ယနေ့မနက်က PDF စခန်းများကိုး စီးနင်းပြီးအပြန် မိုင်းထိပြီး ချန်ထားခဲ့သော စစ်ကောင်စီ၏ ကား
“ယနေ့ မနက်က မလဲသာကန်ရင်းဒေသခံစခန်းများကို လာရောက်စီးနင်းပြီး အပြန်တွင် မိုင်းထိပြီး ချန်ထားခဲ့ရသော အကြမ်းဖက်စစ်တပ်၏ ကားတစ်စီး” 22.10.2021(FRI) | 9:00 PM ယနေ့ မနက်ပိုင်းက အရာတော်မြို့နယ် တောင်ပိုင်း မလဲသာ/ကန်ရင်းရွာများအနီးရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းများကို အကြမ်းဖက်စစ်တပ်က အင်အားသုံး၍ ဝင်ရောက်စီးနင်းခဲ့သည်။ ဒေသခံတပ်ဖွဲ့စခန်းနှစ်ခုကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် ရွာခံပြည်သူနေအိမ်များမှ ကားတစ်စီး၊ ဆိုင်ကယ်များ၊ ရွှေထည်ပစ္စည်းတချို့၊ ငွေ(၈)သိန်းကျော်နှင့် ဖုန်းများကိုပါ အဓမ္မလုယက်ယူဆောင်သွားခဲ့သည်။ အဆိုပါ အကြမ်းဖက်မအလတပ်များကို ကန်ရင်းကျေးရွာမှအပြန် မြင်းမူဘက်အထွက်တွင် ညောင်ပင်ရွာနှင့် ကံသုံးဆင့်ရွာအနီး၌ အရာတော်မြို့နယ်‌ တော်လှန်ရေးအင်အားစု(ARA)၏ တောင်ပိုင်းညီနောင်များနှင့် မြင်းမူ B.H.F.M တပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တို့ ကျဆုံးသူများနှင့် ဒဏ်ရာရသူများကို ဆွဲတင်၍ မောင်းပြေးသွားကြကြောင်း သိရသည်။ ပုံပါကားတစ်စီးမှာ လုံးဝပျက်ဆီးသွား၍ မောင်းမရတော့သဖြင့် ပစ်ထားခဲ့ရခြင်းဖြစ်သည်။ … Read more
မျက်ခုံးလှုပ် ၊အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော အသုံးဝင်လာနိုင်လို့ ရှယ်ပြီးသိမ်းထားပါ
မျက်ခုံးလှုပ် ၊အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော အသုံးဝင်လာနိုင်လို့ ရှယ်ပြီးသိမ်းထားပါ မျက်ခုံးလှုပ် ၊အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော (၁) ငယ်ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့၊ ချစ်ခင်သော မိတ်ဆွေများနှင်တွေ့ရအံ့။ (၂) လက်ဝဲဦးခေါင်းလှုပ်မူ သတင်းကောင်းကြားရအံ့၊ အကြံအစည် အထမြောက်အံ့။ (၃) လက်ယာဦးခေါင်းလှုပ်မူ လာဘ်ရအံ့။ (၄) လက်ယာအထက်မျက်ခုံးလှုပ်မူ လာဘ်ရအံ့။ အဆွေခင်ပွန်းကောင်းနှင့် တွေ့ကြုံရအံ့။ (၅) လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။ (၆) လက်ယာအောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့် ခိုက်ရန်ညအမျက်ဒေါသရှိအံ့။ ချစ်သူနှင့် တွေ့ရအံ့။ မယားရအံ့။ (၇) လက်ဝဲအောင်မျက်ရေခံလှုပ်မူ ငိုရအံ့။ဆင်းရဲအံ့။ (၈) လက်ယာနားလှုပ်မူ ချမ်းသာအံ့၊ သုခရအံ။ (၉) လက်ဝဲနားလှုပ်မူ သူတပါးနှင့် ခိုက်ရန်ဒေါသဖြစ်ပွားရအံ့။ ဥစ္စာပစ္စည်းရအံ့။ (၁၀) လက်ယာဘက်နှာခေါင်းလှုပ်မူ ချစ်ခင်သူများပြီး မိတ်ဆွေကောင်းရအံ့ (၁၁) လက်ဝဲဘက်နှာခေါင်းလှုပ်မူ ချမ်းသာသုခကို … Read more
ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း
ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲကမင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့မပျော်ခဲ့ပါဘူး။ မိန်းမကလည်း သူကိုယ်ဝန်ရှိနေတာကိုရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ကျွန်တော်လည်း ဟုတ်လားပျော်စရာကြီးပေါ့၊လို့ပြောလိုက်တယ်ဒီလောက်ပါပဲ အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါ သမီးလေးရတော့မယ်၊ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့အသိ တော့ ရှိလာတာအမှန်ပဲ။ သမီးလေးကိုSSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာမိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊မိန်းမ နေကောင်းဖို့ နဲ့သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလိုဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။ မွေးခန်း ထဲက နပ်(စ်) မကဘေဘီ ချောစုဝင်းရှိလားတဲ့ဒီနပ်(စ်)မ ကငါ မိန်းမ ကို ဘေဘီလို့ခေါ်တာသူဘယ်လိုများသိသွားသလည်းပေါ့ … Read more
