ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ် သင်ဇာရယ်

ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ် သင်ဇာရယ် ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေ… photo လေးတွေပြန်ရှာရင်းငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ် … နင်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရလေးတွေကို ဒီ မှာလာသိမ်းရင်း ငါ့ရဲ့စိတ်ထားအရမ်းကောင်းပြီးအရည်အချင်းရှိတဲ့သူငယ်ချင်းလေး ရောက်လေရာဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး နင့်ရဲ့ အနုပညာအရည်အသွေးတွေကို အပြည့်အဝ ချပြနိုင်တဲ့ သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ် … နောက်ဘဝဆိုတာရှိခဲ့ရင်လဲ ခုလိုနင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် … နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့နင့်သီချင်းတွေကို ငါအမြဲတမ်းအမှတ်ရနေမှာပါ … ငါ့သူငယ်ချင်းလေးကစိတ်ထားကောင်းလို့ ကောင်းရာမွန်ရာရောက်မယ်ဆိုတာ ငါယုံတယ် … ကောင်းကောင်းအနားယူပါတော့ …. source thinzarwintkyaw unicode ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ် သဥ္ဇာရယ် ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေ… photo လေးတွေပြန်ရှာရင်းငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ် … နင်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရလေးတွေကို … Read more

၁၉၈၈ အာဏာသိမ်းချိန်က ကိုငှက်(ထူးအိမ်သင်)ရဲ့အဖြစ်နဲ့ ချွတ်စွတ်တူခဲ့တဲ့ ရေမွန်ရဲ့အဖြစ်

၁၉၈၈ အာဏာသိမ်းချိန်က ကိုငှက်(ထူးအိမ်သင်)ရဲ့အဖြစ်နဲ့ ချွတ်စွတ်တူခဲ့တဲ့ ရေမွန်ရဲ့အဖြစ် တချိန်က 1988 မာနယ်ပလောလွတ်မြောက်နယ်မြေ တဲစုတ်လေးတစ်ခုမှာ ပိန်သွယ်သွယ် ယိုင်လုလု ကိုယ်ခန္ဓာနဲ့မမျှအောင် ငှက်ဖျားဒဏ်ကို အလူးအလဲခံရင်း အိမ်ကိုအမေ့ကိုလွမ်းတဲ့စိတ်နဲ့မျက်ရည်ကြိတ်ကျခဲ့ဖူးရှာတဲ့အနုပညာ လူကြမ်းကြီးတစ်ယောက်ရှိခဲ့ဖူးတယ်။ လူနံမည် “ကိုငှက်”သာဆိုတယ် တောကြီးငှက်နဲ့တွေ့တော့သူမနေသာဘူး။အလူးအလဲခံရရှာတယ်။တသက်လုံးစာ အဲ့ဒီငှက်ဖျားဒဏ်ကြောင့်နှားထင်ကြီးညိုကွက်လို့နေသွားရရှာတာ။ ငှက်ဖျားကနာလံလဲထူတော့ သူ့ခဗျာကျောင်းသားတပ်ဥကဌကိုထွန်းအောင်ကျော်ကို ကုန်းကန်တော့ရင်း “ဥကဌ ကျွန်တော်အိမ်ကိုပြန်တော့မယ်။အမေ့ကိုလွမ်းတယ်”တဲ့။ ဟိုကလည်း..ပြန်ပေါ့..ဒါပေမဲ့ကျောင်းသားတပ်ကို အလေးမြတ်ထားတဲ့အနေနဲ့ အာဏာရှင်ရဲ့ဝါဒဖြန့်မူအတွက် မင့်အနုပညာကိုဘယ်တော့မှအသုံးမချဘူးလို့ကတိပေးပါ။လို့မှာလိုက်တယ်…။ ကိုငှက်တစ်ယောက် သေသည်ထိ ဝါဒဖြန့်သီချင်းတစ်ပုဒ် မရေးသွားဘူး၊မဆိုသွားဘူး။ဘယ်လိုဝါဒဖြန့်ရာမှာမှသူ့အနုပညာနို့ရည်တစက်ချမသွားဘူး။ သေသည်ထိ သစ္စာ စောင့်သိသွားခဲ့တယ်။ အခု..အသက်လေးဆယ်ငါးဆယ်တန်းတွေ..ခဗျားတို့သိပ်ကံကောင်းတယ်။ကိုငှက်ရဲ့အနုပညာရေစင်ကို နောက်ထပ် ဆယ့်ခြောက်နှစ်စာလောက်ကောင်းကောင်းကြီး တဝကြီး ဆက်ခံစားခွသ့်ရခဲ့ကြတယ်။ ကျုပ်တို့အသက်အရွယ် လူငယ် မျိုးဆက်တွေအလှည့်ကျ ကံမကောင်းဘူးဗျ။နောက်ထပ် ထပ်ကြားခွင့်မရှိတော့တဲ့ အပြင်းပြဆုံးအာသီသတွေကို ရင်ဘတ်နဲ့သွေးထားတဲ့ ခပ်ရှရှတေးသံတွေ ပြန်ကြာခွင့်မရှိတော့လို့ ကံမကောင်းကြီးမကောင်းတာ။ ကိုငှက်ရေ…..အဲ့ဒီအဖြစ်အပျက်နဲ့ နှစ်ပေါင်းသုံးဆယ်အကွာ2021.မိုးရေချိန်သိပ်ထူတဲ့လကြီးမှာ တောကြီးမျက်မဲထဲ…ပိန်သွယ်သွယ် ပါရမီရှင်လေးတစ်ယောက်ဟာ … Read more

