သေတ္တာလေးတစ်လုံးပေါ်မှာထိုင်နေလို့ အချိန်ကြာလာတော့ ဘာဖြစ်လို့လဲ ထွက်မေးကြည့်လိုက်မိသောအခါ

အိမ်ရှေ့မှာ သတ္တာလေးတစ်လုံးပေါ်မှာ ထိုင်နေလို့ အချိန်ကြာလာတော့ ဘာဖြစ်လို့လဲ ထွက်မေးကြည့်လိုက်သောအခါ အိမ်ရှေ့မှာ သတ္တာလေးတစ်လုံးပေါ်မှာ ထိုင်နေလို့ အချိန်ကြာလာတော့ ဘာဖြစ်လို့လဲ ထွက်မေးကြည့်တာ ကိုယ်တောင်ငိုချင်လာတယ်…။ ကလေး ဘဝထဲက ​ရွှေပေါက်ကံထဲက လက်ဖက်ရည်ဆိုင်သေးလေးတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့တာ (၁၀)နှစ်နီးပါးရှိပြီတဲ့ ဆိုင်တွေ ပုံမှန်ရောင်းရချိန်မှာ ညဉ့်နက်တဲ့အထိခိုင်းပြီး မနက်အစောကြီးထရတာမျိုး မငြီးမငြူလုပ်ပေးခဲ့ပါတယ်တဲ့…။ ထမင်းစားရုံလေး ကျောခင်းတစ်နေရာစာလေးနဲ့သာ ကျေနပ်ခဲ့ရတဲ့… စာမတတ် ပေမတတ် တောက ကလေးတွေကို သက်သက်သာသာဈေးနဲ့ ခိုင်းခဲ့ပြီး အခုလိုဆိုင်တွေပိတ်ထားရချိန်မှာတော့ တာဝန်မယူနိုင်ဘူးဆိုပြီး ပြောဆိုမောင်းထုတ်ပါတယ်တဲ့ …. လမ်းပေါ်ထွက်လာရပေမယ့် ပိုက်ဆံလည်း တပြားမှမပါ နေစရာ စားစရာလည်းမရှိ မန်းလေးပြန်ချင်ပါတယ်ဆိုလို့ ကိုသန်းမင်းကြွယ်တို့ ပုလဲ မီးသတ်တွေဆီ အကူအညီတောင်းခဲ့ပေမယ့် သူတို့လည်း လူပြည့်နေလို့ တာဝန်မယူနိုင်ပါဆိုလို့ ဆိုင်ကယ်ကယ်ရီလေးငှားပေးပြီး ရွှေပေါက်ကံ Q centre ကို … Read more

