စိတ်ကျန်းမာရေးမကောင်းတဲ့ ညီမဖြစ်သူထံစားနပ်ရိက္ခာပြန်ပို့တဲ့ ထန်တလန်ဒေသခံပစ်ခတ်ခံရ စစ်ရှောင်ထန်တလန်ဒေသခံတွေစားဝတ်နေရေးခက်ခဲမှုတွေအပြင်ကိုဗစ်ကူးစက်မှုတွေပါခံနေရတယ်လို့ဆို ပစ်ခတ်သေဆုံးမှုတွေနဲ့နေအိမ်မီးလောင်ဆုံးရှုံးမှုတွေဖြစ်ခဲ့လို့ မြို့လုံးကျွတ်နီးပါးနေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရတဲ့ ထန်တလန်ဒေသခံတွေဟာ နေအိမ်တွေဆီခေတ္တပြန်ချိန်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေခံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့အောက်တိုဘာ ၆ ရက် ကလည်း ထန်တလန်မြို့ထဲမှာ ကျန်နေခဲ့တဲ့စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ညီမဖြစ်သူထံ ကို စားနပ်ရိက္ခာပြန်သွားပို့တဲ့ ဒေသခံတစ်ဦးဟာ စစ်ကောင်စီဘက်ကပစ်ခတ်ခဲ့တာကြောင့် လက်မောင်းထိမှန်ဒဏ်ရာရခဲ့တယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ပစ်ခတ်ခံရတဲ့ရွာသားဟာ ဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ ထန်တလန်ကနေအိမ်တွေမှာကျန်ရှိပစ္စည်းတွေလာယူတဲ့ လူတစ်စုလည်းမြို့အဝင်မှာပစ်ခတ်ခံရလို့ထပ်ပြီးထွက်ပြေးခဲ့ရတယ်လို့ချင်းလူ့အခွင့်အရေးကထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက စစ်ကောင်စီဘက်ကပစ်ခတ်ခဲ့လို့ထန်တလန်မြို့ရဲ့ မြို့ဖိမြို့ဖတစ်ဦးဖြစ်တဲ့ …
စိတ်ကျန်းမာရေးမကောင်းတဲ့ ညီမဖြစ်သူထံစားနပ်ရိက္ခာပြန်ပို့တဲ့ ထန်တလန်ဒေသခံပစ်ခတ်ခံရ Read More