အဖအမည်က ဦးစောခူဆဲ သား ရေမွန်(ခ)တွတ်ပီ ငယ်ဘဝ ဇာတ်ကြောင်း(ရုပ်သံ)

အဖအမည်က ဦးစောခူဆဲ သား ရေမွန်(ခ)တွတ်ပီ ငယ်ဘဝပုံရိပ်များ…… တေးရေးစောခူဆဲရဲ့သားမှန်းအခုမှသိတယ် ဖေဖေဦးစောခူဆဲ မေမေဒေါ်ခင်မြတ်မွန်တို့ရဲ့သားလေး တွတ်ပီ အမေများနေ့တစ်နှစ်မှာ ဆုတောင်းစကားဆိုခဲ့တယ် နောင်ဘဝဆိုတာရှိခဲ့ရင်အမေအိမ်ထောင်ရေးကံကောင်းပါစေတဲ့ ခပ်ငယ်ငယ်ကလေးထဲက ကြော်ငြာနောက်ခံ ကလေးသီချင်းဆိုရင် တွတ်ပီပဲတဲ့ အမေနဲ့ အတူတူဆိုတာ အရွယ်ရောက်လာတော့ 9 တန်း10တန်းကတည်းကသီချင်းတွေရေး အမေနဲ့တိုင်ပင် အလုပ်တွေကြိုးစားအခွေထုတ်လာခဲ့တာ အဖေနောက်အိမ်ထောင်နဲ့ ပျော်နေတာကိုလည်း ပြုံးပြီး သဘောကျနေတဲ့သား အဖေလည်း သူ့ဘဝနဲ့သူ သားလည်းအမေနဲ့ပျော်နေပါတယ်တဲ့ စာနယ်ဇင်းတွေမှာဖြေထားတာ အမေ့အတွက် အားဖြစ်စေခဲ့သောသား ကောင်းရာ ဘုံဘဝ ရောက်ပါစေ အခုလို fb ဆိုတာ ဘာမှန်းမသိခင် အရင်ခေတ်ကတည်းက CD ထွက်ရင်နားထောင် တွတ်ပီအကြောင်းပါတဲ့ Magazine တွေကိုမှ ဖတ်ခဲ့ သူကြီးပါ ခုတော့ အားလုံးကိုချန်ခဲ့ Crd -မူရင်းရေးသားသူ unicode အဖအမည်က ဦးစောခူဆဲ … Read more

အတိနမိတ်ကောင်းတွေ သယ်ဆောင်လာမယ့် မြန်မာနိုင်ငံမှာ နောက်ထပ် နေထီးဆောင်းတဲ့ ရုပ်သံဖိုင် ထွက်ပေါ်

အတိနမိတ်ကောင်းတွေ သယ်ဆောင်လာမယ့် မြန်မာနိုင်ငံမှာ နောက်ထပ် နေထီးဆောင်းတဲ့ ရုပ်သံဖိုင် ထွက်ပေါ် လူအများ ပြောကြတဲ့ နေထီးဆောင်ခြင်း အတိတ်နမိတ်…. အတိတ်နဲ့ နမိတ်နဲ့ နေရတယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ပြောခဲ့ ကြားခဲ့ ရမှာပါ… နမိတ်တွေကလည်း လက်ရှိဖြစ်ပျက်နေတာကို ကြည့်ရင် တကယ်လည်းမှန်နေကြတာပါပဲ…. အခုအခါမှာတော့ နေထီးဆောင်းခြင်းလို့မှတ် ယူရမယ့် ဗီဒီယိုဖိုင်လေးကို ကြည့်ခြင်းအားဖြင့်… လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအပေါ်မှာရော် သက်ရောက်မှု ရှိနိုင်တဲ့နမိတ်များလား….. ဒီတစ်ခါနဲ့ဆိုရင် နေထီးဆောင်းတာ နှစ်ခါတော့ ကြုံတွေ့ ပြီးပါပြီ.. ထူးခြားမှု သိပ်မရှိပေမယ့် ဒီတစ်ခါ ပြီးရင်ရော် ဒီနမိတ်တွေက ထူးခြားလာမှာလား စောင့်ကြည့်ရအုံးမှာ.. ပုံနဲ့ ဗီဒီယို ဖိုင်လေးကို ကြည့်ပြီး စာဖတ် ပရိသတ်တွေရဲ့ အထင်အမြင်လေးတွေလဲ ရေးသွားပေးကြပါအုံးနော်.. လေးစားစွာဖြင့် လှိုင်ဘူး unicode အတိနမိတ်ကောင်းတွေ … Read more