တံမြက်စည်းဥပမာ(လုံးဝ good တယ်ဗျာ)ဖတ်လိုက်ရတာ စိတ်ချမ်းသာလိုက်တာ

တံမြက်စည်း(လုံးဝ good တယ်ဗျာ)ဖတ်လိုက်ရတာ စိတ်ချမ်းသာလိုက်တာ တစ်ခါတုန်းက တံမြက်စည်းသည်ကြီးကတံမြက်စည်းနှစ်ချောင်းကိုရောင်းချခဲ့တယ်။ ဝယ်တဲ့သူက တစ်ချောင်းကိုအိမ်ပေါ်မှာလှည်းဖို့နဲ့တစ်ချောင်းကမြေကြီးမှာလှည်းဖို့ဆိုပြီး ဝယ်ခဲ့တာပေါ့။ မြေကြီးမှာ အလှည်းခံရတဲ့တံမြက်စည်းကနေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်းကျင်ကြီးကျင်ငယ်တွေနဲ့ထိရ ကြမ်းတမ်းတဲ့ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့သူ့ဘဝဟာ ကြမ်းသထက်ကြမ်းလာတယ်တဲ့။ ဒီဟာကိုကြည့်ပြီးသူ့ဘဝသူ အားငယ်တတ်လာတယ်။အိမ်ပေါ်မှာ နေရတဲ့တံမြက်စည်းလေးဖြစ်ရင်သိပ်ကောင်းမှာ သူ့ဘဝကျတော့နေလဲမပူကြမ်းတဲ့ကျောက်စရစ်တွေနဲ့မတွေ့ရကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့..သူ့ဘဝသာယာနေမှာဘဲဆိုပြီး သူ့မိတ်ဆွေ အိမ်ပေါ်လှည်းခံရတဲ့တံမြက်စည်းကို အားကျနေတယ်တဲ့။ နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲငါလိုဘဝမကြမ်းလောက်ဘူး ငါလဲသူ့လိုဘဝရောက်ရင်သိပ်ကောင်းမှာပဲဆိုပြီး….အမြဲတွေးပြီးနေတတ်တယ်တဲ့။ ဒါနဲ့တစ်နေ့ သူ့သူငယ်ချင်းတံမြက်စည်းကိုလှေခါးနားမှာ ဆုံမိကြတယ်တဲ့။စကားပြောဖြစ်ကြတယ်ပေါ့။ အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့တံမြက်စည်းက… “သူငယ်ချင်း မင်းဘဝကသိပ်သာယာတာပဲကွာ။ငါ့လိုမကြမ်းတမ်းဘူးမကောင်းတဲ့ရနံ့တွေနဲ့ မထိတွေရဘူး။မင်းဘဝကသိပ်ပျော်စရာကောင်းမှာပဲလို့ပြောရှာသတဲ့! “မင်းလိုဘဝမျိုးနေချင်လိုက်တာ”လို့ ခဏခဏပြောသတဲ့။ ဒါနဲ့အိမ်ပေါ်က…တံမြက်စည်းကပြန်ပြောလိုက်တာက ” တကယ်တော့ အပြင်မြင်ရင်တော့သာယာတယ်မင်းထင်ချင်ထင်လိမ့်မယ်မသာယာပါဘူးကွာ။ လင်မယားချင်းရန်ဖြစ်လဲငါ့ကိုဆွဲပြီး ရိုက်ကြတယ်။တယောက်နဲ့တယောက်ဆွဲကြ လုကြတယ်။ သားသမီးရိုက်ပြီးဆိုလဲငါ့ကိုအသုံးပြုတယ်။ဒါနဲ့တယောက်နဲ့တယောက်ဆွဲကြလုကြပြန်ရော ငါ့ဘဝက မင်းလိုမကြမ်းတမ်းပေမဲ့နေ့စဉ် နားငြီးရသလို နာကျင်တဲ့ဝေဒနာခံစားရတယ် စိတ်ရှုပ်ရတယ်။ ငါက ပင်ပန်းတာမခံရပေမဲ့စိတ်ရှုပ်စရာကြီးပါ။ နောက်ပြီးငါ့ကိုဘယ်နားမှာထားတာလဲမင်းသိလား ခြေနင်းခုံနားမှာထားတာ ဟိုလူလာလဲ တိုက်သွားနင်းသွား နဲ့ … Read more

ဦးဖိုးအေးတို့မိသားစု သင်္ချိုင်းထဲမှာ ပေါက်တဲ့မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ…

သင်္ချိုင်း ဆိုသည်မှာ*လူတစ်ယောက်က မေးတယ် “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။ သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ဉာဏ်ရည်ဆိုတာလည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။ ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ် သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။ဘာလို့လဲဆိုတော့ သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ … Read more

ဒူးနာတဲ့သူတွေကို ကိုယ်ချင်းစာလို့တင်ပေးလိုက်တာပါ (လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ)

စာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့ လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ။ ဒူးနာပျောက်တဲ့ဆေးနည်း ​ ပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ် ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ် ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …ခဏသက်သာတယ်ပြန်ဖြစ်ရော ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ် ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်….ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ် ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ …..ခုတော့ချော်လဲထားတဲ့ ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်မနာတော့ပါဘူး….. ဒူးနာတဲ့သူတွေကို … Read more

အငယ်ဆုံးသမီးလေးကို အိမ်ပေါ်မှနှင်ထုတ်ပြီး နောက်ဆုံးမှာတော့ . . .