ဒီဟာတွေလုပ်မိရင် တစ်လကနေ ၃လအထိ ငွေမဝင်ဘဲ လာဘ်ပိတ်စေတတ်ပါတယ်
ဒီဟာတွေလုပ်မိရင် တစ်လကနေ ၃လအထိ ငွေမဝင်ဘဲ လာဘ်ပိတ်စေတတ်ပါတယ် ၁။အိပ်ယာနောက်ကျမှထခြင်း မပြုလုပ်ပါနဲ့ ၂။မနက်ပိုင်းကို ရန်ဖြစ်တာ စကားများတာတွေမလုပ်ပါနဲ့ ၃။အိပ်ယာထထချင်း မျက်နှာအရင်တန်းသစ်ပါ အစားအရင်စားတာ အိမ်သာတန်းတက်တာ မလုပ်ပါနဲ့ ၄။ဘုရားအရင်ရှိခိုးပြီးမှ အလုပ်ကိုစလုပ်ပါ ၅။ပိုက်ဆံတွေကို ပြန့်နေအောင်ထားတာမျိုး လိပ်ထားတာတို့ ပစ်စလခက်မထားပါနဲ့ ၆။စိတ်ထားကောင်းကောင်းထားပါ သူများကို အတင်းပြောတာ ပုတ်ခပ်တာမျိုးမလုပ်မိပါစေနဲ့ ၇။အနောက်အရပ် မြောက်အရပ်တွေကို ခေါင်းပေးပြီးမအိပ်မိပါစေနဲ့ ၈။ဖိနပ်အဟောင်းတွေ ထီးအပျက်တွေ နာရီအပျက်တွေ အိမ်မှာမထားပါနဲ့ ၉။ပိုက်ဆံပေါ်မှာ ဘောပင်နဲ့ ဟိုခြစ်ဒီခြစ် မရေးပါနဲ့ ၁၀။ခင်ပွန်းကြီး (၁၀)ပါးကိုလုံးဝ မပစ်မှားမိပါစေနဲ့ မစော်ကားမိပါစေနဲ့ ၁၁။တစ်ပတ်ကိုတစ်ရက်တော့ အသားငါးမစားပါနဲ့ သက်သက်လွတ်စားပါ ၁၂။အိပ်ယာထထချင်း ဖုန်းသုံးတာ ဖုန်းပြောတာတွေမလုပ်ပါနဲ့ မျက်နှာအရင်သစ်ပါ ၁၃။မနက်ပိုင်း ဘယ်သူကိုမှငွေမချေးပါနဲ့ ၁၄။မနက်ပိုင်း အရက်သောက်တာ မလုပ်ရပါ ၁၅။ငွေတွေကို ဖိနပ်နဲ့ထိတာ ထမိန်နဲ့ထိတာမျိုးမလုပ်မိပါစေနဲ့ … Read more
မနက်အိပ်ရာကနိုးတော့ အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့ အသက်၂၆နှစ်အရွယ်ကောင်မလေး
မနက်အိပ်ရာကနိုးတော့ အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့ အသက်၂၆နှစ်အရွယ်ကောင်မလေး အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေ အာရုံကြောပျက်သွားတာလို့ဆရာဝန်များဆို😰 မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့ အားလုံးလဲ သိထားရအောင် ပြန်လည်မျှဝေတာ Sleep Deprivation ( အိပ်ရေးမဝခြင်း ) ဒီ post ကိုတော့ညဘက်တော်တော်နဲ့မအိပ်နိုင်တဲ့သူတွေဖတ်သင့်ပါတယ် ။ Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆိုတော့မအိပ်ကြပါဘူး အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာများတယ် ။ အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှစအိပ်ကြတယ် ။ အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။ တချို့ဒီလိုတွေးတယ် ” ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ … Read more
ဝက်လက်မြို့နယ်က ပြည်ခိုင်ဖြိုး ပါတီဝင်၏ ဒလန်မဟုတ်ကြောင်း ရှင်းပြသည့် ရုပ်သံဖိုင်ပျံ့နှံ့
ဝက်လက်မြို့နယ်က ပြည်ခိုင်ဖြိုး ပါတီဝင်၏ ဒလန်မဟုတ်ကြောင်း ရှင်းပြသည့် ရုပ်သံဖိုင်ပျံ့နှံ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူ ပြည်ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီဝင်တစ်ဦးက ၎င်းသည် ဒလန်မဟုတ်ကြောင်း ကျေးရွာအတွင်း လှည့်လည်ရှင်းပြပေးခဲ့သည့် ရုပ်သံဗွီဒီယို(Video Clip) တစ်ခု ယနေ့ အောက်တိုဘာ ၂၂ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံ့ခဲ့သည်။ “ကျွန်တော်တို့ ဝက်လက်မှာက ဒါနဲ့ဆိုရင် ကျွန်တော်မှတ်မိသလောက် သုံးကြိမ်ရှိပြီ။ အရင်တစ်ခါကလည်း ဘူးဘကန်ရွာက ငါးယောက် ဝန်ချတောင်းပန်ရတယ်။ နောက်တစ်ခါက ကြံ့ဖွံ့ တစ်ယောက်နဲ့အခုကြံ့ဖွံ့တစ်ယောက် သူတို့ဒလန်လုပ်ခဲ့သလားဆိုတာကတော့ သူတို့ရွာတွေက အသိဆုံးပါပဲ။ ဒလန်လို့နာမည်ထွက်နေသူတွေပါ” ဟု ဝက်လက်မြို့ဒေသခံတစ်ဦးကပြော သည်။ ဝက်လက်မြို့နယ်၊ ပေါက်ကန်ကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးငြိမ်းဇော်ဦးဆိုသူသည် ၎င်းအနေနှင့် ယခင်က ပြည်ခိုင်ဖြိုးပါတီတွင် လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင် မည်သည့် … Read more
”ပြည်သူ့စစ်သား ဇနီးများ၏ စကားသံ တိုက်ရိုက်ထုတ်လွှင့်မှု ” အစီအစဉ်စတင်နေပါပြီ !!!
