လပြည့်နေ့မှာပဲ ပြုလုပ်လိုရတဲ့ ဝိဇ္ဇာဝပြော အလှူတော်
တစ်နေ့တွင် ကျွန်ုပ်သည် အိမ်မှ နာရီဝက်ခန့်စောပြီး ထွက်လာကာ ဆူးလေဘုရားသို့တက်သွားပြီး ဘုရား ရှိခိုးလေ၏။ ပြန်ဆင်းခါနီးတွင် အသက် ၇၀ နှစ်နီးပါး ခန့်ရှိပြီဟုထင်ရသော ယောဂီအညိုရောင်ဝတ်ဆင် ထား သည့် အဘွားကြီးတစ်ဦးသည် ကျွန်ုပ်အနီးသို့ ရောက် လာပြီး – ““လူလေးရေ … အမေ့ကို တစ်ခု ကူညီပါ ကွယ် …”” ဟု ပြောလေရာ ကျွန်ုပ်ကလည်း – ““ဘာများ ကူညီရမှာပါလဲခင်ဗျ ..၊ ပိုက်ဆံ အလှူခံမှာဆိုရင်တော့ ကျွန်တော်က တောင် ပြန်ပြီး အလှူခံရလိမ့်မယ်အမေရေ …။ ကျွန်တော့်ဟာ ကျွန်တော်တောင် ထမင်းက ၀ချင် တာမဟုတ်ဘူး”” ဟု ပြန်ပြောလိုက်မိလေ၏။ အဘွားကြီးက သွား မရှိတော့သောပါးများ ခွက်ဝင် သည်အထိ ပြုံးလေ၏။ … Read more
ဘုရားမှာ ဆီမီးပူဇော်ပီး ပြည်သူတွေအတွက် ဆုတောင်းပေးလိုက်တဲ့ အဘချစ်သမီးလေး သဇင်ဦး
ဘုရားမှာ ဆီမီးပူဇော်ပီး ပြည်သူတွေအတွက် ဆုတောင်းပေးလိုက်တဲ့ အဘချစ်သမီးလေး သဇင်ဦး ဘုန်းတော်အနန္တ ၊ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား…… ရှင်တော်မြတ်ဘုရားအားရောင်ဝါထိန်ညီး မြတ်ဆီမီးကို၊ ပိုပြီးသဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။ 🙏 ဤသို့ပြုရမြတ်ပုည၏ အကျိုးအားဖြင့် “ထွန်းလင်းတောက်ပ မီးလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ လနှယ်နေနှင့် အသေရေတင့်၊ ဆင့်ဆင့်ထွန်းတောက်လို ၍ တပည့်တော်မ မလှူဒါန်းပါ၊ ဤဆီမီးအား လှူသော ကုသိုလ်ပုည အဝဝကို ၊တိုင်းသားပြည်သူ များလူဗိုလ်ကို အမျှဝေ၏အမျှကုသိုလ် ရကြရ၍ “–ပြည်သူအများ တိုင်းကားပြည်ရွာ အေးသာယာ၍ သူပုန်၊ ရန်သူ အဆူဆူ၏ လက်နက်ကပ်ဘေး ကင်းဝေးကြ၍ အဖျက်သမားတပ် သတ္ထန္တရာယ်ကပ် မှ ကျော်လွှားနိုင်ကြပါစေကုန်၊ … Read more
ယနေ့မှာ ပြန်လည်လွတ်မြောက်လာသော အနုပညာရှင်များနှင့် မီဒီယာများ
ယနေ့မှာ ပြန်လည်လွတ်မြောက်လာသော အနုပညာရှင်များနှင့် မီဒီယာများ ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က ဖြင့် အရေးယူခံထားရသည့် အနုပညာရှင် (၂၄)ဦးနဲ့ လူမှုကွန်ယက်တွင် နာမည်ကြီးလူသိများသူ (၁၀)ဦးတို့အား အမှုပိတ်သိမ်းကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ပြည်သူတွေတော်တော်များများ က မိမိတို့ချစ်တဲ့ အနုပညာရှင်တွေ သူငယ်ချင်းမိတ်တွေတွေ မိသားစုဝင်တွေ ပါဝင်လာမလားလို့ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားနေကြပါတယ်။ အခု ကနဦးသိရတဲ့ လွတ်မြောက်လာမယ့် မီဒီယာသမားတွေထဲမှာ ဦးမုံရွာအောင်ရှင်၊ Kachin Wave မှ ဦးလရော်၊ 74 မီဒီယာမှ မချမ်းဘူ၊ မဆိုင်းနုပန် ၊ Mizzima မီဒီယာမှ ဒေါ်သင်းသင်းအောင်၊ ကိုဂျိမ်းစ်၊ ခေတ်ပုံရိပ် မှ ကိုအောင်ခန့်၊ အမိမြေဂျာနယ်မှ ဦးကျော်မြင့်တို့ … Read more