တစ်ချိန်က Yun Shan ပြည်နယ် ၊ Xia Chuan အမည်ရှိရွာတစ်ရွာမှာ Jin Shan အမည်ရှိသူဌေးကြီးတစ်ဦးနေထိုင်ခဲ့ပါတယ် ။ Jin Shan က သူ့မှာ သားကိုးယောက်နဲ့ သမီးတစ်ဦးတို့နဲ့ ပျော်ရွှင်စွာနေထိုင်ကြပါတယ် ။ သို့သော်လည်း သူဟာ သူ့ရဲ့ချမ်းသာမှုကြောင့် သူ့ကိုယ်သူအမြဲဂုဏ်ယူဝင့်ကြွားတတ်သူတစ်ဦးပါ ။ တစ်နေ့မှာ Shan Shan က သူ့သားတွေအားလုံးကို “မင်းတို့ကို ဒီဥစ္စာတွေနဲ့ ပြည့်ပြည့်စုံစုံနေနိုင်အောင် ဘယ်သူက ပေးခဲ့လဲ” လို့ မေးခွန်းတစ်ခုမေးခဲ့ပါတယ် ။ သူ့သားတွေ အားလုံးက မျှော်လင့်ထားတဲ့အတိုင်း သူတို့ဖြတ်သန်းခဲ့သမျှ ချမ်းသာမှုအားလုံးဟာ သူတို့ရဲ့တစ်ဦးတည်းသောချမ်းသာတဲ့အဖေကလာတာပါလို့ ဖြေခဲ့ပါတယ် ။ သို့သော် သူ့ရဲ့တစ်ဦးတည်းသော သမီး Xiao Mei က သဘောမတူခဲ့ပါဘူး ။ သူမကိုယ်တိုင်ကြိုးစားမှုကြောင့် … Read more

အရူး​တွေက ဒလန်ဖြစ်​နေပြီလား ယနေ့မနက်..၉နာရီကျော်.. ရန်ကုန်. တာမွေ…

အရူး​တွေက ဒလန်ဖြစ်​နေပြီလား ယနေ့မနက်..၉နာရီကျော်.. ရန်ကုန်. တာမွေ… အရှေ့မြင်းပြိုင်ကွင်း.လမ်းဘေးတစ်နေရာ..အရူးတစ်ယောက်က စစ်ကားကိုတားကာ သတင်းပေးတယ်.. ………ရပ်ကွက်ထဲ .. .လမ်း(…..) နာမည်(……) လက်နက်တွေအိမ်မှာ ဝှက်ထားတယ်.. မြေအောက်လှုပ်ရှားနေတယ်တဲ့.. သူသိတဲ့ လူနာမည်..လမ်းနာမည် သူ့ပါးစပ်ထဲရှိတာ.လျောက်ပြောလိုက်တာ.စစ်ကားတစ်စီး ကျွန်တော်နေတဲ့ ရပ်ကွက်ထဲ အရှိန်အဟုန်နဲ့ အပြင်းမောင်းဝင်လာတယ်…အရူးပြောတဲ့ နာမည် နဲ့ လမ်းထဲ.ရောက်တယ်.. အရူးကတော့ စစ်ကားပေါ်မှာ. အခန့်သားထိုင်လို့ … ကားပေါ်ကတောင် မဆင်းဘူး.အဲ့အိမ်ပဲတဲ့.မေးပဲငေါ့ပြလိုက်တာ… အဲ့ အိမ်ရှေ့ ရောက်တယ်ဆိုရင်ပဲ.စစ်သားတွေကားပေါ်က ခုန်ဆင်း.အိမ်ကို ပတ်လည်ဝိုင်းထား..သေနတ်တွေနဲ့ချိန်… အိမ်ထဲကို ဗိုလ်ကြီးတစ်ယောက်က ဦးဆောင်ပြီး..အဖွဲ့လိုက် အတင်းဝင်..အိမ်ရှင်တွေကို ငုတ်တုပ်လေးတွေ ထိုင်ခိုင်းထား..တစ်အိမ်လုံးဝင်ရောက်မွေနှောက် .ရှာဖွေလိုက်တာ. ဘာမှလည်းမတွေ့ဘူး.. အိမ်ရှင်က တစ်လုံးထဲ​ပြောလိုက်ပါတယ် ဗိုလ်ကြီးတို့ကို သတင်းပေးတဲ့သူဟာ အရူးဆိုတာ တစ်ရပ်ကွက်လုံးသိပါတယ်တဲ့…ဘေးအိမ်ကလည်းထောက်ခံပြောဆိုပေးကြတယ်… ဗိုလ်ကြီးဆိုတဲ့သူက ရှက်ရမ်း.ရမ်းပြီး အရူးကို ပါးတွေနားတွေချ..ဆောင်ကန့်ထားခဲ့လေရဲ့..ဒေါသတွေက သူဆီရောက်သွားပုံ.ရတယ်. … Read more

