အွန်လိုင်းပေါ်မှာ မြန်မာစုံတွဲ ကိုယ်တိုင်ရိုက်တွေ တနေ့ကို ၁၀ကားလောက် နေ့စဉ်မြင်တွေ့နေရတယ်…
အွန်လိုင်းပေါ်မှာ မြန်မာစုံတွဲ ချောင်းရိုက်တွေ ကိုယ်တိုင်ရိုက်တွေ တစ်နေ့ကို ၁၀ ကားလောက် နေ့စဉ် မြင်တွေ့နေရပါတယ်။ အဲဒီကာယကံရှင် တွေရဲ့သားစဉ်မျိုးဆက်..အဲဒီကားတွေ မြင်တွေ့နေကြရမှာပါ …။ တစ်ချိန်မှာ ငါ့အဖေတွေ ငါ့အမေတွေဆိုပြီး သူတို့သားသမီးတွေလည်းမြင်နေကြ ရမှာဆိုတော့တွေးကြည့်ရင်….ပြသာနာအကြီးကြီးတွေပါ။မသိနားမလည်တဲ့ ညီမလေးများအတွက် ရည်ရွယ်ပါတယ်။ မြင်ရတွေ့ရတာတွေ စိတ်မကောင်းစရာတွေမို့ပါ တစ်နေ့တစ်နေ့ ချက်ဘောက်ရီကွက်စ်ထဲမှာ လာအကြံဉာဏ်တောင်းကြတဲ့ မက်ဆေ့ခ်ျအများစုမှာ တူညီတဲ့အကြောင်းတစ်ခု ရှိပါတယ်။ ချစ်သူနဲ့ အတူနေ နယ်ကျွံကြတဲ့အခါ မှတ်တမ်းတင်ခံရတဲ့ ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာပါပဲ …။ အချို့ဆို အကြောင်းအမျိုးမျိုးကြောင့် ဒီလူကို ဆက်လက်တွဲဖို့ မဖြစ်နိုင်တော့တာတောင်မှ ဒီလိုRecordတွေ ပေါက်ကြားမှာစိုးရိမ်လို့ ကြိတ်မှိတ်ရှေ့ဆက်နေရတာတွေ၊ အချို့ဆိုရင် လုံးဝပြတ်သွားပြီး သူ့စော်နဲ့သူ၊ ကိုယ့်ဘဲနဲ့ကိုယ် ဖြစ်နေတာတောင်မှ လှမ်းခေါ်ရင် သွားအိပ်ပေးရတဲ့ အခမဲ့ပြည့်တန်ဆာဘဝကို ရောက်မှန်းမသိ ရောက်နေရတဲ့ ရင်နာစရာ … Read more