ယနေ့ KBZ ဘဏ်တွေပေါ်မှာ ဗုံးကြဲခဲ့တဲ့ မန္တလေး

မန္တလေးတွင် ကမ္ဘောဇဘဏ်နှင့် ATM နေရာ အနည်းဆုံး ၈ ခုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွါး မန္တလေးမြို့တွင် ကမ္ဘောဇဘဏ်နှင့်ဆက်စပ်နေရာ အနည်းဆုံး ရှစ်နေရာတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်းသိရသည်။ “ကမ္ဘောဇဘဏ်ရှေ့က ATM စက်တွေနားမှာပေါက်ကွဲမှုတွေဖြစ်နေတာပါ၊ အခုအထိသိရသလောက်တော့ရှစ်နေရာလောက်ရှိနေပြီ၊ ညနေပိုင်းဆိုတော့ အထိအခိုက်မသိနိုင်ဘူး” ဟု မြို့ခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယခုသတင်းပေးပို့ချိန်အထိရရှိသော သတင်းများအရ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဆက်တိုက်ပေါက်ကွဲမှုများဖြစ်ခဲ့ခြင်းဖြစ်သည်။ ချမ်းမြသာစည်မြို့နယ်တွင် မနော်ဟရီလမ်းနှင့် ၆၂ လမ်းထောင့် Fuji Shopping Mall အနီးက ကမ္ဘောဇဘဏ် ATM၊ ၅၇ လမ်းနှင့် မနော်ဟရီလမ်းအနီးရှိ ကမ္ဘောဇဘဏ်ရှေ့မီးစက်၊ ၆၆ လမ်းနှင့် သိပ္ပံလမ်းထောင့် ကမ္ဘောဇဘဏ်၊ ၅၆ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ကမ္ဘောဇဘဏ် Call Center ရှေ့၊ ၆၁ … Read more

ကန့်ဘလူမြို့အနီးတွင် စစ်ကောင်စီယာဉ်တန်းအား မိုင်း(၂)ကြိမ်ဆွဲပီး တိုက်ခိုက်ခဲ့သည့်(ရုပ်သံ)

ကန့်ဘလူမြို့အနီးတွင် စစ်ကောင်စီယာဉ်တန်းအား မိုင်း(၂)ကြိမ်ဆွဲပီး တိုက်ခိုက်ခဲ့သည့်(ရုပ်သံ) ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။ ကန့်ဘလူမြို့အနီးတွင် စစ်ကောင်စီ ယာဉ်တန်း ၂ ကြိမ်ကို စွန်ရဲအဖွဲ့မှ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ) ရန်ကုန်၊ အောက်တိုဘာ ၂၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ ကန့်ဘလူမြို့ဘက်သို့ ထွက်ခွာလာသည့် အကြမ်းဖက်စ်ကောင်စီယာဉ်တန်းကို ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၁၁နာရီတွင် ကန့်ဘလူ စွန်ရဲအဖွဲ့က ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ” စကစ ယာဉ်တန်းကို ကန့်ဘလူမြို့အဝင်တွင် စွန်ရဲအဖွဲ့က ၂ နေရာ မိုင်းဆွဲ တိုက်ခိုက်တယ်။ စကစ သေဆုံးမှု အခြေအနေကိုမသိရသေး”ဟု စွန်ရဲက ထုတ်ပြန်ထားသည်။ source credit unicode ကန့်ဘလူမြို့အနီးတွင် … Read more

လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ LGBT စာရေးဆရာမ စောဟန်နွေဦး

မန္တလေးတွင် ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံခဲ့ရသော LGBT စာရေး ဆရာမ မစောဟန်နွေဦးကို စစ်တပ်က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ စစ်သားများက မစောဟန်နွေဦးကို မျက်နှာ အဝတ်စဖြင့် စည်းပြီး ဓားဖြင့်မွှန်း၊ ရေနွေးပူလောင်း၊ ခြေခုံများကို သေနတ်ဒင်ဖြင့် ထု၊ ဝါယာကြိုးဖြင့် ရိုက်နှက်၊ မဖွယ်မရာ ပြုလုပ် ညှဉ်းပန်းနှိပ်စက် ရန်ကုန်၊ အောက်တိုဘာ ၂၇ မန္တလေး ၇၄ ၈လမ်းနှင့် ၉လမ်းကြား ဥပုပ်တော် တိုက်ခန်းတွင် နေထိုင်သော LGBT စာရေး ဆရာမ မစောဟန်နွေဦးကို စက်တင်ဘာလ ၆ ရက်နေ့တွင် ၎င်းနေအိမ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ကာ နန်းတွင်း စစ်ကြောရေးတွင် ဓားဖြင့်မွှန်း ရေနွေးပူလောင်းကာ ခြေခုံများကို သေနတ်ဒင်ဖြင့် … Read more

