ဦးဖြိုးမင်းသိန်းကိစ္စ အဖြစ်မှန်က ဒီလိုပါ…..(ရုပ်သံ)
မအလနဲ့ သူရဲ့စစ်တပ်ဟာ အာဏာသိမ်းဖို့အတွက် NLD အစိုးရတက်လာပြီး သူ့ကာချုပ်သက်တမ်း တိုးတာကို လက်မှတ်မထိုးပေးကထဲက မကောင်းကြံခဲ့ပါတယ်။ ပထမ စီမံဘဏ္ဍာဝန်ကြီးဦးကျော်ဝင်းကို ကောလဟာလတွေနဲ့ ပြုတ်အောင်လုပ်ပါတယ်။ အနီအချို့က ယုံခဲ့ပါတယ်။ သူ့ကိုအစိုးရအဖွဲ့က ထွက်ရအောင်လုပ်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ နောက် ဦးဝင်းထိန်ကို ဒေါ်အောင်ဆန်းစုကြည် အနားကထုတ်ဖို့ကြိုးစားပါတယ်။ ကောလဟာလတွေထုတ်ပါတယ်။ အနီ အချို့က ယုံပါတယ်။ ဘထိန်လည်း ဒေါ်အောင်ဆန်းစုကြည် အနားက ထွက်သွားခဲ့ရပါတယ်။ နောက်ပြီးဒေါ်အောင်ဆန်းစုကြည်နားက သက်တော်စောင့်ကိုလည်း သေအောင် မအလနဲ့ အပေါင်းအပါ ဝန်ကြီးအချို့က ဝိုင်းလုပ်နိုင်ခဲ့ပါတယ်။ ကွီးဖြိုးဟာလဲ မအလကို ညွှန်ချုပ်အဆင့် ပြောပြီးကထဲက မအလဟာ အငြိုးထားခဲ့ပါတယ်။ ကိုဗစ်ဖြစ်ချိန်ကစလို့ အာဏာသိမ်းချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လူကြီးတွေ အလွတ်သဘောတွေ့လို့မရတော့ပါ။ တကယ်အာဏာသိမ်းတော့ ဒေါ်အောင်ဆန်းစုကြည် နားမှာ ဘယ်သူမှမရှိခဲ့ပါ။ မအလတပ်က … Read more
တိုင်းရင်းသားတွေက ဗမာတွေကို သိပ်မုန်းတဲ့အကြောင်းပြောပြလာတဲ့ ထားထက်ထက်
““ ဖုန်းပြောချင်ရင် အပေါ်ထပ် ဒီအခန်းထောင့်လေးကနေ တက်ပြောရတယ်… ရွာကလဲ အရေးအကြောင်းဆို ဒီနေရာလေး အထိ လာပြောရတာပဲ … “”ဖုန်းလိုင်းမမိ ၊ မြန်မာစကားပြောတတ်သူ လက်ချိုးရေလို့ရတဲ့ ရွာကလေး တခုကိုရောက်ခဲ့ချိန် အိမ်ရှင် အမ က ကျွန်မ ဖုန်းသုံးဖို့ နေရာလေး ညွှန်ပြပြီး ပြောခဲ့တဲ့ စကားလေးပါ… ညစာ စား ဖို့ ပြင်ဆင်ကြချိန် မြန်မာစကားတတ်တဲ့ ခရစ်ယာန်သင်းအုပ်ဆရာရဲ့အမျိုးသမီးက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်တိုင်းရင်းသူ အမ နဲ့ အတူတူထိုင်ရင်း ကျွန်မကို ပြောပြတယ်….. သူ(အိမ်နီးချင်းအမ) က မြန်မာစကား မပြောတတ်ဘူး။ တတ်လဲ မတတ်ချင်ဘူး။ မသင်ချင်ဘူးတဲ့…ဘာလို့လဲဆိုတော့ သူအသက် ၁၀ နှစ်သမီးလောက်က စစ်ဘေးရှောင်တဲ့ ဒုက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်… တော်တော်ပင်ပန်းတဲ့ ဒုက္ခဆင်းရဲတွေခံစားခဲ့ရတယ်။ စစ်ဘေးရှောင်ရတဲ့အချိန်တုန်းက … Read more
ထန်တလန်မြို့ ဝမ်းသူးရွာရှိ စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းကို CDF-Zopheiနှင့် CNA က ဖြိုချဖျက်ဆီး (ရုပ်/သံ)
ထန်တလန်မြို့ ဝမ်းသူးရွာရှိ စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းကို CDF-Zopheiနှင့် CNA က ဖြိုချဖျက်ဆီး (ရုပ်/သံ) ချင်းပြည်နယ်၊ ထန်တလန်မြို့ အနောက်တောင်ဘက်ရှိ ဝမ်သူးကျေးရွာအနီးရှိ မဆုတ်တမ်းခံစစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးအား စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်သွားပြီးနောက် CDF-Zophei နှင့် CNA ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းရှင်းလင်းပြီး အဆိုပါစခန်းသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ မဆုတ်တမ်းခံစစ်စခန်းပတ်ပတ်လည်တွင် မြှုပ်နှံထားသော