နှုတ်ဆက်မိုးကြီးတွေလာတော့မယ့် ဒေသများ မုတ်သုန်လေနုတ်ဆက်မိုးတွေရွာမယ် ၂၀၂၁ အောက်တိုဘာလ ၂၂ရက် ၂၃ရက်နေ့တွေမှာ တနင်္သါရီတိုင်း ကရင်ပြည်နယ်ကယားပြည်နယ် နေပြည်တော် ပဲခူးတိုင်း ရန်ကုန်တိုင်းဧရာဝတီတိုင်း မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းတစ်ခုလုံး ချင်းပြည်နယ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တစ်ခုလုံးမှာ အနောက်တောင်မုတ်သုန်လေ နုတ်ဆက်မိုးတွေရွာမှာဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မိုးကြီးရေလျှံနိုင်ပါတယ် ၂၈ရက်နေ့မှာ တနိုင်ငံလုံးက မုတ်သုန်လေဆုတ်ခွာသွားမှာထဖစ်ပါတယ် ၂၈ရက်နေ့မတိုင်မှိ မြန်မာနိုင်ငံမှာ မိုးတွေရွာပါဦးမယ် ရက်စွဲလေးတွေကို သေချာဖတ်ပါ မိမိဒေသပါမပါကြည့်ပါ ရိတ်သိမ်းအခြောက်လှမ်းနေသူတွေ ပျက်စီးမှုမရှိပါစေနှင့် ဆားလုပ်ငန်းသမားတွေ အောက်တိုဘာလ ၂၈ရက်နေ့နောက်ပိုင်းမှသာလျှင် လုပ်ငန်းစတင်သင့်ပါတယ် ဖတ်ပြီးမှတ်ပြီးရင် share ထားကြပါ Su Su San –𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭 unicode နှုတ်ဆက်မိုးကြီးတွေလာတော့မယ့် ဒေသများ မုတ်သုန်လေနုတ်ဆက်မိုးတွေရွာမယ် ၂၀၂၁ အောက်တိုဘာလ ၂၂ရက် ၂၃ရက်နေ့တွေမှာ တနင်္သါရီတိုင်း ကရင်ပြည်နယ်ကယားပြည်နယ် … Read more
(၇)ရက်သားသမီးများအတွက် ၁၉.၁၀.၂၀၂၁ မှ ၂၅.၁၀.၂၀၂၁ထိ တစ်ပါတ်စာဟောစာတမ်း
တနင်္ဂနွေသားသမီး အကြီးအကဲ ဆရာသမားတို့၏ ကူညီမစတာ ခံရပါ လိမ့်မည် အလုပ်သစ် အကိုင်သစ်များ လုပ်ကိုင်ရပါမည် ရပ်ဝေးခရီးနိုင်ငံရပ်ခြား ကိစ္စ စီစဉ်ထားသူများ အဆင်ပြေချောမွေ့ပါ လိမ့်မည် ကျန်းမာရေးတွင်ဆေးကောင်းဝါးကောင်းတွေ့မည် ငယ်ရွယ်သူများ အချစ်သစ်တွေ့ပါ လိမ့်မည် ထီ၅၆ပါသော ထီထိုးပါ ယတြာ လိပ်စာ မကြာခဏကျွေးပါ တနင်္လာသားသမီး ရပ်ဝေးမှဆွေမျိုး များရောက်ရှိလာ တတ်ပါသည် ရစရာရှိသော အမွေအနှစ်များ ရရှိမည့် ကာလပါ အလုပ်တွင် လုပ်ဖော်ကိုင်ဖက် များနှင့် အဆင်မပြေဖြစ်နေ တတ်ပါသည် ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုယ်ထိန်းပါ သည်းခံခြင်းဖြင့် အရာရာအောင်မြင် ပါလိမ့်မည် ကျန်းမာရေးတွင် ဆီးကျင်ဆီးအောင့်ဝေဒနာခံစားရ ပါမည် ငယ်ရွယ်သူများ အချစ်ရေးတွင် ငယ်ချစ်ဟောင်းနှင့်ပြန်လည် ဆုံတွေ့ရပါ လိမ့်မည် ထီ၃၅ပါသောထီထိုးပါ ယတြာ နေအိမ်ရှိထီး အဟောင်းဖိနပ် အဟောင်းတွေကို … Read more
ညီဖြစ်သူ ပစ်သတ်ခံရလို့ စစ်အာဏာကိုအမြစ်ဖြတ်တော့မယ့် စနိုက်ပါကိုထိုက်
ညီဖြစ်သူကို စစ်တပ်က ပစ်သတ်၍ ခမရ ၅၄၅ မှတပ်သား ကိုထိုက် MNDAA တပ်ဖွဲ့ထံသို့ ပူးပေါင်း၊ MNDAA က သူ့ကို ယုံကြည်ပါက စစ်ကောင်စီတပ်ကို ပြန်တိုက်ရာတွင် ပူး​ပေါင်းမည်ဟု ဆို ရန်ကုန်၊ အောက်တိုဘာ ၁၉ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၄၅ တပ်ရင်းမှူးအောင်ကိုမြင့်၏ လုံခြုံရေး စနိုက်ပါတပ်သား ကိုထိုက်သည် ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်တွင် ကိုးကန့် MNDAA တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ပြီး MNDAA တပ်ဖွဲ့က ၎င်းအား ယုံကြည်ပါက စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang တွင် ဖော်ပြသည်။ အဆိုပါ တပ်သား ကိုထိုက်သည် ၂၀၁၃ တွင် … Read more
စစ်ကောင်စီတပ်သား (၂၀) ကျော် ငရဲပို့ခံရသည့် (ရုပ်သံ)