စစ်ကောင်စီတပ်သား (၁၀)ဦးကျော် ငရဲပို့ပေးခဲ့သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

မုံရွာမှ ထွက်ခွာလာသည့် စစ်ယာဉ်တန်း မြင်းမူနှင့် စစ်ကိုင်းမြို့နယ်များတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား ၂ စီး ပျက်စီး၊ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံးနိုင် (ရုပ်/သံ) ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။ ရန်ကုန်၊ အောက်တိုဘာ ၂၇ မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းအား မြင်းမူမြို့နယ်အတွင်း မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဖွဲ့မှ မိုင်း ၃ ကြိမ် ဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၃ စီး ပျက်စီးကာ စစ်ကောင်စီတပ်သား ၁၅ ဦး ခန့် သေဆုံးကြောင့် မြင်းမူ Black Eagle Defence Force ထံမှ သိရသည်။ မြင်းမူမြို့နယ် … Read more


တစ်ကယ်အဖြစ်ပျက်လေးပါ ဖာခေါင်းများသို့ပေးစာ ယခုခေတ် လူငယ် ကျား/မ မရွေး ပြီးဆုံးအောင်ဖတ်ပေးကြ​စေလိုပါတယ်​​နော်​. a´ ” ဟျောင့် ငါ့စော်ဆီကအဖြေရပြီကွ “#b´ ” ဟုတ်လား ” Congrats သားကြီးတစ်ဝိုင်းတော့လုပ်လိုက်တော့ လအနည်းငယ်အကြာ…… b ဟျောင့် မင်းစော်နဲ့ ဘယ်အခြေအနေရောက်နေပြီလဲ ” ပြောစမ်းပါဦး ” a ဒီလိုပါပဲကွာ ” အဆင်ပြေပါတယ် ” b ငါမေးတာက ဟိုဟာဒီဟာလုပ်ပြီးပြီလား a ” ဟာ ” မဖြစ်ရသေးပါဘူးကွာဒီတိုင်း ရိုးရိုးသားသားပဲချစ်ကြတာပါကွ b မင်းကလဲ ညံ့လိုက်တာကွာ,,,ဒီခေတ်က ကိုယ်မစားရင် ” သူများစားတဲ့ခေတ်ကွ ” a ” ဟင် ” ဟျောင့် ဘာဆိုင်လို့လဲကွ… b ” အေးမှတ်ထား … Read more

ဗုံးပေါက်တာလန့်ပီး ကြောက်ချီးပန်းနေကြသည့် ရဲတွေရဲ့ ဗွီဒီယိုဖိုင် လိုင်းပေါ်တွင် ကြည့်ရှုသူများနေ(ရုပ်သံ)