မိုင်း (၈)လုံးဖော်ထုတ်ရှင်းလင်းပြီး စခန်းရှိ အိမ်များ၊ မြောင်းများအား ဖျက်ဆီးလိုက်ကြောင်း၊ အဆိုပါ မဆုတ်တမ်းခံစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် ချင်းတပ်ဖွဲ့များက စစ်ရေးပြင်ဆင်နေချိန်တွင် စစ်ကောင်စီက စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဝမ်သူးစခန်းရှိ စစ်သားများနှင့် ဗိုလ်မှူးကို ပြည်သူဘက်ပူးပေါင်းရန် CDF-Zophei က ဆက်သွယ်စည်းရုံးခဲ့သော်လည်း ပူးပေါင်းပါဝင်ခြင်းမရှိသောကြောင့် ဝင်တိုက်သိမ်းပိုက်ရန်ပြင်ဆင်နေချိန်တွင် စစ်ရဟတ်ယာဉ် … Read more
ပုလဲမြို့နယ်မှာ မိုင်း ၂၇ လုံး အခွဲခံလိုက်တဲ့ စစ်ကောင်စီယာဉ်တန်း ဝင်ရောက်လာပုံ (ရုပ်/သံ)
ပုလဲမြို့နယ်မှာ မိုင်း ၂၇ လုံး အခွဲခံလိုက်တဲ့ စစ်ကောင်စီယာဉ်တန်း ဝင်ရောက်လာပုံ (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းသို့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို မိုင်း ၂၇ လုံးခွဲ၍ ပုလဲ PDF က တိုက်ခိုက်လိုက်ပြီး ကား ၅ စီးပျက်စီးကာ စစ်ကောင်စီတပ်သားအများအပြား သေဆုံးကြောင်း ပုလဲ PDF က တရားဝင်ပြောဆိုသည်။ အောက်တိုဘာလ ၄ ရက်နေ့ အမြောက်ကား ၈ စီး နှင့် Truck ကားများ တွဲကားများ ပါဝင်သော စစ်အုပ်စု၏ အစီး ၈၀ ကျော်ဖြင့် ပုလဲမြို့နယ်အတွင်း ထောက်ပို့စစ်ကူအဖြစ်ဝင်ရောက်လာသော ယာဉ်တန်းအား ကန့်ဒေါင့်ကျေးရွာ အနောက် … Read more
“မိဘခြေရာ တောင်းယူလိုသူများအတွက်”မိဘခြေရာခံယူနည်း
“မိဘခြေရာ တောင်းယူလိုသူများအတွက်”မိဘခြေရာခံယူနည်း မိဘခြေက္ခဏာ ခံယူပွဲသည် မြန်မာတို့၏ဂုဏ်ယူဖွယ်ရာ အလေ့အထ တစ်ခုဖြစ်၍မြန်မာ မိသားစုတိုင်း ခံယူကျင့်သုံးသင့်ပါသည်။ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနှင့်ကုံလုံ ဆရာတော် ဘုရားကြီးတို့၏မိဘခြေရာ တောင်းယူပူဇော်နည်းမှာအောက်ပါအတိုင်း ဖြစ်ပါသည်။ မိဘခြေရာ တောင်းယူသောနေ့ဟာမိဘရော သားသမီးတွေပါ မင်္ဂလာရှိသောမွေးနေ့ (သို့မဟုတ်) မွေးရက်နှင့်မှတ်တမ်းအပ်သည့်နေ့များတွင်ကျင်းပလျှင် ပို၍ကောင်းမွန်၏။မိဘခြေရာတောင်းယူ မည့်အချိန်မှာမိဘကော သားသမီးပါ ရေချိုးသန့်စင်ပြီးသန့်ရှင်းသောအဝတ်များ ဝတ်ဆင်ပြီးဘုရားစင် ရှေ့မှာထိုင်ပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာအရပ်လေးမျက်နှာ၊အရပ်ရှစ်မျက်နှာ၊အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှအထက်အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီးရတနာသုံးပါးကိုပူဇော်ကန်တော့ပါ။ ပြီးလျှင် အရှေ့အရပ်မှာ မိဘ၊တောင်အရပ်မှာ ဆရာသမား၊မြောက်အရပ်မှာ ကျေးဇူးရှင်များကိုကန်တော့ပြီး ခင်ပွန်းကြီး (၁ဝ) ပါးအားဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာငါးပါးသီလ ခံယူဆောက်တည်ပါ။ နေရာယူရန် ထို့နောက် မိဘမှ မြင့်သော မြတ်သောအရပ်မှာထိုင်ပြီး သားသမီးတို့မှမိမိတို့တတ်အားသရွှေ့ ကန်တော့ရန်ပစ္စည်းများဖြင့်ကန်တော့ပါ၊၊မိဘတို့ကလည်း ဆုပေး ချီးမြှင့်ပေးပါ။ မိဘများမှ မွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီးယနေ့မိဘများ … Read more