စစ်ကောင်စီတပ်များ ၀င်စီးလို့ ညတွင်းချင်း ထွက်ပြေးနေရသော ရွာသူ/ရွာသားများ
စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၅ ခုသို့ ဝင်ရောက်စီးနင်းနေသဖြင့် ပြည်သူများ ညတွင်းချင်း ထွက်ပြေးနေရ ရန်ကုန်၊ အောက်တိုဘာ ၂၆/ RNA စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် အင်တော၊ ညောင်ပင်သာ၊ အုန္နဲဘုတ်၊ ဘင်၊ အနောက် တောကျေးရွာများသို့ အကြမ်း ဖက်စစ်ကောင်စီတပ်များက ယနေ့ ညနေပိုင်း၅နာရီဝန်းကျင်ခန့်အချိန် အင်အား၁၅၀ကျော်ဖြင့် ဝင်ရောက်လာသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်များ ၏ ဝင်ရောက်စီးနင်းခံရမှုကြောင့် ကျေးရွာနေပြည်သူ အသက်ကြီးရွယ်အိုများမှစတင်၍ ကလေးငယ်များအထိ မင်းကင်းဒေသခံတပ်ဖွဲ့နှင့်အတူ ထွက်ပြေးနေရကြောင်း၊ မိုးများလည်း သည်းသည်းမည်းမည်းရွာသွန်းလျက်ရှိသဖြင့် ထွက်ပြေးရသည့် ပြည်သူများ အတိဒုက္ခရောက်နေကြကြောင်း သိရှိရသည်။ “ဒီနေ့ညနေ၅နာရီလောက်မှာ အင်အား၁၅၀ကျော်လောက် အင်တော၊ညောင် ပင် သာ၊အုန္နဲဘုတ်၊ဘင်၊အနောက်တောအဲ့ရွာတွေကိုဝင်စီးတယ်၊ သူတို့ဝင်လာတဲ့အချိန် မိုးကလဲတော်တော်ကိုသည်းသည်းမည်းမည်းရွာနေတာ ၊နောက်ပြီး ရွာထဲကဘုန်းကြီးနဲ့ သက်ကြီးရွယ်အို ကလေးတွေကအစ … Read more
ဘုန်းကြီးနှင့် အပျိုကြီး တွေ့ကြလေသောအခါ….
မှတ်မှတ်ရရ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် ဓမ္မာစရိယ (ဘီအေ) တန်းနောက်ဆုံးနှစ်တက်ရောက်နေစဉ်ကဖြစ်၏။ ဘွဲ့ယူစာတမ်းရေးတင်ရန်အတွက် ပရင်တာတလုံးမဖြစ်မနေလို့အပ်နေ၍ အတန်းဖော် သူငယ်ချင်း တပါးနဲ့ ပေါင်းပြီး ပရင်တာတလုံးဝယ်ရန် ကြည့်မြင်တိုင် ညဈေးလမ်းက ကွန်ပျူတာ ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြ၏။ ဆိုင်ထဲ တွင် လူများများစားစားမတွေ့ရပဲ ဈေးဝယ်သူ အချို့နဲ့ ဝန်းထမ်း ဒကာမလေး တယောက် ၊ နောက် ငွေရှင်းကောင်တာတွင်ထိုင်နေသည့် ဆိုင်ရှင်ဟုထင်ရသည့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင် ခန့် မျက်နှာထားခပ်တင်းတင်း ဒကာမတယောက်တို့သာရှိ၏။ ဝန်ထမ်း ဒကာမလေးက တခြားဈေးဝယ်သူတို့ကို ပစ္စည်းပြ နေရ၍ မိမိတို့ထံသို့ မလာနိုင်ပေ။ ထို့ကြောင့် ပိုင်ရှင်ဒကာမကြီးက ထိုင်ရာမှထလာပြီး “ဦးဇင်းလေးတွေ ဘာဝယ်ချင်လို့လဲဘုရား၊ တပည့်တော်က အပျိုးကြီး ဆိုတော့ ဆိုင်မှာ ဝန်ထမ်းသိပ်မထားဘူး” “ပစ္စည်းမှန်၊ဈေးမှန်ဖို့တော့ … Read more
ည ၁၁ နာရီလောက်မှာ ဖုန်းဒိုင်း ဆိုတဲ့ အသံအကျယ်ကြီး ကြားပြီးတဲ့ နောက်
ည ၁၁ နာရီလောက်မှာ ဖုန်းဒိုင်း ဆိုတဲ့ အသံအကျယ်ကြီး ကြားပြီးတဲ့ နောက် ဒီအကြောင်းအရာလေးကတော့ လူမှုကွန်ယက်အကောင့်ပိုင် ရှင်ဖြစ်တဲ့ Naung Naung Kyaw ဆိုတဲ့ အကောင့်ပိုင် ရှင်မှ ကိုယ်တိုင် အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို လူတို င်း သိရှိပြီး သတိထားမိစေဖို့ တင်ပြထားခြင်းဖြစ်ပါတယ်…. အဆိုပါအဖြစ်အပျက်ကို အားလုံးသိစေဖို့ အားလုံးသတိထားကြမိစေဖို့ ရည်ရွယ်ချက်ဖြင့် တစ်ဆင့် ပြန်လည် မျှဝေးပေး လို က်ခြင်းဖြစ်ပါတယ်။ ည ၁၁ နာရီ ၄ မိနစ် ကျွန်တော် တို့ အိပ်ခန်းထဲ က Air Con စဖွင့် ပြီး ၁ မိနစ်လောက် အကြာ မှာ ဖုန်း ဒိုင်း ဆိုတဲ့အသံ … Read more
ပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်တဲ့ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ
ပြည်သူတွေကို ပြန်လည်တောင်းပန်လိုက်တဲ့ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ သရုပ်ဆောင် ခန့်စည်သူ ကတော့ အားလုံးသိကြတဲ့ အတိုင်းပဲ ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့ နောက်ပိုင်းက စပြီး ပြည်သူတွေ နဲ့ တသားထဲ မရှိပဲ လူထုလှုပ်ရှားမှုတွေမှာလဲ မပါဝင်ခဲ့ပါဘူး။ အဲ့ဒိနောက်မှာတော့ စစ်ကောင်စီ လက်အောက်မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရဲ့ ဥက္ကဌ အဖြစ် ခဏတာ တာဝန်ယူခဲ့ပါတယ်။ တာဝန်ယူပြီး မကြာခင်မှာပဲ သူ့ရဲ့ လက်အောက်မှာ အနုပညာ ရှင်တော်တော် များများ ဟာ ရုပ်ရှင်အစည်းအရှုံးက နှုတ်ထွက် လိုက် တာကြောင့် သိပ်မကြာခင်မှာပဲ သူတာဝန် ယူထားတဲ့ ဥက္ကဌ တာဝန်ကနေ နှုတ်ထွက်တာပဲ ဖြစ်ပါ တယ်။ ယခု … Read more
မယုံဘူးဆိုရင် လက်တွေ့စမ်းသပ်ဖို့ အုတ်ခဲတစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်
မယုံဘူးဆိုရင် လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်..။ လုပ်ကြည်ပါ။ လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်..။ ညောင်းငြာကိုက်ခဲသူများအတွက် ဆေးထိုးဆေးစား၊အနှိပ်အနင်းမလိုဘဲ လက်တွေ့သက် သာပျောက်ကင်းစေသောနည်းလေးအား တင်ပြလိုက်ပါသည်။ ကိုယ်လက်ညောင်းညာကိုက်ခဲသူများ၊ဒူးနာခါးနာသူများ အတွက် လွန်စွာအသုံးတည့်ပါသည်။ ကုတင်တစ်လုံးပေါ်တွင် ပက်လက်လှန်အိပ်ပြီး ပုဆိုးတွင်အုတ်နီခဲကျိုး(၁)လုံး(သို့) (၂)လုံးကိုလိပ်ပြီး နဖူးကိုချိတ်ဆွဲပေးခြင်းဖြစ်ပါသည်။ ခါးပတ်ပြားကြီးကြီး၊ကြိုးပြားကြီးကြီးများဖြင့်လည်းဆွဲနိုင် ပါသည်။ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီ ခြေနှစ်ဖက်ကိုစုထားပါ။ မိမိခန္ခာကိုယ်ခံနိုင်ရည်ရှိမည့် အလေးချိန် အတိုင်းအတာ ကိုဆွဲကြည့်ပါ။ ဒူး၊ခါး၊တစ်ကိုယ်လုံး အရိုးအကြောများ တရှိန်းရှိန်း နှင့်ပါလာပါလိမ့်မည်။ (၁၅)မိနစ်၊ နာရီဝက်၊(၄၅)မိနစ်စမ်းကြည့်ပါ သိသိသာသာကြီး အကြောအချဉ်များ ပြေခြင်း ၊ဒူးနာ၊ခါးနာများ သက်သာ ပျောက်ကင်းခြင်းကို အမှန်ခံစားရပါမည်။ အမှတ်မထင် မိတ်ဆွေတစ်ဦးအိမ်တွင် ခါးနာသူ တစ်ဦးအုတ်ခဲဆွဲနေသည်ကို မြင်ရ၍မေးကြည့်ရာ အကြောအချဉ်တွေတက်လွန်းပြီး ခါးနာခြင်း … Read more
လျှပ်စစ်မီးတွေ လိုက်ဖြတ်နေတဲ့ စစ်ကောင်စီ သြဇာခံတွေကို PDF သတိပေး (ရုပ်/သံ)
လျှပ်စစ်မီးတွေ လိုက်ဖြတ်နေတဲ့ စစ်ကောင်စီ သြဇာခံတွေကို PDF သတိပေး (ရုပ်/သံ) ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၁ ရန်ကုန်မြို့ပေါ်မှာ ပြည်သူလူထုတွေ အသုံးပြုနေတဲ့ လျှပ်စစ်မီးတွေကို ဖြတ်တောက်တာ၊ အတင်းအကြပ် မီတာခလိုက်ကောက်ခံနေတဲ့ အာဏာသိမ်း စစ်ကောင်စီသြဇာခံ ဝန်ထမ်းတွေကို အပြစ်ပေးတိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ ရန်ကုန်အခြေစိုက် PDF အဖွဲ့တခုက ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့ပေါ်ရပ်ကွက်တွေမှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်ဝန်ထမ်းတွေ၊ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မီတာခ အတင်းအကြပ် လိုက်ကောက်ခံနေတာ၊ မဆောင်ရင် လျှပ်စစ်လိုင်း ဖြတ်တောက်တာတွေ ဆက်တိုက် လုပ်ဆောင်နေချိန်မှာဘဲ အခုလို သတိပေးထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ PDF အဖွဲ့ကတော့ လျှပ်စစ်ဝန်ထမ်းတွေ၊ ရဲနဲ့ စစ်သားတွေကို တိုက်ခိုက်သွားမှာ ဖြစ်ပေမယ့် လူထုကို မထိခိုက်အောင် ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လျှပ်စစ်မီတာခတွေ … Read more
ရည်စားဖြစ်သူကို ဟော်တယ်ခေါ်တာ မလိုက်လို့တဲ့ဗျာ….(ရုပ်သံ)
