
ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာ နောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ
လစာတွေ လအကုန်မှာရောက်မလာတော့ အလှကမ္ဘာက ယူနီဖောင်းလေးဟာ ခဏတာတော့ ဂျူတီပြောင်းရတာပေါ့ ။ တချို့ငွေသော်တာလေးတွေက အိမ်မှာသာပြီး တချို့ဥယျာဉ်မှူးလေးတွေက ခြံထဲဆင်းတယ် ။ မြေဖြူကိုင်တဲ့လက်လေးတချို့က ဈေးရောင်းပြီး ကျောင်းမသွားဖြစ်တဲ့ စလစ်ပါအပါးလေးတချို့ကမီးဖိုချောင်ထဲဝင်ကြတယ် ။ ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာ နောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ ။ လောကဓံကို ကြံ့ကြံ့ခံရင်း ရောဂါဒဏ်ကို ကြံ့ကြံ့ခံရင်း ပိုကြံ့ခိုင်ဖို့ကြိုးစားနေတဲ့ ကာယသင်ခန်းစာထဲက ကြံ့ခိုင်ရေးနည်းပြလေးပါ …
ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာ နောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ Read More