ့နေ ဦးသန်းလှိုင်က ဒေါက်တာမျိုးအောင်အတွက်၊ ဦးကျော်စိန်လွင်က ဦးရဲမင်းဦးအတွက် တရားလိုကို အပြန်အလှန် မေးခွန်းမေးခဲ့ပါတယ်။ အဂတိအမှု လေးခုစလုံးကို စစ်ကောင်စီကိုယ်စား ဦးရဲထက် တစ်ယောက်တည်းက တရားလိုအဖြစ် စွဲထားတာဖြစ်ပြီး မနေ့က ရုံးချိန်းမှာ ဦးရဲထက်ကို နိုင်ငံ့ခေါင်းဆောင်တွေရဲ့ … Read more

မန္တလေးနှင့် ယင်းမာပင်မှာ ပွဲကြမ်းခံရတဲ့ စစ်ကောင်စီတပ်သားများ

မန္တလေးတွင် စစ်ကောင်စီတပ်စွဲထားသော ဘောလုံးကွင်းကို ဗုံးဖြင့် တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာအပြင်းအထန်ရ၊ ယင်းမာပင်မှာလည်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၍ စစ်သား ၅ ဦးသေ ရန်ကုန်၊ အောက်တိုဘာ ၂၃ မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အ ချိန် စစ်ကောင်စီတပ်များ တပ်စွဲထားသော ဘောလုံးကွင်းတစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံ ကာကွယ်ရေး တပ်က သတင်းထုတ်ပြန်သည်။ မန္တလေးမြို့မှ GZP (Mandalay) အဖွဲ့သည် ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်အချိန် ၄၈ × ၄၉ … Read more

သရုပ်ဆောင် ပြေတီဦးနှင့် ပိုင်တံခွန်ရဲ့ ကျန်းမာရေးခြေနေမကောင်း

ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းချခံနေရသည့် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ နေမကောင်းဖြစ်နေသည်ဟု ပိုင်တံခွန်နှင့် အင်းစိန်အကျဉ်းထောင်အတွင်း ခင်မင်ခဲ့ပြီး လက်ရှိ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။ မော်ဒယ်လ် ပိုင်တံခွန်သည် ဝမ်းလျှောနေပြီး အခုရက်ပိုင်းအတွင်း ဆေးပုလင်း ချိတ်ထားရကြောင်း နှင့် ဖမ်းဆီးခံထားသူများ လွတ်မြောက်မှုတွင် ၎င်းကျန်နေခဲ့သဖြင့် စိတ်ဓာတ်လည်း ကျနေသည်ဟု ဆိုသည်။ သရုပ်ဆောင် ပြေတီဦးမှာ နေမကောင်းနေကြောင်း သိရသော်လည်း အသေးစိတ်ကိုမူ မသိရပေ။ “သူ့ကိုချစ်တဲ့ ပရိသတ်တွေကို လွမ်းတယ်။ နေမကောင်း ဖြစ်နေချိန် ပိုဝမ်းနည်းရတယ်။ အိမ်ပြန်ချင်တယ်။ ကျွန်တော်လည်း အကိုပြန်တော့ ကျွန်တော်ပိုခံစားရတယ်။ ပြီးတော့ ပရိသတ်တွေကို အရမ်းချစ်ပါတယ်။ မကြာခင်တော့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပြီး ပရိသတ်တွေလည်း သူ့အတွက် ဆုတောင်းပေးကြဖို့ မှာလိုက်ပါတယ်” … Read more

ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ဗိုလ်ကြီးအောင်မျိုးထက်ရဲ့ လေးစားဖွယ်ရာ စိတ်ဓါတ်

ပြည်သူကို ပြန်သတ်နေတာမျိုး မလုပ်လို၍ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာခြင်းဖြစ်သည်ဟု ဗိုလ်ကြီးအောင်မျိုးထက်ဆို ဝေယံမိုး – မဇ္ဈိမ စစ်တက္ကသိုလ် အပတ်စဉ် ( ၅၂) မှ ဗိုလ်ကြီး အောင်မျိုးထက်သည် ပြည်သူကို ပြန်သတ်နေတာမျိုး မလုပ်လို၍ စစ်ကာင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်ခဲ့ကြောင်း မဇ္ဈိမမှတဆင့် သတင်းစကားပါးသည်။ “အရပ်သား အစိုးရတက်လာပြီးကတည်းက စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါလာတယ်။ လွှတ်တော်ထဲ မိန့်မိန့်ကြီးတွေ ဝင်ထိုင်ပြီး ဟိုပြောဒီပြောတွေ ပြောတယ်။ ဒါတွေကို ကျွန်တော်ကလုံးလုံး မကြိုက်ဘူး။ အရင်ကတည်းက စစ်တပ်ကို စွန့်ခွာချင်တာပါ။ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးသာ မနိုင်ဘူးဆိုရင် ဒီလိုမျိုး အာဏာသိမ်းလာလိမ့်မယ်လို့လည်း ကျွန်တော်တွေးမိတယ်” ဟု စစ်ကောင်စီတပ်အပေါ် သူ့အမြင်ကိုပြောသည်။ ဗိုလ်ကြီးအောင်မျိုးထက် တပ်မ (၆၆) ၊ ခလရ … Read more

