ဒီပုံနှစ်ပုံကိုကြည့်ပါ (ထူးဆန်းမှုတွေရှိတယ်နော်)
ဒီပုံနှစ်ပုံကိုကြည့်ပါ (ထူးဆန်းမှုတွေရှိတယ်နော်) လူတစ်ယောက်က ကိုယ့်ကို တခြားတစ်ယောက်ယောက်က အာရုံစိုက်ကြည့်နေရင် စိတ်ထဲမှာ တစ်ခုခုသိနေတဲ့ ခံစားချက်မျိုး ကြုံဖူးကြမယ်ထင်ပါတယ် နောက်ပြီး တစ်ခုခုဖြစ်တော့မယ်ဆိုရင် စိတ်တွေလေးနေတဲ့ ခံစားချက်တွေလည်း ဖြစ်ပေါ်လေ့ရှိကြပါတယ် လမ်းမတစ်ဘက်ခြမ်းက အဲတိုက်ပေါ်ကို ကောင်မလေးက မကျဆုံးခင် မိနစ်ပိုင်းလေးမှာ လှမ်းကြည့်နေခဲ့သေးတယ်လို့ ဘေးမှာရှိနေတဲ့ သူငယ်ချင်းတွေက ပြောကြပါတယ် သူ့စိတ်ထဲ ထင့်နေခဲ့တာတွေ ရှိနေမလားတွေးမိတယ် 😢 လူအုပ်ထဲက ကောင်လေးတစ်ယောက်ကလည်း တိုက်ပေါ်က စနိုက်ပါသမားကို လှမ်းမြင်တော့ ဓာတ်ပုံလှမ်းရိုက်ထားလိုက်တာပါ တကယ်တော့သူတို့ရှိနေတဲ့နေရာက ရှေ့ဆုံးတန်းမဟုတ်ပါဘူး ရေနဲ့ အဝတ်စို စစ်ကူပေးရမယ့် ဒုတိယတန်းနေရာပါ လူအုပ်ကြားထဲမှာနေလည်း မလုံခြုံဘူးဆိုတဲ့ ခြိမ်းခြောက်မှုကို တမင်ပေးတာပါ ကလေးတွေ ဒီတိုက်ပွဲမှာ မပါဝင်ရဲတော့အောင် ရည်ရွယ်ချက်ရှိရှိနဲ့ကို ယုတ်ကန်းနေကြတာပါ စနိုက်ပါသမားကို တတ်ခွင့်ပေးခဲ့တဲ့ မန်းမြို့တော်ကိုလည်း မန်းလေးတစ်မြို့လုံး Boycott လုပ်ကြပါ … Read more
ပြည်သူနဲ့အတူ CDM မှာပါဝင်ခဲ့တဲ့ အငယ်တန်းစားရေး ဒေါ်စုမွန်ဦးရေးတဲ့စာ
ပြည်သူနဲ့အတူ CDM မှာပါဝင်ခဲ့တဲ့ အငယ်တန်းစားရေး ဒေါ်စုမွန်ဦးရေးတဲ့စာ ကျွန်မသည်ရှမ်းမြောက်ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်မြန်မာ့စာတိုက်လုပ်ငန်းတွင်အငယ်တန်းစာရေးတာဝန်ဖြင့်ထမ်းဆောင်နေသောဝန်ထမ်းတစ်ဦးဖြစ်ပါသည် တာဝန်စတင်ထမ်းဆောင်ခဲ့သည့်(၂၀၁၃)ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိဝန်ထမ်းလုပ်သက် (၈)နှစ်လုံးလုံးမည်သည့်ပါတီနိုင်ငံရေးများတွင်မှပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ယခုလည်းတစ်ပါတီ၊တစ်အုပ်စုကောင်းစားရေးအတွက် CDM ကိုဆောင်ရွက်နေခြင်းမဟုတ်သည့်အတွက်ပါတီနိုင်ငံရေးကင်းရှင်းသည်ဟုခံယူထားပါသည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာအဘယ်နည်းနိုင်ငံတော်၏တာဝန်များကိုထမ်းရွက်သောသူဟုအဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)အပိုဒ် (၄) တွင် ( နိုင်ငံတော်၏အာဏာသည်နိုင်ငံသားများထံမှဆင်းသက်၍ နိုင်ငံတစ်ဝှမ်းလုံး၌ တည်သည် ) ဟု ပါရှိပါသည်။ ထို့ကြောင့် နိုင်ငံသားများ၏ တောင်းဆိုချက်ဖြစ်သောCivil Dis-obedience Movement(CDM) တွင်ပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ကျမသည်နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၄)တာဝန်နှင့်အခွင့်အရေးများအပိုဒ် – ၁၀ (က,ဂ,ဌ) တို့အရနိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးစီးပွားကို အလေးထား၍အာဏာရှင် စစ်အစိုးရလက်အောက်တွင်တာဝန်မထမ်းဆောင်ဘဲCDM ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ကျမသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့်အတွက်၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁)နိုင်ငံတော်၏ အခြေခံမူများအပိုဒ် – ၂၁(ဂ) အရ ပြည်သူတို့၏အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်နိုင်ငံသားတစ်ဦးအနေဖြင့်ပြည်သူများနှင့်အတူပူးပေါင်းပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ကျမသည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)အပိုဒ် … Read more