ဗုံးပေါက်တာလန့်ပီး ကြောက်ချီးပန်းနေကြသည့် ရဲတွေရဲ့ ဗွီဒီယိုဖိုင် လိုင်းပေါ်တွင် ကြည့်ရှုသူများနေ(ရုပ်သံ) မန္တလေးတိုင်း၊ ကညနရုံးဗုံးကွဲချိန် ရဲများ ကြောက်လန့်ပြီး အပြင်မထွက်ဘဲ သေနတ်များချိန်နေခဲ့ကြ(ရုပ်/သံ) ရန်ကုန်၊ အောက်တိုဘာ ၂၇ မန္တလေးတိုင်း၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးတွင် ယနေ့ နံနက် ၁၁ နာရီတွင် ဗုံးပေါက်ကွဲပြီး ဆိုင်ကယ်တချို့မီးလောင်းကျွမ်းသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။ “ဗုံးပေါက်ပြီး ဆိုင်ကယ်မီးလောင်တယ်။ ဆိုင်ကယ်ပေါ်က ပေါက်တာ။ လူထိခိုက်မှုရှိတယ်လို့ကြားတယ်။ အခုတော့ စစ်ခွေးနဲ့ ရဲခွေးတွေ ရောက်နေပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။ မန္တလေးတိုင်း ကညနရုံးသည် ၃ ကြိမ်ထက်မနည်းဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာဖြစ်ပြီး စစ်ကောင်စီအားပေးသည့် အခွန်ဆောင်ခြင်းမပြုရန် ဒေသ ကာကွယ်ရေးတပ်များက သတိပေးချက် ထုတ်ပြန်ထားသော နေရာလည်းဖြစ်သည်။ မန္တလေးကညနရုံးဗုံးကွဲချိန်တွင် ရဲများသည် ကညနရုံးအတွင်း ဝင်ပြေးပြီး ကြောက်လန့်ကာ … Read more


မန္တလေးမြို့ သိပ္ပံလမ်းမကြီးပေါ်မှာ ခုနလေးတင်ဖြစ်သွားတာပါ လူတွေလည်းအများကြီး ပါသွားတယ် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးရှေ့က ဘီးစတန်းမှာ ဒီကနေ့မနက် ၁၁နာရီခန့်က ဗုံးပေါ က် ကွဲ မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်တွေမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ သတင်းရင်းမြစ်တဦးကတော့ “ဆေးရုံကို အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦး ဒဏ်ရာရတယ်၊ ​ေ သ မ ​ေ သ တော့မသိဘူး၊ လူနာတင်ကားနဲ့ ဆေးရုံပို့ထားတယ်”လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရဲနဲ့စစ်သားတွေရောက်နေပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်သူ အတိအကျစာရင်းကိုတော့ VOMအနေနဲ့ ထပ်မံအတည်ပြုဖို့ စုံစမ်းနေဆဲ့ထြစ်ပါတယ်။ credit unicode မန္တလေးမြို့ သိပ္ပံလမ်းမကြီးပေါ်မှာ ခုနလေးတင်ဖြစ်သွားတာပါ လူတွေလည်းအများကြီး ပါသွားတယ် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးရှေ့က ဘီးစတန်းမှာ ဒီကနေ့မနက် … Read more

လိုင်းပေါ်ကချစ်သူကို ယုံစားမိလို့ ဒုက္ခရောက်ပီး အိမ်လဲမပြန်ရဲဖြစ်နေတဲ့ (၂၀)ကောင်မလေး

လိုင်းပေါ်ကချစ်သူကိုယုံပြီး အိမ်ပေါ်ကဆင်းလာခဲ့ရာ ကောင်လေးက တစ်လဘဲပေါင်းပြီး မောင်းထုတ်ခဲ့လို့ လမ်းဘေးတွင်နေထိုင်ခဲ့ရသည့် အသက်၂၀အရွယ်ကောင်မလေး လိုင်းပေါ်ကချစ်သူကိုယုံပြီး အိမ်ပေါ်ကဆင်းလာခဲ့ရာ ကောင်လေးက တစ်လဘဲပေါင်းပြီး မောင်းထုတ်ခဲ့လို့ လမ်းဘေးတွင်နေထိုင်ခဲ့ရသည့် အသက်၂၀ အရွယ်ကောင်မလေး။ တရုတ်နိုင်ငံ Guangdong ပြည်နယ် Foshan ရှိ လမ်းဘေးခုံလေးတစ်ခုပေါ်တွင် ငယ်ရွယ်သေးသော ကောင်မလေးတစ်ယောက်က အိပ်နေတာကိုတွေ့ခဲ့ရပါတယ်။ ထို့ကြောင့် Sohu ဆိုသည့်အမျိုးသမီးကို အခြေအနေကို သွားရောက်မေးမြန်းခဲ့ရာမှ သိရှိခဲ့ရပါတယ်။ ကောင်မလေးဟာ အသက်၂၀ အရွယ်သာရှိသေးပြီး လိုင်းပေါ်တွင် ချစ်ကြိုက်မိခဲ့သော ကောင်လေးကိုယုံကြည်ပြီး သူ၏မိဘနေအိမ်မှထွက်လာခဲ့တာ ဘဝတစ်ခု ထူထောင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း သူ၏ချစ်သူကောင်လေးဟာ တစ်လအထိပေါင်းသင်းနေထိုင်ပြီးသောအခါ စိတ်ကုန်လာခဲ့ပြီး ကောင်မလေးကို မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် ကောင်မလေးဟာ အဝတ်ထုပ်လေးကိုဆွဲပြီး ကောင်လေးထံမှ ထွက်ခွာလာခဲ့ကာ နေအိမ်သို့လည်း မပြန်ရဲတော့သဖြင့် လမ်းဘေးတွင် အိပ်စက်နေထိုင်ခဲ့တာဟုသိရပါတယ်။ … Read more