”ပြည်သူ့စစ်သား ဇနီးများ၏ စကားသံ တိုက်ရိုက်ထုတ်လွှင့်မှု ” အစီအစဉ်စတင်နေပါပြီ !!! ပြည်သူ့ဘက်ရပ်တည်ခဲ့ကြတဲ့ ပြည်သူ့စစ်သားတွေရဲ့ ဇနီးသည်တွေမှာ တပ်တွင်းက ညီအမတွေကို မျှ‌ဝေစရာတွေ၊ တော်လှန်ရေးညီအမတွေ ကို ပြောပြစရာတွေ အများကြီး ရှိနေပါတယ်။ ဒီ စကားသံတွေကို ဘယ်လိုနည်းနဲ့ တင်ဆက်သွားမလဲ၊ ဘာတွေ ဆွေးနွေးစေချင်ကြသလဲ ဆိုတာ တော်လှန်ရေးညီအမတွေ က ဒီ Live Video မှာ မျှ‌ဝေသွားကြမယ်။ Speakers ပြည်သူ့စစ်သားဇနီးများ အဖွဲ့ဝင်များ Guest Speakers ပြည်သူ့စစ်သား ဇနီးများအဖွဲ့ နှင့် သွေးစည်းညီညွတ်မှု စကားသံများ ၁/ Women Advocacy Coalition (Myanmar) – မဖြူဝင်းသက် ၂/ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နန်း … Read more
ဒီနေ့နေ့လည် ၈ လမ်းထိပ်က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရမှု မျက်မြင်သက်သေပြောပြချက်
ဒီနေ့နေ့လည် ၈ လမ်းထိပ်က ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရမှု မျက်မြင်သက်သေပြောပြချက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းက ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ Urban Asia အဆောက်အဦမှာဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်မှာ ဒီကနေ့အောက်တိုဘာ ၂၂ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဓားပြတိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ အနီးအနားမှာရှိနေသူတွေ ရဲ့ပြောပြချက်အရသိရပါတယ်။ “ စဖြစ်တာက အင်္ကျီအမည်းနဲ့လူနှစ်ယောက်ဝင်လာတယ်။ ကောင်လေးနှစ်ယောက်ပါပဲ။ မျက်နှာတွေတော့မမြင်ရဘူး။ Mask တွေတပ်ထားတယ်။ ဝင်ဝင်ချင်းဘဏ်အပေါက်ဝမှာရှိတဲ့ လုံခြုံရေးတွေကိုထိုးကြိတ်တယ်။ ကျွန်တော်က အစကတော့ ရန်ဖြစ်တယ်ပဲထင်တာ။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ဘေးမှာကပ်ထိုင်နေတဲ့ကောင်လေးတစ်ယောက်က ထလာပြီး သေနတ်တွေထုတ်ပြီး မသေချင်ရင်ဝပ်နေကြဆိုပြီး အကုန်လုံးကိုဝပ်ခိုင်းတာ။ လူတွေအကုန်လုံးကကြောက်လို့ဝပ်နေတာ။ သူတို့ကလည်း “ကိုယ့်ပိုက်ဆံမဟုတ်ဘူး။ မသေချင်ရင်ဝပ်နေ” လို့ပါးစပ်ကပြောတယ်။ ဝန်ထမ်းတွေကိုရော လူတွေကိုရော ဘာမှမလုပ်ဘူး။ ဝန်ထမ်းတွေကိုငွေထားတဲ့နေရာခေါ်သွားတာတွေ့လိုက်တယ်။ ငွေ တွေ သယ်သွားလားမသယ်သွားလားဆိုတာတော့ ဝပ်နေရလို့မတွေ့လိုက်ဘူး” လို့ ဓားပြတိုက်မှုဖြစ်တဲ့အချိန်မှာ … Read more