မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို လူမိုက်ငှားပြီး အသေသတ်ခိုင်းတဲ့ဖြစ်ရပ်(ရုပ်သံ)
အောက်တိုဘာလ ၁၃ ရက်နေ့ သတင်း SurachaiMintun(TCTF) ရွေ့ပြောင်းမြန်မာအလုပ်သမား(၄)ဦးအားပွဲစားမှ လူမိုက်ငှါးပြီ သေအောင်ရိုက်ခိုင်းပြီး ရေထဲပစ်ချ ဆုံးအောင်ကြည့်ပါနား ထောင်ပါအမျိုးတို့ ထိုင်းနိုင်ငံရောက်ရွေ့ပြောင်း အလုပ်သမားများအသေချာကြည့်ကြပါ သင်္ခန်းစာရအောင်ပါ ဒီလိုတိုးတက်နေတဲ့ခောတ်ကာလမှာ အွန်လိုင်းဆိုရှယ်မီဒီယာတွေမှာအလုပ်ရှာပြီး အလုပ်လျှောက်သူများ ထိုင်းနိုင်ငံတွင်အနေကြာတဲ့သူတွေလည်း အခုလိုကြုံတွေ့ရတတ်တာမို့ ငွေကုန်အချိန်ကုန် အသတ်ခံရတဲ့အထိ နောက်ဆက်တွဲ အခက်ခဲတွေကြုံတွေ့ရမည့်ဒုက္ခတွေကို အခုလိုအဖြစ်မျိုး မဖြစ်ရအောင်ကြိုတင်ပြီး သတိပေးသောအားဖြင့် အလုပ်သမားတွေလည်း ယခုဖော်ပြပါ အမှုနဲ့ဖြစ်စဉ်ကဲ့သို့ မကြုံရလေအောင် စဉ်းစားဆင်ချင်နိုင်အောင် အခုလိုတိုက်ရိုက်မေးမြန်းပြီး လူမှု့သတင်းမီဒီယာပေါ်တင်ပေးလိုက်ရပါတယ်။ ရက်စွဲတွေတော့မထည့်တော့ပါဘူး ဒီအမှုနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့ သံအရာရှိသစ် ဦးအောင်ကိုဇော်နှင့် TCTF ဖောင်ဒေးရှင်းမှ ဥပဒေအကြံပေး ဦးစိုင်းအေးတို့မှသွားရောက်ကူညီပြီးအမှုဖွင့်ကာ အမှုနဲ့ပတ်သက်ပြီးတရားမျှတမှုမရပါကနောက်ထပ် ထပ်မံပြီးအမှုကိုယုံကြည်စိတ်ချရတဲ့အာဏာပိုင်ဌာနနောက်တခု သို့လွဲပြောင်းအမှုအပ်သွားမည်ဖြစ်ကြောင်းသိရပါတယ် လက်ရှိရမည့်လုပ်အားခနှင့်နေရာထိုင်ခင်းကိုလည်း အစစအရာအားလုံးကိုအဆင်ပြေအောင်လုပ်ပေးခဲ့ပြီး အမှုအတွက်နဲ့ပတ်သက်ပြီးလည်းအားပေးစကား ပြောခဲ့ကြသော အလုပ်သမား သံအရာရှိနှင့်အတူ ဦးစိုင်းအေးအား ကျေးဇူးတင်ရှိပါကြောင်း ရိုက်ကူးသူ ဦးစိုင်းအေး တည်းဖြတ်သူ … Read more
၃ လသားအရွယ် ကလေးတစ်ယောက်တည်းရေမြောင်းထဲရှိ ပိုက်လိုင်းတစ်ခုတွင်အိပ်စက်နေတာကို တွေ့ရှိခဲ့သည့် နောက်ကွယ်က ကြေကွဲစရာဖြစ်ရပ်
၃လသားအရွယ် ကလေးတစ်ယောက်တည်းရေမြောင်းထဲရှိ ပိုက်လိုင်းတစ်ခုတွင်အိပ်စက်နေတာကို တွေ့ရှိခဲ့သည့် နောက်ကွယ်က ကြေကွဲစရာဖြစ်ရပ် ဖိလစ်ပိုင်နိုင်ငံ Lagunaပြည်နယ်တွင် နေထိုင်သော အသက် ၄၀အရွယ် အမျိုးသားတစ်ဦးသည် ရေမြောင်းထဲရှိ ပိုက်လိုင်းလုံးထဲတွင် အရုပ်လေးတစ်ရုပ်ကို မြင်တွေ့ခဲ့ရာ အနားသို့ရောက်သွားချိန်မှာတော့ အရုပ်မဟုတ်ပဲ ကလေးလေးတစ်ယောက်သာ ဖြစ်နေကြောင်းကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သည်။ အမျိုးသားလည်း