အင်းစိန်က ရာအိမ်မှူး ငရဲပြည်ပို့ခံရပီး မန္တလေးက ဒလန် ခြေထောက်ဖြတ်ခံရ

အင်းစိန် ယိုးဒယားဈေးတွင် စစ်ကောင်စီခန့် ရာအိမ်မှူး မျိုးမြင့် သေနတ်ပစ်သတ်ခံရပြီး မန္တလေးတွင် သတင်းပေးဒလန် ၁ ဦး ဓါးဖြင့် ခုတ်ခံရ၍ ခြေထောက်ပြတ် ရန်ကုန်၊ အောက်တိုဘာ ၁၅ ရန်ကုန်တိုင်း၊ အင်းစိန်၊ တောင်သူကုန်းရပ်ကွက်ရှိ ယိုးဒယားဈေးတွင် ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်း စစ်ကောင်စီခန့် ရာအိမ်မှူးမျိုးမြင့် သေနတ်ဖြင့် လေးချက် ပစ်ခံရပြီး နေရာတွင် သေဆုံးကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။ ယိုးဒယားဈေးအတွင်း ရာအိမ်မှူးမျိုးမြင့်ကို သေနတ်သမား တစ်ယောက်က လာရောက်ပစ်ခတ်သွားကြောင်း၊ နေရာတွင် သေဆုံးကြောင်းနှင့် အခင်းဖြစ်ရာအနီးတွင် သေနတ်ကျည်ခွံ လေးခု တွေ့ရကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ မန္တလေး ဈေးချိုအနီးတွင် ၈၄ လမ်း၊ ၂၈လမ်းနှင့် ၂၉ လမ်းကြားတွင် စစ်ကောင်စီသတင်းပေး … Read more

15.10.2021 မှ 21.10.2021 အထိ တစ်ပတ်စာ (၇)ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ အရာရာသတိနဲ့ယှဉ်ပြီးဆောင်ရွက်ရမဲ့ကာလပါ။ အမှုမဲ့ အမှတ်မဲ့နေတတ်သူများအတွက် ဒီကာလဟာအဆိုး များပါတယ်။ မိမိပြောလိုက်တဲ့စကား၊ မိမိပြုမူလိုက်တဲ့ ကိုယ်အမူအရာတွေက တစ်ဖက်သားကတစ်ဖက်သားကိုထိ ခိုက်စေတာမျိုးဖြစ်ရင်တော့ တစ်ဖက်လူက ရန်ငြိုးဖွဲ့သွားတတ်တဲ့ကာလမို့ပါ။ အလုပ်ပြောင်း၊နေရာပြောင်း၊ အခြား ဌာနတွေမှာ ယာယီတာဝန်ထမ်းဆောင်ရတာမျိုးတွေကြုံလွယ်တဲ့ကာလပါပဲ။ ဖခင်ကို အတိုက်အခံပြန်လုပ် တာမျိုး ဒီကာလမှာအထူးရှောင်ပါ။ လူကြီးမိဘတွေစိတ်ပျက်အောင်မလုပ်သင့်တဲ့ကာလပဲဖြစ်ပါတယ်။စီးပွားရေးနဲ့ ဆက်စပ် ပြီး တတ်နိုင်သ၍ မျက်မြင်ကိုယ်တွေ အလုပ်တွေပဲလုပ်ပါ။မမြင်ရတဲ့အလုပ်တွေ၊ သူများစကားယုံပြီးလုပ် တဲ့ အလုပ် တွေ၊အွန်လိုင်းစီးပွားရေးတွေကအထိနာတတ်ပါတယ်။ ငွေကြေးအတွက် ပူပန်စရာမလိုပေမဲ့ သူများကို ချေး ငှားမိရင်ဆုံးသွားတတ်ပါတယ်။ ငွေအထွက်လဲများနေနိုင်ပါတယ်။ ကျန်းမာရေး အညံ့နည်းပေမဲ့ အလုပ်ဒဏ်ပိ တာ တွေ ကြောင့် ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။အချစ်ရေးကိစ္စတွေမှာ ဒေါသနဲ့ဖြေရှင်းရာကစလို့ မခေါ်နိုင် မပြော နိုင် သည် အထိဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့အဆိုးသိပ်မတွေ့ရပါဘူး။ပညာရေးကိစ္စများအတွက် စိတ် ပင်ပန်း စရာကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း ၅/၆/၈ … Read more

