ကိုယ်ဝန်ကြီးနဲ့ ဝရမ်းပြေးဖြစ်နေပေမယ့်လည်း ဂုဏ်ယူတယ်လိုဆိုလိုက်တဲ့ ဒေါက်တာ မြဝတ်ရည်..
ကိုယ်ဝန်ကြီးနဲ့ ဝရမ်းပြေးဖြစ်နေပေမယ့်လည်း စာအရှည်ကြီးရေးတင်ကာ ဂုဏ်ယူတယ်လိုဆိုကာ အာဏာရှင် အမြန်ဆုံးကျဆုံးဖို့ ဆုတောင်းနေတဲ့ ဒေါက်တာ မြဝတ်ရည်.. စာအရှည်ကြီး ရေးတင်မိသော ဝရမ်းပြေးမ ဖြစ်ရတာ ဂုဏ်ယူနေသော ကိုယ်ဝန်ဆောင် မတ်မတ်မြ *အရေးတော်ပုံကာလမှာ လူတိုင်းဟာ ရင်းနှီးထားရတာချည်းပါပဲတစ်ချို့ကလေးတွေ တစ်ချို့မိဘတွေ လောကကြီးထဲ မရှိတော့ဘူးတစ်ချို့ထမင်းဝိုင်းတွေဟာ ခြောက်ကပ်နေကြပါပြီလူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူရင်းနှီးပေးဆပ်တိုက်ပွဲဝင်နေကြရတာပါပဲ Gen Lee နဲ့ ဒလန်တွေ သာကူးလောက်ကောင်တွေကလွဲလို့အာဏာသိမ်းခံရပြီးနောက် ကျန်းမာရေးဝန်ထမ်းတွေ CDM စလုပ်ကြရင်း ကျန်ဌာနတွေပါ ပူးပေါင်းပါဝင်လာကြလို့တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ CDM ဖြစ်လာကြချိန်ကတည်းကStrong CDM နဲ့ သူများအကုန်လုပ်လို့ လုပ်လိုက်ရတဲ့ auto CDM တွေ ရှိသလို Non CDM ဘောမတွေလည်း ရှိခဲ့တာပါပဲ Strong CDM သမားတွေကတော့ ဘာတွေပဲကြုံကြုံ နေရေးစားရေးခက်ခဲလည်း အသက်ပေးခဲ့ရသူတွေ … Read more
ရွှေဘိုမြို့ စည်ပင်သာယာရေး ဈေးမီးလောင်မှုစဆုံး (ရုပ်သံ)
မင်းတပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား   မင်းတပ်မြို့မှာ ဒီနေ့ မနက် ၇ နာရီအချိန်ဝန်းကျင်က စတင်ကာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲအခြေအနေ ပြင်းထန်နေပြီး စစ်ကောင်စီအကြမ်းဖက်တပ်က သာလွန်အင်အားနဲ့ ‌ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေပါ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲနဲ့ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှုနဲ့ နှစ်ဖက်ထိခိုက် သေဆုံးထိခိုက်ဒဏ်ရာရတဲ့အခြေအနေကို ဆက်လက်စုံစမ်းနေပါတယ်။
“ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီး မီးလောင်” စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့က ရွှေဘိုမြို့မဈေးကြီး ဒီကနေ့ မေလ ၁၅ ရက် မနက် ၂နာရီခွဲအချိန် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ချိန် ဟာ ၅နာရီခန့်ကြာမြင့် ခဲ့ပြီး မနက် ၆နာရီကျော်မှာ မီးငြှိမ်းသတ်နိုင် တယ်လို့ ဈေး သူဈေးသားအချို့ကပြောပါတယ်။ “မီးလောင်ချိန်က ညမထွက်ရအချိန်ကြီးဗျာ၊သိတဲ့အချိန်ပစ္စည်းတွေရသလောက်ယူဖို့ လာတော့လုံခြုံရေးအတွက် ဆိုပြီး စစ်ကားတွေ ရောက်နေတော့ ကျွန်တော်တို့လည်း ပစ္စည်းတွေမယူရဲတော့ဘူး၊ ဆုံးရှုံးမှုကတော့ ပြောမပြနိုင် အောင်ပါပဲ” လို့ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ ဈေးကြီး တစ်ခုလုံး မီးလောင်ကျွမ်းထားပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို တော့မသိရှိရသေးပါဘူး။ မီးလောင်မှုသည် ရှို့မီးဖြစ်ကြောင်း ၁၃ ရက်နေ့ မနက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှု၊ တပ်မတော်သားများနှင့် CDM မဟုတ်သူများကို … Read more