အနီးနားပတ်ဝန်းကျင်တွင် လျှောက်ကြည့်ခဲ့သော်လည်း ကလေးမိဘကို မတွေ့ရှိသည့်အတွက် စိုးရိမ်စွာဖြင့် ပွေ့ချီကာ စောင့်ရှောက်ပေးခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူ ပြန်လာချိန်တွင် အကြောင်းစုံမေးမြန်းကြည့်ခဲ့ရာ ကိုယ်ပိုင်နေစရာအိမ်မရှိသည့်အပြင် စားဝတ်နေရေးအတွက် လမ်းမပေါ်တွင် ပန်းကုံးလေးတွေ လိုက်ရောင်းရသည့်အတွက် ကလေးတစ်ဖက်နှင့်အဆင်မပြေ၍ တစ်ယောက်တည်းထားခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။ အမျိုးသားလည်း သုံးလအရွယ်သာရှိသေးသည့် ကလေးကို ထိုသို့တစ်ယောက်တည်းထားခဲ့ခြင်းဖြင့် အလွန် အန္တရာယ်များကာ နောက်မလုပ်ရန်သတိပေးပြီး လိုအပ်သည်များကို ကူညီပေးသွားမည်ဟု ဆိုခဲ့သည်။ Credit unicode ၃လသားအရွယ် … Read more
နိုင်ငံတစ်ဝန်း ၉ နာရီ ၁၄ မိနစ်မှစပီး မီးတွေပျက်ရတဲ့ အကြောင်းရင်း
နိုင်ငံတစ်ဝန်း ၉ နာရီ ၁၄ မိနစ်မှစပီး မီးတွေပျက်ရတဲ့ အကြောင်းရင်း ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း System Break Down ဖြစ်၍ မီးပျက်နေ ရန်ကုန်၊ အောက်တိုဘာ ၁၃ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း System Break Down ဖြစ်၍ လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း စစ်ကိုင်းမြို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ယနေ့ နံနက် ၉ နာရီ ၁၄ မိနစ်ဝန်းကျင်အချိန်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး မီးပြန်လည် ရရှိမည့်အချိန်ကို မသိရှိသေးဟု ၎င်းက ဆိုသည်။ “မဟာဓာတ်အားလိုင်း အပြစ်ဖြစ်တယ်လို့ သိရတယ်။ ဘယ်နားကဖြစ်လဲ မသိဘူးဗျ။ ဘယ်လောက်ကြာမလဲလည်း မသိပါဘူး။ စစ်ကိုင်းတစ်ခုတည်းမဟုတ်ဘူး။ တစ်နိုင်ငံလုံးဖြစ်တာပါ” ဟု စစ်ကိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ … Read more
အသက် ၄၀ မတိုင်ခင် ပြုလုပ်သင့်သောအရာများ
အသက် ၄၀ ဆိုတဲ့အရွယ်မှာမှ ဘဝစတယ်….လို့ ပြောကြတာ ကြားဖူးမှာပါနော်။ အက်မင်ကတော့ အသက် ၄၀ ဆိုတဲ့အရွယ်က တည်ငြိမ်သင့်သလောက်တည်ငြိမ်နေပြီး ဘဝမှာလည်း အတွေ့အကြုံတော်တော်များများရခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ လူအမျိုးမျိုးကိုလည်း တွေ့ဆုံခဲ့ရပြီးပြီ၊ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အလုပ်တော်တော်များများမှာလည်း ကျင်လည်ခဲ့ပြီးပြီဖြစ်မှာပါ။ အဲဒီမတိုင်မှီအချိန် အသက်၄၀ ဆိုတဲ့အရွယ်မှာ ပိုပြီး တည်ငြိမ်အောင် ပြင်ဆင်ထားသင့်နေပါပြီ။ အဲဒီ့တော့ အဲဒီ့အသက်အရွယ်မှာ ပြင်ဆင်ထားသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။ ၁) စုငွေပမာဏ တစ်ခုရှိနေသင့်ပါပြီ။အသက် ၄၀မတိုင်ခင် ဖြတ်သန်းခဲ့တဲ့ကာလတွေမှာကတည်းက ငွေကြေးနဲ့ပတ်သက်ပြီး ပုံမှန်စုငွေတစ်ခုထားပြီး စုဆောင်းထားသင့်နေပါပြီ။ ဘာလို့လဲဆိုတော့ ထိုအသက်အရွယ်မှာ အလုပ်ကို အရမ်းပြင်းထန်စွာ ကြိုးစားဖို့ထက် သက်တောင့်သက်သာရှိစွာ အသက်မွေးဝမ်းကျောင်းနိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ အဲဒါကြောင့် စုငွေပမာဏတစ်ခုရှိထားသင့်နေပါပြီ။ ၂) မိသားစု ဘဝတစ်ခု တည်ဆောက်ပါ။အသက် ၄၀မတိုင်ခင်မှာ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်သင့်နေပါပြီ။ သားသမီးတွေသိုက်ဝန်းစွာနဲ့ … Read more
ချောင်းဦး PDF ပါဗျ …. ….(ရုပ်သံ)
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည် ချောင်းဦး PDF ပါဗျ …. …. ချောင်းဦး PDF ပါဗျ …. …. ချောင်းဦး PDF ပါဗျ… ….. ဆိုတဲ့ စကား ကို ကျုပ်တို့ အသွေးထဲ အသားထဲ မှတ်ထားတယ်……. ဒါ လက်စားချေတာ မဟုတ်ဘူး။ ဒါ အကြမ်းဖက် စစ်ကောင်စီ အလုံးစုံ ပျက်သုဉ်းရေး အတွက် ကျုပ်တို့ ရဲ့ တေးသံ ပဲ …. #ချောင်းဦးPDFပါဗျ… ပထမတခါချောင်းဉီး PDF လို့အော်တဲ့ Video ကိုကြည့်ပြီးဝမ်းနည်းမျက်ရည် ကျရတယ် ခုချောင်းဉီးPDFလို့ အော်သံကို ကြားရတာ ဝမ်းသာမျက်ရည်ကျရတယ် ဘေးကင်းကြပါစေ တစ်ယောက်မှ မထိမခိုက်ဘဲဘေးကင်းပါစေ unicode … Read more
ပုလဲ PPDF မှ ဗိုလ်နဂါးလက်စွမ်းပြ (ရုပ်သံ)
ပုလဲ PPDF မှ ဗိုလ်နဂါးလက်စွမ်းပြ (ရုပ်သံ) ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။ အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် ပုလဲမြို့နယ် နဂါးမတောင်အနောက်ဘက် ဝမ်းပြင်ကျေးရွာအလွန်တွင် ရှေ့ပြေးလမ်းရှင်းအဖွဲ့အဖြစ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်၍ တက်လာသော စစ်ကောင်စီတပ် ၃၀ ခန့်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) သိန်းငှက်လေး ဦးဆောင်သည့် တပ်စိတ်(၁)မှ ရဲဘော်၂၀ ဦးနှင့် မိုးကြိုး၊ ဖိုက်တာကြီး၊ နာဂစ်၊ ကျောင်းဆရာ၊ မုန်တိုင်းအမည်ရှိ ကွန်မန်ဒို ၅ ဦးတို့မှ မိုင်းဆွဲတိုက်ခိုက်ပြီး တူမီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ အားလုံးနီးပါး အတုံးအရုန်း သေဆုံးခဲ့သည်။ နောက်မှကပ်ပါလာသော ယာဉ်တန်းက လက်နက်ကြီး လက်နက်ငယ်များနှင့် ဆက်လက်ပစ်ခတ်သဖြင့် … Read more