ဆေးနည်းတို မှတ်စုများ(မဖတ်အားသေးရင် ရှယ်ပြီး သိမ်းထားပါ)

-ဆီးသွားများလျှင်အနေခက် ဥသျှစ်ရွက်သုတ်စား -ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက် လေးညုင်းပွင့်သွေးလိမ်း -ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်း ဧကရာဇ်မြစ်ကို ဆန်ဆေးရေ နဲ့ သွေးသောက် – မကျီးခေါက်သွေးသောက် -မုတ္တယောင် (ဝှေးဥယောင်)ကျဆေး ဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက် ရော ထောင်း အုံ၍ပတ်တီးစည်း ရေဆွတ်ဆွတ်ပေး -နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့် (1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်) (2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်)ရေအေးတဝသောက် -အိမ်မပျော်လျှင် ဒန်ကျွဲပင်ပြုပ်သောက် မဲဇလီရွက်ဟင်းချိုချက်သောက် လက်သုတ် သုတ်စား -နှာခေါင်းသွေးလျှံ ကျောက်ချဉ်အမှုန့်ထောင်းရှူ -ကင်းကိုက် အဆိပ်အတောက် ကျောက်ချဉ်သွေးလိမ်း သားအိမ်ကိုက် အကြောတက် (1)သက်ရင်းကြီးမြစ်(သို့)အခေါက် (၁၀)ဇွန်း (2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်း ရောစပ်၍သောက် -သွေးပျစ် သွေးခဲလွန်းလျှင် ရှောက်ရည် သံပုရာရည် တစ်ဝသောက် ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက် ကျောက်တည်ရောဂါ ကျောက်ကွဲပြုတ်သောက် … Read more

မစိုးရိမ်ကျောင်းအတွင်းရှိသော ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ် ဖျက်စီးခံရ(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။ မန္တလေးမြို့ကံတက်ကုန်းမစိုးရိမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းအတွင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူရုပ်တုကို အမည်မသိလူ ၃၀ ဦးခန့်ကဝင်ရောက်ဖျက်ဆီးသွားကြောင်း သိရသည်။ (အောက်တိုဘာ ၁၄ ရက်)နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က အဆိုပါ လူအုပ်စုသည် ကျောင်းရှေ့ကားများထိုးရပ်ကာ ကျောင်းဝင်းတံခါးကို ရိုက်ချိုး ဖျက်ဆီးပြီး ဒေါ်အောင်ဆန်းစုကြည်ပုံတူရုပ်တုကို ဖျက်ဆီးသွား ခြင်းဖြစ်သည်။ ” ပျူစောထီးတွေပဲဖြစ်မှာပါ၊ အယောက်သုံးဆယ်လောက်ကျောင်းထဲကျော် ဝင်လာပြီး အမေစုရုပ်ထုကို ဖျက်ဆီးသွားတယ်၊ ဗိုလ်ချုပ်ရုပ်ထုတော့ မဖျက် သွားဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။ ” တခြားတော့အန္တရာယ်ပေးမသွားပါဘူး၊ အမေ့ရုပ်တုကိုပဲဖျက်ဆီးသွားတာပါ၊ အမေစုကိုလက်မခံတော့ဘူး၊ အဲဒါကြောင့်မို့လို့ အမေ့ရုပ်တုတွေကို ပြည်သူတွေ ကလိုက်ဖျက်ဆီးနေကြတာပါလို့လုပ်ကြံသတင်းလွှင့်ချင်တာဖြစ်မယ်” ဟု သူက ထပ်ပြောသည်။ အဆိုပါရုပ်တုကို ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက် ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကျောင်းဝင်းအတွင်းစိုက်ထူခဲ့ခြင်းဖြစ်သည်။ ကံတက်ကုန်းမစိုးရိမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက မန္တလေး … Read more