ဟားခါး-ဖလမ်းလမ်းပိုင်းတွင် ချင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ၇ ရက်အတွင်း စစ်ကောင်စီတပ်မှ ၂၀ ကျော် သေဆုံးပြီး စစ်ကား ၁၆ စီး ပျက်စီး ရန်ကုန်၊ အောက်တိုဘာ ၁၉ ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ချင်းအမျိုးသားတပ်ဦး CNF၊ CDF၊ CNDF နှင့် PDF တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၁၃ ရက်မှ ယနေ့ ၁၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရကာ စစ်ကား ၁၆ စီး ပျက်စီးခဲ့ကြောင်း ချင်းတပ်ဖွဲ့များထံမှ သတင်းရရှိသည်။ အကြမ်းဖက်စစ်ကောင်စီသည် ချင်းအမျိုးသားတပ်ဦး ဌာနချုပ်အား တိုက်ခိုက်ရန် ကလေးမြို့မှတဆင့် ဖလမ်း-ဟားခါး လမ်းအတိုင်း … Read more
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေနွေးဖြင့် လောင်းခဲ့သည့် အမျိုးသမီး(၅)ဦး
ဆန္ဒပြမှုများကို ဖြိုခွင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေနွေးပူဖြင့် တိုက်ပေါ်မှ လောင်းချခဲ့သည့် အမျိုးသမီး ၅ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသက်နောင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ပြီးခဲ့သည့်မတ်လပိုင်းအတွင်းက စမ်းချောင်းမြို့နယ်အတွင်းမှာ ဆန္ဒပြမှုများအား ဖြိုခွင်း ခဲ့စဉ်က အမျိုးသမီး ၅ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပေါ်မှနေ၍ ရေနွေးပူဖြင့် လောင်းချခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ “စမ်းချောင်းက ရေနွေးသူရဲကောင်းမလေးတွေ ထွက်လာပါပြီ”လို့ ၎င်းတို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးသက်နောင်က ၎င်းရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။ ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပေါ်မှ ရေနွေးပူဖြင့်လောင်းခဲ့သည့် စမ်းချောင်းမှ အမျိုးသမီး ၅ဦးမှာ မအိအိအောင်၊ မခင်နှင်းဦး၊ မယုယုဝင်း၊ မဒေလီအောင်နဲ့ မစန္ဒာမိုးတို့ဖြစ်ကာ ၎င်းတို့သည် အင်းစိန်ထောင်ရဲ့ အမျိုးသမီးအချုပ်ဆောင် ၃မှာ နေထိုင်ခဲ့ကြရတာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၈ရက်နေ့ကစပြီး … Read more
ကောင်းကင်မှာ ဈာန် ဖြင့် ကြွနေတဲ့ ရဟန္တာ(ရုပ်သံ)
လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က သတင်းကြီးခဲ့သော ရုပ်သံ မှတ်တမ်း✨ ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။ “လွန်ခဲ့တဲ့ ၁၀နှစ်ခန့်အချိန်က ကောင်းကင်မှာ ဈာန် ဖြင့် ကြွနေတဲ့ ရဟန္တာ”…ဆိုတဲ့ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။ ဒီရုပ်သံပေါ်ချိန်က(MP4 player တွေ လူသုံးများပြားပြီး၊ Mobile Phone တွေYgnOnly စပေါ်ကာစအချိန်)… ရန်ကုန်တိုင်းအတွင်းထဲရှိ မြို့နယ်တစ်ခုမှာ ဖူးမြင်တွေ့ခဲ့ ကြရပြီး ဂျာနယ်တွေထဲအထိ (ကျနော်ဖတ်ခဲ့ရတာက… “လျှပ်တပြတ်” လို့ထင်မိ) ဖော်ပြပါရှိခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရုပ်သံက အတုလား အစစ်လား…ကျနော် မသိပေမယ့် ထိုအချိန်ကာလက ဒီနေ့ခေတ်လို Editor App တွေ မ များကြသလို မြန်မာပြည်သူတွေဟာလည်းနည်းပညာနဲ့ မရင်းနှီးကြသေးတဲ့ အချိန်ကာလမှာ ရိုက်ကူးထားမိတဲ့ တစ်ခုတည်းသော ရုပ်သံမှတ်တမ်းပဲဖြစ်ပါတယ်။ ဒီမှတ်တမ်းကို … Read more