မင်းအောင်လှိုင် နှင့် အပေါင်းအပါ များ အတွက်နောက်ထပ် သတင်းဆိုးကြီး

မင်းအောင်လှိုင် နှင့် အပေါင်းအပါ များသည် ထင်မှတ် မထားပဲ အာဆီယံ မှ လူသိရှင်ကြား ဖယ်ကျဉ် ခြင်း ခံလိုက်ရ၍ တုန်လှုပ်သွားခဲ့မှု အရှိန်မပြေသေးမီ နောက် ထပ် သတင်းဆိုးကြီး ကြားလာရပြန်သည်။ ဤသည်က အမေရိကန် မှ အဆင့်မြင့် အရာရှိကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် စင်္ကာပူ ငွေကြေး အာဏာပိုင် အဖွဲ့ နှင့် တွေ့ဆုံပြီး စစ်အာဏာရှင် နှင့် အမျိုးအနွယ်များ အစဉ်တဆက် အပ်နှံလာခဲ့ကြသည့် ငွေများကို ထိန်းချုပ်နိုင်ရေး နည်း လမ်းများကို ဗြောင်ကျကျ ‌ဆွေးနွေးလာခဲ့ခြင်းပင် ဖြစ်သည်။ ဒဲရက် ချိုလက်သည် ယခုထိ စင်္ကာပူ ငွေကြေး အာဏာပိုင် များ နှင့် ဆွေးနွေးခဲ့မှု အသေးစိတ်ကို ထုတ် … Read more

ကဲ နေကြာကြည့်ချင်သူတွေအတွက် အလင်းပြပေးလိုက်ပါပီဗျာ

ကဲ နေကြာကြည့်ချင်သူတွေအတွက် အလင်းပြပေးလိုက်ပါပီဗျာ နေကြာမှ ရိုးရိုးနေကြာ ကြိုက်လား? ရှယ်နေကြာ ကြိုက်ကြလား? ကြိုက်တဲ့ဟာသာ ပြောလိုက် အစုံပြပေးလိုက်ပါပီဗျာ…။ ဒါက နေကြာပွင့် ဟောဒါက နေကြာခင်း ဟောဒါက နေကြာဆီ ဟောဒါက နေကြာစေ့ ဟောဒါက နေကြာပိတ်စ ဟောဒါက ပွိုင့်နေကြာ နေကြာပေါင်းစုံကို ကြည့်ပီး နှစ်သက်တယ်ဆိုရင် Like & Share လေးလုပ်သွားပေးကြနော်… unicode ကဲ နေကြာကြည့်ချင်သူတွေအတွက် အလင်းပြပေးလိုက်ပါပီဗျာ နေကြာမှ ရိုးရိုးနေကြာ ကြိုက်လား? ရှယ်နေကြာ ကြိုက်ကြလား? ကြိုက်တဲ့ဟာသာ ပြောလိုက် အစုံပြပေးလိုက်ပါပီဗျာ…။ ဒါက နေကြာပွင့် ဟောဒါက နေကြာခင်း ဟောဒါက နေကြာဆီ ဟောဒါက နေကြာစေ့ ဟောဒါက နေကြာပိတ်စ ဟောဒါက ပွိုင့်နေကြာ နေကြာပေါင်းစုံကို … Read more

ရန်ကုန်မြို့လယ်ခေါင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ကင်းစခန်းတစ်ခုအား ရန်ကုန် PDF မှ ဝင်ရောက်ပစ်ခတ်သည့်ရုပ်သံ

ရန်ကုန်မြို့လယ်ခေါင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ကင်းစခန်းတစ်ခုအား ရန်ကုန် PDF မှ ဝင်ရောက်ပစ်ခတ်သည့်ရုပ်သံ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး (ရုပ်/သံ) ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။ ရန်ကုန်၊ အောက်တိုဘာ ၂၃ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရုံးအတွင်း ဘန်ကာများပြုလုပ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းစခန်းပြုလုပ်ထားသောနေရာအား ရန်ကုန် PDF က အောက်တိုဘာလ ၂၃ ရက် နံနက် အစောပိုင်းတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ “ဘန်ကာကင်းစခန်းထဲမှ အကြမ်းဖက် စစ်ကောင်စီဘက်က ၄ယောက် သေဆုံးခဲ့ကြပါတယ်။ ကျွန်တော်တိုဘက်က ရဲဘော်တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်” ဟု ရန်ကုန် PDF တပ်ဖွဲ့ဝင် S21 … Read more