ခေတ်သစ်မိန်းမပျက် (၃၅) မျိုး…

ခေတ်သစ်မိန်းမပျက် (၃၅)မျိုး ၁ ယောက်ျားမကောင်းကြောင်းကိုFb ပေါ်တွင်ချချရေးသောမိန်းမ ၂ တခြားယောက်ျားတွေကောင်းကြောင်းကိုFb ပေါ်တွင် share သောမိန်းမ ၃ အိပ်လျှင်ယောက်ျားဖက်လှည့်အိပ်ပြီးကျယ်လောင်စွာဟောက်တတ်သောမိန်းမ ၄ ညဘက်သွားတိုက်မအိပ်သောမိန်းမ ၅ယောက်ျားကိုပေါ်သမျှအလှပြင်ပစ္စည်းဝယ်ခိုင်းသောမိန်းမ ၆ညဖက်အချိန်မတော် အရပ်တကာလှည့်လည်သွားလာသောမိန်းမ ၇ တနေကုန် TV ကြည့်သောမိန်းမတနေကုန် ဖုန်းနှင့်မျက်နှာမခွာသောမိန်းမ ၈ တနေ့ပြီးတနေ့ ရောဂါတမျိုးပြီးတမျိုးဖြစ်ပြီးလင်ရှာသမျှ ဆေးကုနေရသောမိန်းမ ၉ တနေ့ ပုံ၅ပုံအထက်တင်သောမိန်းမ ၁၀ ဤပို့စ်ကိုရှဲပါ ထီပေါက်မည်ဤပုံကိုရှဲပါ ငွေဝင်မည် အရည်မရအဖက်မရပုံများကိုနေ့တိုင်းရှဲသောမိန်းမ ၁၁ ယောက်ျားမအိပ်ခင်အိပ်ပြီးယောက်ျားနောက်မှထသောမိန်းမ ၁၂ ယောက်ျားစကားပြောနေလျှင်ကြားဖြတ်ကာ လုလုပြောသောမိန်းမ ၁၃ ယောက်ျား passward များကိုအတင်းတောင်းသောမိန်းမ ၁၄ ဝနေသည်ကိုသိလျက် ဝိတ်မချသောမိန်းမ ၁၅ ပိန်နေသည်ကိုသိလျက် ဝိတ်မတင်သောမိန်းမ ၁၆ ယောက်ျားအား အပေါစားများသာဆင်သောမိန်းမ ၁၇ ယောက္ခမများအားနေ့စဉ်ဆဲရေးကျိန်းမောင်းနေသောမိန်းမ ၁၈ … Read more

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာစစ်တပ်ကို ပြောလိုက်ပြီ

စစ်ကောင်စီက ကျူးလွန်နေသော ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ဖမ်းဆီးထားသူများ လွှတ်ပေးရေး၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က ပူးပေါင်းရန်နှင့်ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် အမေရိကန်သမ္မတ ပြောဆို ရန်ကုန်၊ အောက်တိုဘာ ၂၇ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်နေသော ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ကြောင်း၊ စစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီးလမ်းကြောင်းသို့ ပြန်သွားရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းပြောဆိုလိုက်သည်။ ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ကျင်းပသည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီး ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများကို ကျူးလွန်နေမှုကို အလွန်အမင်းစိုးရိမ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ဖမ်းဆီးထားသူများကို ချက်ချင်း … Read more