ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) သတိပေးချက်

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) သတိပေးချက် လေဖိအားနည်းရပ်ဝန်း……ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) ၂နာရီအချိန် တိုင်းတွာချက် (၂၀၂၁ ခုနှစ်၊ မေလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) လေဖိအားနည်းရပ်ဝန်းအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ (၂၃.၅.၂၀၂၁)ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိ ပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ (၂၄.၅.၂၀၂၁)ရက်နေ့ တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။ သတိပေးနှိုးဆော်ချက် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် … Read more

အဖော်အိပ်ပေးမယ့်ကလေးတွေ မရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့မသိမသာကြည့်လိုက်တဲ့အခါ…

အဖော်အိပ်ပေးမယ့်ကလေးတွေ မရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့မသိမသာကြည့်လိုက်တဲ့အခါ… အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်… ကူဖော်လောင်ဖက်လည်း မရှိတော့ ညကျရင် အိမ်နီးချင်း သူငယ်မလေးတွေကို ခေါ်ပြီး အိပ်တယ် …။ တစ်ည အဖော်အိပ်ပေးမယ့် ကလေးတွေမရောက်ခင် ချိုးချိုးချွတ်ချွတ်သံ ကြားလို့ မသိမသာကြည့်လိုက်တော့ သူခိုး ကပ်နေမှန်း သိလိုက်တယ် …။ ကြောက်လည်း ကြောက်တယ်၊ ရှိစုမဲ့လေးတွေပါသွားမှာလည်း စိုးတယ်၊ အော်လိုက်ပြန်လည်း သူခိုးက ဒီအတိုင်းထွက်ပြေးရင်တော်ရဲ့ သူမကို ရန်ပြုမှဖြင့် …။ ခဏနေတော့ အကြံရသွားတယ်။ ဟဲ့ ကောင်မလေးတွေ ညည်းတို့ကို ငါပုံပြင်ပြောပြမယ်ဆိုပြီး သူ့ဘေးမှာ လူရှိနေသလို အသံခပ်ကျယ်ကျယ်နဲ့ ပြောတယ် …။ ဟုတ်ကဲ့ နားထောင်မှာပေါ့ရှင့် ဆိုပြီး ကောင်မလေးတွေက ပြန်ပြောလေဟန် အသံဖျက်ပြီး သူ့ဟာသူ ပြောပြန်တယ်။ ပြီးတော့ ပုံပြင် … Read more

တိုက်ဆိုင်လို့ မခံနိုင်ရင် ဘလော့သွားကြပါ…

တိုက်ဆိုင်လို့ မခံနိုင်ရင် ဘလော့သွားကြပါ မယားရှိ ယောက်င်္ကျားတွေ၊ လင်ရှိတဲ့ မယားတွေအသေချာ ဖတ်ကြည့်သွားကြပါ လင်ရှိတဲ့ မယားတွေမယားရှိတဲ့ ဖွန်ရူးတွေ သေချာဖတ်ပါ။ ဒူးနဲ့မျက်ရည်သုတ်ရတဲ့ ဘဝမရောက်ခင် ပြင်သင့်တာကိုပြင်ပါ …။ သက္ခာ အကြောက်တရား မရှိရင်ဆက်လုပ်ချင်ရာလုပ်ကြပါ။ သူတော်စဉ်ယောင်ယောင် လူကြီးလူကောင်းယောင်ယောင်နဲ့ ကြောင်သူတော် ကြွက်သခိုးမလုပ်ကြပါနဲ့ …။ Online သုံးပြီး အရွံဆုံးက လင်ရှာမယားရှာ လင်ရူးဖွန်ရူး တွေပဲ။ အိမ်ကညီမ အမနဲ့ဇနီမယားကို လူများတွေကြည့်မှာကို ကြောက်တဲ့လူ သဝန်တိုတတ်တဲ့လူ သူများသားမယားကိုကြတော့ ဘာလို့အချောင်နှိက်ချင်နေကြတာလဲ …? တိုက်ဆိုင်လို့ စိတ်ဆိုးရင် တစ်ခါတည်း Block သွားပါ အမှန်တရားက အမှန်တရားပါပဲ …။ “အိမ်ထောင်ရှင်နှင့် On Line ” အန္တရာယ် ခေတ် ကာလ ပြောင်းလာသည်နှင့်အမျှ(ပြစ်မူ့)ကျူးလွန်မှု့များသည် ပို၍ပို၍ … Read more

မိုးမျှော်နေတဲ့တောင်သူဦးကြီးများအတွက် မိုးရွာသွန်းတော့မည်

မိုးမျှော်နေတဲ့တောင်သူဦးကြီးများအတွက် မိုးရွာသွန်းတော့မည် ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် … Read more