“သားရေမွန်အတွက် မိခင်ဖြစ်သူ ခင်မြတ်မွန်ရေးတဲ့စာ” ၈၈ဆောင်းဦး မှာမွေးဖွား ၂၁နွေဦးမှာကြွေလွင့် အဖေကသားကို ၁နှစ်မှာစွန့်ပစ် သားကအမေကို ၃၃ မှာထားသွား မေကြီး..mommy ခေါ်သံ ဘယ်တော့မှမကြားရတော့ လောကကြီးမှာအနှစ်သက်ဆုံး အမေချက်တဲ့ဟင်းတွေ စားခွင့်မရတော့ ဆုံပြီးလို့ လမ်းခွဲတဲ့အခါတိုင်း ရနေပေးနေကျ အနမ်းတွေ ဘယ်တော့မှမရတော့ သူ့အသံအောတွေမကြားရတော့ သူ့မျက်နှာမတွေ့ရတော့ သူ့ကိုယ်လုံးကိုထိတွေ့ကိုင်တွယ်ခွင့် မရတာ့.. အို..ကြမာဆိုးရယ် အငြှိုးကြီးပြီးရက်စက်လိုက်တာ တစ်နှစ်သားမှာ fatherless ဖြစ်ရတာတင် ဒဏ်ခတ်လို့မဝသေးဘဲ ဒီကလေးကသိပ်ချစ်တဲ့ ဒီကလေးကိုသိပ်ချစ်တဲ့ အမေနဲ့သေကွဲတောင် ခွဲရသလား ? မကျေနပ်ရင်ငါ့ကို‌ခေါ်သွားပါ ပြုံးပြံး‌လေးလိုက်ခဲ့ပါ့မယ် ခုတော့ …. (ခင်မြတ်မွန်) unicode “သားရေမွန်အတွက် မိခင်ဖြစ်သူ ခင်မြတ်မွန်ရေးတဲ့စာ” ၈၈ဆောင်းဦး မှာမွေးဖွား ၂၁နွေဦးမှာကြွေလွင့် အဖေကသားကို ၁နှစ်မှာစွန့်ပစ် သားကအမေကို ၃၃ မှာထားသွား မေကြီး..mommy … Read more

ရေမွန်ရဲ့ညီးမလေး လပြည့်ကဗျာရဲ့ ခံစားချက်အပြည့်နဲ့ရေးထားတဲ့စာလေး…

ရေမွန်ရဲ့ညီးမလေး လပြည့်ကဗျာရဲ့ ခံစားချက်အပြည့်နဲ့ရေးထားတဲ့စာလေး… သိပ်ချစ်ရတဲ့ အကိုရေမွန် စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့ဖို့ ညီမဖြစ်သူရေးတဲ့စာ ဘပီ….မိသားစုထဲမှာ သားအကြီး မောင်နမ ၂ယောက်လုံးက မွေးလာကတည်းကအတောင်တဖက်စီ ပဲ့လာသူအချင်းချင်းမို့ ကိုယ့်ခံစားချက်သူနားလည်သလို သူ့ခံစားချက်တိုင်းလဲနားလည်ပေးတယ် ငယ်ငယ်ကဆို အမေသီချင်းထွက်ဆိုတိုင်းမထိန်းတတ်ထိန်းတတ်နဲ့ နို့ဘူးတွေဖျော် အနှီးတွေလဲနဲ့ ထိန်းလာပေးတဲ့ အကိုမိစုံဖစုံ နဲ့ကြီးပျင်းလာတာ မဟုတ်တဲ့အတွက် ကိုယ့်မှာ အားကိုးစရာဆိုလို့ သူပဲရှိခဲ့တယ် အဖေလို အကိုလိုမျိုး ချစ်ရတဲ့သူ သံယောဇဉ်အရှိဆုံးသူ ပွဲလမ်းတွေ သွားချင်တဲ့အခါတိုင်း အမေ့ကိုခွင့်တောင်းပေးပီးအမြဲလိုက်ပို့ပေးတယ် အပြန်ကျရင်မေးတယ် “ပျော်လား ပြူးစိန် “တဲ့ ငါ့ညမက အမြဲစိတ်ဓာတ်ကျတတ်လို့နင်ပျော်ဖို့အရေးကြီးတယ် ငါအားရင်လိုက်ပို့မယ်ဆိုပြီးပြောနေကျ အမေနဲ့ရန်ဖြစ်တိုင်းလဲ ကားနဲ့လာလာခေါ်ထုတ်ပေးပီး စိတ်ပျော်အောင်ထားတယ် ဘာစားမလဲ ဘာလုပ်မလဲ အကုန်နားလည်ပေးပီး နှစ်သိမ့်တတ်ဆုံးသူမို့အခုချိန်ပိုခံစားရတယ် Covid အချိန်ကတည်းက အိမ်ကစီးပွားရေးအဆင်မပြေလို့ သူပဲထောက်ပံ့ခဲ့တာ အိမ်လခ ဈေးဖိုးက အစ … Read more