CRPH၊ NUG နဲ့ PDF တွေကို သိလားလို့မေးမြန်းမှု အမေစုကိုယ်တိုင် ထွက်ဆိုပြီ
ပုဒ်မ ၅၀၅(ခ) အမှုအတွက် ဒေါ်ဆောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆို စစ်အာဏာသိမ်းမှုစတင်တဲ့ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့အမှုတွေထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အမှုအတွက် ဒီနေ့ အောက်တိုဘာလ ၂၆ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ သူကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပါတယ်။ ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ ပြုလုပ်ခဲ့တဲ့ တရားခွင်မှာ နှစ်ဖက်ရှေ့နေတွေရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ ’’ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီထုတ်ပြန်စာကိစ္စကိုသူမသိဘူးပဲငြင်းဆိုမှာပဲ။ ငြင်းဆိုတယ် လည်းကြားရတာရှိတယ်။ ဘာကြောင့်လဲဆိုရင် စဉ်းစားကြည့်ရင်လည်းရှင်းပါတယ်။ ဖေဖော်ဝါရီ ၁ရက်က ထိန်းသိမ်းခံရတဲ့သူတွေက ၇ ရက် နဲ့ ၁၃ ရက်ကမှာ ထုတ်ပြန်တဲ့စာတွေကိုဘယ်လိုသိနိုင်မလဲ။ အဲဒီတော့သူငြင်းဆိုခဲ့တဲ့သဘောပေါ့ ’’ လို့ တရားရုံးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဒီနေ့ရုံးချိန်းပေါ် သုံးသပ်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက် … Read more
ယနေ့တွင် အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ
အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ ပုဇွန်တောင်တွင် အမျိုးသမီးတဦး ပစ်ခတ်ခံရ ဧရာဝတီ၊ အောက်တိုဘာ၂၆၊၂၀၂၁ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ် ရေကျော်ဈေးအနားတွင် ယနေ့ အောက်တိုဘာလ ၂၆ ရက်‌၊ မနက် ၉ နာရီ ဝန်းကျင်က အမျိုးသမီးတဦး သေနတ် ပစ်ခတ်ခံရကြောင်း သိရသည်။ ပုဇွန်ထောင်မြို့နယ် ဒေသခံ တဦးက ” ဒီမနက်မှာ ပစ်သွားတာ သေနတ်သံ သုံးချက်ကြားလိုက်တယ်။ သူက ဒလန်လို့လဲ ပြောကြတယ်။ YMBA ကို ထမင်းချိုင့် သွားသွားပို့နေတဲ့သူလို့ ပြောတယ်။ သေလား မသေလားတော့ မသိရသေးဘူး။ အခုထိ အဲဒီနားမှာ စစ်ကောင်စီ တပ် သား‌တွေ စစ်နေကြတယ်” ဟု ဧရာဝတီသို့ အတည်ပြု ပြောပြသည်။ … Read more
အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအကြောင်း ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ ဘာပြောလဲ
အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအကြောင်း ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ ဘာပြောလဲ ဒီကနေ့ (အောက်တိုဘာလ ၂၆ ) ရက်တွင် အွန်လိုင်းမှ တဆင့်ပြုလုပ်သည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၌ အစည်းအဝေးတက်သည့် နိုင်ငံ့ခေါင်းဆောင်အချို့သည် မြန်မာ့အရေးနှင့် ပတ်သက်သော ၎င်းတို့၏ သဘောထားများကို ထုတ်ဖော်ဆွေးနွေးကြသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သူ့အနေနှင့် အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ် မကြာခင်တွင် ပေါ်ပေါက်သည်ကို ဖြစ်စေလိုကြောင်း အစည်းအဝေးတွင် ပြောသည်။ အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအကြား ဆွေးနွေး ပြောဆိုမှုကို အားပေးရန် ရည်ရွယ်သည့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းအတွက် အရေးကြီးသော ပထမခြေလှမ်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းသည်ကို ထိုင်းဘက်နိုင်ငံအနေနှင့် … Read more